အားကစားလုပ်ရာတွင်အန္တရာယ်ကင်းစေမည့်နည်းလမ်းများ
လေ့ကျင့်ခန်းလုပ် တာကြောင့် ခါးမနာစေဖို့
ကျန်းမာဖို့ လေ့ကျင့်ခန်း လုပ်ပါတယ်ဆိုမှ လေ့ကျင့်ခန်းလုပ် ပြီး ထိခိုက်ဒဏ်ရာရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ အထူးသဖြင့်တော့ Gym ဆော့တဲ့ သူတွေက နောက်ရက်ဆို ကိုယ်လက်တွေ ကိုက်ခဲတော့ ဆက်မဆော့နိုင်ဘူးလို့ ညည်းတွားကြပါတယ်။ အဓိကကတော့ ခါးနာလို့ပါပဲ။ ဒီနေ့ Gym ဆော့ပြီး နောက်နေ့ ခါးနာတဲ့အတွက် Gym ကို ဆက်မသွားနိုင်တော့ပါဘူး။ ဒီလိုနဲ့ပဲ လေ့ကျင့်ခန်း လုပ်မယ်ဆိုတဲ့ ပလန်လေး ပျက်သွားပါလေရော။ လေ့ကျင့်ခန်းလုပ်ရင် ဘာကြောင့် ခါးနာတာလဲ။ တကယ်တော့ လေ့ကျင့်ခန်းလုပ် တယ်ဆိုတာက ကြွက်သားတွေ၊ အရိုးအဆစ်တွေ သန်မာစေဖို့ပါ။ ကြွက်သားနာကျင်တဲ့သူတွေကိုတောင် အနာသက်သာဖို့ လေ့ကျင့်ခန်းတွေ လုပ်ခိုင်းလေ့ရှိပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်း လုပ်ပြီး နောက်နေ့မှာ ဘာကြောင့် ခါးတွေ နာကြတာလဲ။ လေ့လာချက်တွေအရတော့ ဒီအချက်တွေကြောင့်ပါတဲ့။ အကြောမလျှော့တာ လေ့ကျင့်ခန်းလုပ် တဲ့ ကိုယ်နေဟန်ထား မမှန်တာ […]































