backup og meta

ယောဂကြောင့် ဖြစ်စေနိုင်တဲ့ အန္တရာယ်အခြေအနေများ

ယောဂကျင့်ခြင်းကြောင့် ဒဏ်ရာရရှိမှုတွေဟာ အလျင်အမြန်ကို တိုးတက်လာပါတယ်။ ဒီလို အကြောင်းရင်းတွေကြောင့်ပါ။ ဂိုက်က အတွေ့အကြုံမရှိတာကြောင့်၊ လိုအပ်တဲ့အရည်အသွေးနဲ့ ဗဟုသုတ မရှိတာကြောင့် အထူးသဖြင့် ယောဂဒဏ်ရာတွေအတွက် အန္တရာယ်ကင်းစေဖို့ ဗဟုသုတ မရှိမှုတွေကြောင့်ပါ။

ယောဂကြောင့် ဖြစ်စေနိုင်တဲ့ အန္တရာယ်အခြေအနေများ

စံအနေနဲ့ဆိုရင် ယောဂကိုသင်မယ့်ဆရာတစ်ယောက်ဟာ နာရီ ၂၀၀လောက် သင်ယူရမှာဖြစ်ပြိး စာတွေ့ရော လက်တွေ့စစ်ဆေးမှုတွေကိုပါ အောင်မြင်ရမှာပါ။ ဒါပေမဲ့ လူများလွန်းတဲ့ အတန်းတွေမှာဆိုရင် ဆရာ့မှာလည်း တစ်ယောက်ချင်းစီကို သေချာရှင်းပြသင်ပြပေးနေဖို့ အချိန်ရမှာမဟတ်ုပါဘူး။

ကျောင်းသားတွေအတွက်တော့ သင်ယူလိုစိတ်ပြင်းထန်လွန်းတာတွေ၊ မာတိကာတွေကျော်လွန်ဖို့ကြိုးစားတာတွေ၊ ခက်ခဲတဲ့ အနေအထားတွေကို လုပ်လွန်းတာတွေ၊ စာပေးစာယူနဲ့ သင်ကြားတာတွေ၊ကိုယ့်ဖာသာလေ့လာတာတွေ ကလည်း မှန်ကန်မှာမဟုတ်တဲ့အပြင် ဒဏ်ရာရလွယ်စေပါတယ်။

ကျောနာခြင်း

ယောဂမှာ ဝပ်တွားရတဲ့ ပုံစံတွေအများကြီးရှိတာကြောင့် ကျောရိုးတစ်လျှောက်မှာရှိတဲ့ အရွတ်တွေနဲ့ ကျောရိုးဘေးက ကြွက်သားတွေကို များများဆွဲဆန့်ဖို့လိုပါတယ်။ ပိုပြီး အန္တရာယ်များတာကတော့ သင့်အနေအထားမှားတဲ့အခါ ကျောရိုးချပ်ပြားဒဏ်ရာရရှိနိုင်တာပါပဲ။ (ဥပမာ- ရှေ့ကိုကွေးပြီးလိမ်ရတဲ့ အနေအထား)

ပုခုံးဒဏ်ရာရခြင်း

ပုခုံးဟာ အဆစ်တွေအများကြီးနဲ့ ကြွက်သားကြော၊ အဆစ်စနစ်တွေပါဝင်တဲ့ ရှုပ်ထွေးတဲ့လှုပ်ရှားမှုတွေပြုလုပ်ရတဲ့ ဖွဲ့စည်းမှုနဲ့ နေရာတစ်ခုပါ။ ပုခုံးကြွက်သားတွေက အနေအထားတော်တော်များများကို လှည့်လို့ရတာကြောင့် ဒါဟာ အဆစ်ပြုတ်သွားတာတွေ၊ အခန့်မသင့်တဲ့အခါ အရွတ်ကွာသွားတာတွေဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ကြွက်သားတွေအအများကြီးရှိနေတာကြောင့် ပြင်းပြင်းထန်ထန်လေ့ကျင့်ရင်၊ ပြနမဖြေရင်လည်း ကြွက်သားအုပ်စုတွေထဲမျာ မညီမျှမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အဖြစ်များဆုံးလက္ခဏာတွေကတော့ ပုခုံးနာကျင်ခြင်းဖြစ်ပြီး ကြွက်သားတွေတင်းနေတာပါ။ ဒီလက္ခဏာတွေဟာ အရိုးကိုထိတာမျိုးတွေ ဒါမှမဟုတ် ပုခုံးအဆစ် မလှုပ်ရှားနိုင်တာမျိုးတွေ ဖြစ်စေပါတယ်။

လည်ပင်းဒဏ်ရာရခြင်း

ယောဂအနေအထားတွေအများစုဟာ ကျောရိုးရဲ့အကွေးကို ၊ နောက်ကျောကြွက်သားအုပ်စုကို သန်မာစေဖို့ ၊ ကျောဘက်မှာ Muscle ladder ဖြစ်ဖို့ ပြန်လည်ထိန်းသိမ်းနိုင်ဖို့ အတတ်နိုင်ဆုံး အနောက်ကိုလှန်ချပြီး လေ့ကျင့်ရတာတွေများပါတယ်။ ဒါပေမဲ့ တကယ်လို့များသင့်မှာ လည်ပင်းနာကျင်မှုတစ်ခုခု ဒါမှမဟုတ် လည်ပင်းဒဏ်ရာရထားတာများရှိခဲ့ရင် အချို့သော လှုပ်ရှားမှုတွေ(အထူးသဖြင့် လည်ပင်းခေါက်ရတာတွေ) ဟာ အခြေအနေကို ပိုဆိုးသွားစေပါတယ်။

ခြေချင်းဝတ်ဒဏ်ရာရခြင်း

ခြေချင်းဝတ်အရွတ်တွေဟာ သင့်အနေအထားမမှန်တဲ့အခါမျိုးမှာ ပိုပြီးကွာလွယ်ပါတယ်။ ဥပမာ- ခြေချိတ်ထိုင်ရတဲ့အနေအထားမျိုးတွေ၊ ခြေတစ်ဘက်တည်းနဲ့ မတ်တပ်ရပ်ရတာမျိုးတွေမှာပေါ့။ အရွတ်ကွာခြင်းဟာ ပြေးတဲ့အချိန်မှာ ခြေချင်းဝတ်ရောင်ခြင်း၊ နာခြင်းတွေကို ပိုဖြစ်စေပါတယ်။

အခြားဒဏ်ရာများ

ဒူးကြွက်သားကြောကွာခြင်း၊ ပေါင်ကြွက်သားပြဲခြင်း(hamstring) ၊ ထုံကျဉ်ခြင်း (carpal tunnel syndrome) စတာတွေဖြစ်တတ်ပါတယ်။

ယောဂအနေအထားအချို့ဟာ cardiovascular ရောဂါရှိတဲ့သူတွေ၊ သွေးဖိအားကျတတ်သူတွေ၊ ခေါင်းကိုက်တတ်သူတွေ အတွက် မသင့်လျော်ပါဘူး။ ပိုပြီးပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။

ဒါကြောင့် လမ်းညွှန်မယ့်သူမပါဘဲ၊ ကျွမ်းကျင်သူတွေ၊ ဆရာဝန်တွေရဲ့ အထောက်အပံ့မပါဘဲ ယောဂကျင့်ဖို့ဆိုတာ အန္တရာယ်များပါတယ်။ ယေယာဂဟာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေယူလာပေးရုံတင်မကဘဲ ဆန့်ကျင်ဘက်အနေအထားကိုလည်းရောက်သွားနိုင်ပါတယ။် ခန္ဓါကိုယ်ကို အားနည်းစေပြီး ပင်ပန်းစေတာမျိုးပေါ့။

ယောဂလေ့ကျင့်ခန်းတွေဟာ ကာလကြာရှည် အချိန်မှန်လုပ်ရတာမျိုးတွေပါ။ လူတိုင်းဟာ ကိုယ်နဲ့သင့်လျော်မယ့် အနေအထား၊ လေ့ကျင့်မှုတွေကို ရွေးချယ်တဲ့အခါ ကိုယ့်ရဲ့ ရည်မှန်းချက်၊ အခြေအနေ၊ အသက်အရွယ်၊ လိင်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေပေါ်မူတည်ပြီး ရွေးချယ်သင့်ပါတယ်။

အချိန်တိုအတွင်းမှာ စပြီးမိတ်ဆက်လိုက်တာနဲ့ လူသိများအောင်မြင်သွားတဲ့ အချိန်မှာ ယောဂဟာ လူတွေကို ကာယလေ့ကျင့်မှုနည်းလမ်းတစ်မျိုးကို ပေးစွမ်းပါတယ်။ ယောဂကပေးစွမ်းနိုင်တဲ့ အကူအညီတွေ၊ စိတ်စွမ်းအင်တွေကလည်း မနည်းလှပါဘူး။

ဒါပေမဲ့ အခြေခံအဆင့်မှာတော့ ယောဂဟာ မမျှော်လင့်ထားတဲ့ ရလဒ်တွေ ဒါမှမဟုတ် ပုံမှန်ခန္ဓါကိုယ်ကနေ မှော်ဆန်ဆန်ပြောင်းလဲသွားတာတွေ ဖြစ်လာဦးမှာမဟုတ်သလို ရောဂါတွေအတွက် ကုထုံးတစ်ခုဖြစ်သလို ဒဏ်ရာအသစ်ရရှိဖို့လည်း လမ်းစဖြစ်နေတတ်ပြန်ပါတယ်။

လေ့ကျင့်ခန်းရဲ့ ရည်ရွယ်ချက်ပေါ်မူတည်လို့ ယောဂဟာ ကောင်းကျိုးတွေအများကြီးပေးစွမ်းနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်သလို (နည်းလမ်းမှန်ရင်ပေါ့) ထိခိုက်စေတဲ့ လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်နေပါတယ်။( နည်းလမ်းမှားခဲ့ရင် ) ။ ဒါဟာလည်း အခြားသော အားကစားနည်းတွေအားလုံးမှာ ဖြစ်နေကျပဲ မဟုတ်ပါလား။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Honoring your limitations in your yoga practice, http://yoga.org.nz/blog/2015/honoring-your-limitations-in-your-yoga-practice/ Accessed September 29th, 2016

Do You Know How Not to Get Hurt While Doing Yoga?, http://yoga.org.nz/blog/2015/do-you-know-how-not-to-get-hurt-while-doing-yoga/ Accessed September 29th, 2016

Yoga Injuries, http://yoga.org.nz/blog/2015/yoga-injuries/ Accessed September 29th, 2016

ယခုပုံစံ

04/02/2022

Wathun Myat Chal မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေ့ကျင့်ခန်းပြင်းအား ကို ဘယ်လိုတိုင်းတာမလဲ။

နှလုံးရောဂါ ရှိသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ