ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

လေ့ကျင့်ခန်းလုပ်ဖို့၊ ကိုယ့်ကိုယ်ကို ကျန်းမာအောင် နေဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးတွေ ကျန်းမာမယ်၊ ကြွက်သားတွေ သန်မာမယ်၊ စိတ်တွေ လန်းဆန်းလာပါမယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလုပ်တာက တချို့ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ်

ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ခေါင်းကိုက်ဝေဒနာ တစ်ရပ်ပါ။ ခေါင်းတစ်ခြမ်းကိုက်တာက တစ်ခါတလေမှာ တော်တော်လေး ပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းတာဝန်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ခေါင်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ ခေါင်းတစ်ခြမ်းပဲ ပြင်ပြင်းထန်ထိုးကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာ မကြာခဏဖြစ်မယ်။ ပြင်းထန်မယ်ဆိုရင်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက် သဘာဝ နည်းလမ်းလေးတွေ လုပ်ဆောင်တာ ယောဂလေ့ကျင့်တာမျိုးတွေ လုပ်ဆောင်ပေးလို့ရပါတယ်။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ် တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ [embed-health-tool-bmi] ယောဂက ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေနိုင်လား သုတေသီတွေရဲ့ လေ့လာမှုတွေအရတော့ ယောဂ လေ့ကျင့်တာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ယောဂလေ့ကျင့်တာ [embed-health-tool-bmr] စိတ်ဖိစီးမှုကို ပြေလျော့စေတယ် စိုးရိမ်စိတ် လျော့ပါးစေတယ် အခြား စိတ်ကျန်းမာရေးပြဿနာတွေကို ပြေလျော့စေတယ် မကြာခဏ ခေါင်းကိုက်တာကို သက်သာစေတယ် ခေါင်းကိုက်တာကို […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကို ရှာဖွေမည်။

ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

ဝိတ်ကျစေဖို့ တစ်နေ့တာမှာ ခြေလှမ်း ဘယ်လောက် လှမ်းရမလဲ

ဝိတ်ကျစေဖို့ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေဖို့အတွက် လမ်းလျှောက်ဖို့ လိုတယ်။ လမ်းလျှောက်တာက ကျန်းမာစေတယ်ဆိုတာကို သိပြီးဖြစ်တယ်ဆိုပေမယ့်၊ လမ်းလျှောက်ရင် ဝိတ်ကျတယ်ဆိုပေမယ့် လမ်းကို အချိန်အတိုင်းအတာဘယ်လောက် လျှောက်ရမယ်။ ခြေလှမ်း ဘယ်လောက်လှမ်းရမယ်ဆိုတာကိုတော့ သိသူ နည်းဦးမယ် ထင်ပါတယ်။ ဝိတ်ကျဖို့ လမ်းလျှောက်တယ်ဆိုတဲ့ နေရာမှာ အချိန် အတိုင်းအတာ ပမာဏနဲ့ လျှောက်တာနဲ့ ခြေလှမ်း အရေအတွက်နဲ့ လျှောက်တာမှာ ဘယ်ဟာက ပိုကောင်းလဲဆိုတာကိုရော သိပြီးပြီလား။ ဒီအချက်တွေကို မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ လမ်းလျှောက်တာက အလွယ်ကူဆုံး ကျန်းမာရေး လိုက်စားမှုပါပဲ။ တစ်နေ့တာကို လမ်းလျှောက်တာနဲ့ စတင်လိုက်ခြင်းက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ အလွယ်ကူဆုံးသော ကိုယ်လက်လေ့ကျင့်ခန်း တစ်မျိုးပါ။ ခန္ဓာကိုယ်က အဆီပိုတွေနဲ့ ကိုယ်အလေးချိန်တွေကို လျှော့ချပေးနိုင်မယ့် ထိရောက်လွယ်ကူတဲ့ နည်းလမ်းပါ။ လမ်းလျှောက်တာက ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်သလို စိတ်ပိုင်းဆိုင်ရာ […]


အားကစားလုပ်ရာတွင်အန္တရာယ်ကင်းစေမည့်နည်းလမ်းများ

လေ့ကျင့်ခန်းလုပ် တာကြောင့် ခါးမနာစေဖို့

ကျန်းမာဖို့ လေ့ကျင့်ခန်း လုပ်ပါတယ်ဆိုမှ လေ့ကျင့်ခန်းလုပ် ပြီး ထိခိုက်ဒဏ်ရာရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ အထူးသဖြင့်တော့ Gym ဆော့တဲ့ သူတွေက နောက်ရက်ဆို ကိုယ်လက်တွေ ကိုက်ခဲတော့  ဆက်မဆော့နိုင်ဘူးလို့ ညည်းတွားကြပါတယ်။ အဓိကကတော့ ခါးနာလို့ပါပဲ။ ဒီနေ့ Gym ဆော့ပြီး နောက်နေ့ ခါးနာတဲ့အတွက် Gym ကို ဆက်မသွားနိုင်တော့ပါဘူး။ ဒီလိုနဲ့ပဲ လေ့ကျင့်ခန်း လုပ်မယ်ဆိုတဲ့ ပလန်လေး ပျက်သွားပါလေရော။ လေ့ကျင့်ခန်းလုပ်ရင် ဘာကြောင့် ခါးနာတာလဲ။ တကယ်တော့ လေ့ကျင့်ခန်းလုပ် တယ်ဆိုတာက ကြွက်သားတွေ၊ အရိုးအဆစ်တွေ သန်မာစေဖို့ပါ။ ကြွက်သားနာကျင်တဲ့သူတွေကိုတောင် အနာသက်သာဖို့ လေ့ကျင့်ခန်းတွေ လုပ်ခိုင်းလေ့ရှိပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်း လုပ်ပြီး နောက်နေ့မှာ ဘာကြောင့် ခါးတွေ နာကြတာလဲ။ လေ့လာချက်တွေအရတော့ ဒီအချက်တွေကြောင့်ပါတဲ့။ အကြောမလျှော့တာ လေ့ကျင့်ခန်းလုပ် တဲ့ ကိုယ်နေဟန်ထား မမှန်တာ […]


အခြားလေ့ကျင့်ခန်းများ

ဒူးနှံ့ ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

ငယ်ငယ်က ဒူးနှံ့ ရင် အမေက ဖြန်းခနဲ လှမ်းရိုက်တာ ခံရဖူးမှာပါ။ အပျင်းကြီးတယ်။ မျက်စိနှောက်တယ်။ တချို့ကျတော့လည်း အိမ်လာဘ်တိတ်တယ် မလုပ်ရဘူး စသဖြင့်ပေါ့။ ဒီလိုဆိုပေမယ့် ဒူးနှံ့တာက လုံးဝမကောင်းတာတော့လည်း မဟုတ်ပါဘူး။ ဒူးနှံ့တာက ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။ ဘာကြောင့် ဒူးနှံ့ ကြတာလဲ။ ဒူးနှံ့ကြတာ ဘာရယ်လို့ မဟုတ်ပါဘူး။ အများစုကပျင်းလို့ နှံ့ကြတာများပါတယ်။ တချို့ကြတော့လည်း တစ်ခုခုကို စျာန်ဝင်နေလို့ (ဥပမာ ဂိမ်းဆော့နေလို့) မသိလိုက်ဘဲ နှံ့ကြတာလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒူးနှံ့တာက ကျန်းမာရေးပြဿနာဆိုတာထက် အပျင်းပြေ လုပ်ကြတာ များပါတယ်။ ဒူးနှံ့တာကို ယောက်ျားလေးတွေမှာ ပိုတွေ့ရပါတယ်။ မိန်းကလေးတွေက မနှံ့တာတော့ မဟုတ်ပေမယ့် ယဉ်ကျေးမှု အဆုံးအမတွေကြောင့် မနှံ့ဖြစ်တော့ပါဘူး။ ဒူးနှံ့ တာက ကျန်းမာရေးအတွက် တကယ်ကောင်းသလား။ ဒူးနှံ့တာက ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတဲ့ အချက်၂ချက် […]


အခြားလေ့ကျင့်ခန်းများ

လေ့ကျင့်ခန်း မလုပ်ဘဲ ကယ်လိုရီလောင်ကျွမ်း စေဖို့

ကယ်လိုရီလောင်ကျွမ်း တယ်လို့ ပြောလိုက်ရင် ပြေးပြေးလွှားလွှားနဲ့ လေ့ကျင့်ခန်းလုပ်တဲ့သူတွေ၊  Gymမှာ အလေးမတဲ့သူတွေကို ပြေးမြင်မိမှာပါ။ ဒါတွေက တကယ်ကိုကောင်းပြီး တကယ်လည်းကျပါတယ်။ ဒါပေမယ့် ဒီလိုလုပ်မှ ကယ်လိုရီလောင်တာတော့ မဟုတ်ပါဘူး။ လေ့ကျင့်ခန်း မလုပ်နိုင်တဲ့သူတွေကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ နေ့စဉ်ဘဝမှာ ကယ်လိုရီလောင်ကျွမ်းဖို့ ကြိုးစားနိုင်ပါတယ်။ လေ့ကျင့်ခန်း မလုပ်ဘဲ ကယ်လိုရီလောင်ကျွမ်း နိုင်ပါ့မလား။ ကယ်လိုရီလောင်ကျွမ်း တယ်ဆိုတာ ခန္ဓာကိုယ်ကနေ စွမ်းအင်ထုတ်သုံးတာပါ။ လေ့ကျင့်ခန်းတွေကတော့ စွမ်းအင်များများ ထုတ်သုံးနိုင်အောင် တမင်လေ့ကျင့်တဲ့နည်းပါ။ ဝိတ်ကျချင်တဲ့သူ၊ ကြွက်သားတက်အောင် လေ့ကျင့်ချင်တဲ့သူတွေအတွက် အင်မတန်မှ သင့်တော်ပါတယ်။ တတ်နိုင်ရင် ပုံမှန်လေးလေ့ကျင့်သင့်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်တာတို့၊ Gymသွားတာတို့ကျတော့ မရောက်တစ်ရက်၊ ပျက်တစ်ရက် (ဒီလိုနဲ့ ရောက်မှာလည်း မဟုတ်တော့ပါဘူး)ဆိုတော့ ဒီနေရာတွေကိုမှ မသွားရင် ကယ်လိုရီလောင်ဖို့ အခွင့်အရေးမရှိသလို ဖြစ်နေပါတယ်။ တကယ်တော့ နေ့စဉ်သွားလာလှုပ်ရှားမှုတွေမှာလည်း ကယ်လိုရီလောင်ကျွမ်း အောင်  သူ့နည်းသူ့ဟန်နဲ့ လုပ်လို့ရပါတယ်။ […]


ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

Metabolism မြန်အောင် ဘယ်လိုထိန်းညှိကြမလဲ။

စားသလောက် ဝမလာဘူး။ Metabolism မြန်လို့ ထင်တယ်။ အသက်ကြီးလာလို့ Metabolismနှေးလာလို့လား မသိပါဘူး။ စားသမျှ ဝလာတယ်ဆိုတာမျိုးကို ကြားဖူးမှာပါ။ ဒါ့ပြင် အွန်လိုင်းမှာ လေ့လာကြည့်ရင်လည်း Metabolismနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောကြတာကို ကြားဖူးကြမှာပါ။ Metabolismဆိုတာ Metabolism ဆိုတာ ကိုယ်ထဲမှာ ဆဲလ်တွေမှာအချိန်နဲ့ ဖြစ်နေတဲ့ ဓာတုဖြစ်စဉ်တွေကို ဆိုလိုပါတယ်။ Metabolismငြိမ်နေတဲ့ အချိန်ဆိုတာမရှိပါဘူး။ ဘာမှမလုပ်ဘဲ အိပ်နေတဲ့ အချိန်မှာတောင်မှ အသက်ရှူဖို့၊ ဆဲလ်တွေ ပြုပြင်ဖို့၊ အစာခြေဖို့ Metabolismတွေ ဆက်ဖြစ်နေပါတယ်။ ဒီလို ဆက်တိုက် အလုပ်လုပ်နေဖို့ဆိုရင် စွမ်းအင်လိုပါတယ်။ အသက်ရှင်ဖို့ မဖြစ်မနေလုပ်ရတဲ့ ဓာတုဖြစ်စဉ်တွေအတွက် လိုအပ်တဲ့ စွမ်းအင်ကို basal metabolic rate (BMR)လို့ ခေါ်ပါတယ်။ BMRက အသက်အရွယ်၊ စားသောက်နေထိုင်မှုပုံစံပေါ်မူတည်ပြီး တစ်နေ့တာရတဲ့ စွမ်းအင်ရဲ့ ၈၀ ရာခိုင်နှုန်းကို အသုံးပြုပါတယ်။ […]


ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

ကျန်းမာစေမယ့် ကိုယ်လက်လှုပ်ရှားမှု များအကြောင်း

ကိုယ်လက်လှုပ်ရှားမှု တွေက ကျန်းမာရေးကို အထေောက်အကူပြုတယ်ဆိုတာကို ချွင်းချက်မရှိလက်ခံကြပါတယ်။ ပုံမှန် လုပ်ဖြစ်တာ မလုပ်ဖြစ်တာက တစ်ပိုင်းပေါ့။ ကျန်းမာရေးကို အထောက်အကူပြုတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေအများကြီး ရှိပြီး ကိုယ်ဖြစ်ချင်တဲ့ ပုံစံကို လိုက်ပြီး ကျွမ်းကျင်သူတွေနဲ့ လေ့ကျင့်လို့ရပါတယ်။ လေ့ကျင့်ခန်း လုပ်တာအပြင် ကိုယ့်ရဲ့ စားသောက်နေထိုင်မှုကို ဂရုစိုက်မယ်ဆိုရင် အကောင်းဆုံးပါပဲ။ ကျန်းမာစေတဲ့ ကိုယ်လက်လှုပ်ရှားမှု များ သာမန် လမ်းလျှောက်တာကစလို့ အိမ်မှာ ပေါ့ပေါ့ပါးပါး လေကျင့်ခန်း လုပ်တာအလယ် Gymမှာ သွားလေ့ကျင့်တာအဆုံး အားလုံးက ကျန်းမာရေးကို အထောက်အကူပြုတာချည်းပါပဲ။ ကိုယ့် ခန္ဓာကိုယ် လိုအပ်ချက်ကို လိုက်ပြီး လေ့ကျင့်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကိုယ်က ဝိတ်ကျချင်တာလား၊ ကြွက်သားတက်ချင်တာလား၊ အကြောအခြင်တွေ ပြေလျော့ချင်တာလား စသဖြင့် လိုအပ်ချက်အလိုက် ကျွမ်းကျင်သူနဲ့ လေ့ကျင့်နိုင်ပါတယ်။ အများစု လိုက်စားကြတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေကတော့ […]


ကိုယ်လက်လှုပ်ရှားမှုအတွက်တိုက်တွန်းခြင်း

လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ်စေမယ့် နည်းလမ်းကောင်းများ

ကျန်းမာအောင် လေ့ကျင့်ခန်း လုပ်လိုက်မဟဲ့ဆိုပြီး ၅ရက်လောက်နဲ့ လက်လျှော့သွားတဲ့သူတွေ ရှိကြလား။ တကယ်တော့ လေ့ကျင့်ခန်းစလုပ်တဲ့သူတိုင်းက ဒီလိုပါပဲ။ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လုပ်မယ်ဆို အပြင်းအထန်စလုပ်လိုက် ရက်ပိုင်းလောက်လည်းနေရော ဒုံရင်း ပြန်ဖြစ်သွားလိုက်နဲ့ ဒီလိုပဲ ချာလည်လည် နေတတ်ပါတယ်။ လေ့ကျင့်ခန်း လုပ်တယ်ဆိုတာ ကိုယ်ရော စိတ်ပါ ကျန်းမာစေတယ်ဆိုတာ လူတိုင်း သိပါတယ်။ လက်တွေ့မှာတော့ လိုက်လုပ်တဲ့သူ ရှားပါတယ်။ ပုံမှန်လုပ်တဲ့သူဆို ပိုတောင် ရှားပါတယ်။ လေ့ကျင့်ခန်းတော့ လုပ်ချင်တယ်။ ဒါပေမယ့် ပုံမှန် မလုပ်ဖြစ်ဘဲ ကြားထဲမှာ ပြတ်ပြတ်သွားလို့ စိတ်ဓာတ်မကျပါနဲ့။ ဒီတစ်သက်တော့ လေ့ကျင့်ခန်း မလုပ်နိုင်တော့ဘူးလို့လည်း မတွေးပါနဲ့။ ခုပြောမယ့် နည်းလမ်းလေးတွေနဲ့ ဖြည်းဖြည်းချင်း စလိုက်ရအောင်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ်စေမယ့် နည်းလမ်းကောင်းများ All or None lawကို ရှောင်ပါ။ All or None […]


အားကစားလုပ်ရာတွင်အန္တရာယ်ကင်းစေမည့်နည်းလမ်းများ

လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်ဒဏ်ရာ နည်းအောင် ဘယ်လို ဂရုစိုက်ကြမလဲ။

ကျန်းမာချင်လို့ လေ့ကျင့်ခန်း လုပ်တာ ဖြစ်တဲ့အတွက် လေ့ကျင့်ခန်း လုပ်ခါမှ ထိခိုက်သွားရတာမျိုးတာ့ မဖြစ်စေချင်ပါဘူး။ အထူးသဖြင့် လေ့ကျင့်ခန်း စလုပ်ခါစမှာ စနစ်မကျတာရော၊ အလွန်အကျွံ လုပ်မိတာတွေရောကြောင့် ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်တဲ့ နေရာမှာ အန္တရာယ်ကင်းအောင် အောက်ကအချက်တွေကို လိုက်နာစေချင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်ဒဏ်ရာ နည်းစေဖို့ လေ့ကျင့်ခန်း မလုပ်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ သာမန်လူတွေအတွက်ကတော့ မလိုပေမယ့် ရောဂါအခံရှိသူတွေအတွက်ကတော့ လိုပါတယ်။ ဥပမာ ဆီးချိုရှိတဲ့သူဆိုရင် လေ့ကျင့်ခန်း အပြင်းအထန်လုပ်တဲ့အခါ သွေးတွင်းသကြားဓာတ်တွေ ထိုးကျပြီး သတိလစ်သွားတတ်ပါတယ်။ ခွဲစိတ်ထားတဲ့သူတွေဆိုရင်လည်း ဒီလိုပါပဲ။ အခန့်မသင့်ရင် အူကျွံတာ ဖြစ်တတ်တဲ့အတွက် မလုပ်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ လေ့ကျင့်ခန်း လုံးဝမလုပ်ရတာတော့ မဟုတ်ပေမယ့် ဘယ်လို လေ့ကျင့်ခန်းမျိုးတွေကိုတော့ ရှောင်သင့်တယ်။ အချိန်ဘယ်လောက်ပဲ လုပ်သင့်တယ်ဆိုတဲ့ အကြံဉာဏ်မျိုး […]


ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

ကယ်လိုရီ လောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ကယ်လိုရီ လောင်ကျွမ်း စေဖို့ ဆိုတာ လေ့ကျင့်ခန်းလုပ်သူတိုင်းရဲ့ အခြေခံရည်ရွယ်ချက်တစ်ခုပါ။ ဒါပေမဲ့ ဘယ်လေ့ကျင့်ခန်း အမျိုးအစားက ဘယ်လောက် ကယ်လိုရီ လောင်ကျွမ်း စေသလဲ ဆိုတာကိုတော့ လေ့ကျင့်ခန်းလုပ်သူတိုင်း အားကစားလုပ်သူတိုင်း တိတိကျကျ မသိတတ်ကြသလို သိဖို့လိုတယ်လို့လည်း တချို့က မထင်ကြပါဘူး။ တချို့ကျတော့လည်း တစ်နေ့တာမှာ လိုအပ်တဲ့ ကယ်လိုရီ ပမာဏကို တွက်ချက်စားတတ်ပြီး စားတာများသွားရင် ပိုလျှံပြီး အဆီအဖြစ်ပြောင်းလဲမသွားစေဖို့ သေချာစနစ်တကျ အစီအစဉ်တွေချမှတ်နိုင်ကြပါတယ်။ ဒါပေမဲ့ လူတိုင်းကတော့ လိုက်လုပ်ဖို့မလွယ်သေးပါဘူး။ ခုခေတ်မှာ လေ့ကျင့်ခန်း လုပ်တဲ့လူတွေ ပိုများလာပါတယ်။ Gym တွေမှာ ဆော့ကြတဲ့သူတွေလည်း ရှိသလို တချို့တွေကျတော့လည်း နေအိမ်မှာပဲ တနိုင်တပိုင်ဆော့ကြတာမျိုးပေါ့။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တယ်ဆိုတာက ခန္ဓာကိုယ်အတွက် သိပ်ကိုအကျိုးရှိပြီး အလွန်ကောင်းမွန်တဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် ကိုယ်လုပ်နေတဲ့လေ့ကျင့်ခန်းက ကိုယ်နဲ့သင့်လျော်ရဲ့လား ကိုယ်လိုချင်တဲ့အတိုင်းအတာအထိ ထိရောက်မှုရှိရဲ့လား၊ ဘယ်လောက် ကယ်လိုရီပမာဏလောင်ကျွမ်းစေ […]


အခြားလေ့ကျင့်ခန်းများ

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် မှာ ခန္ဓာကိုယ်ရဲ့ ပုံမှန် လုပ်ဆောင်ရမယ့် လုပ်ဆောင်မှုတွေကိုတောင် မလုပ်မိတာမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာ အသက်ရှူဖို့ မေ့နေပြီး အသက်ရှူ မဝတော့မှ အသက်ကို ရှိုက်ပြီး ရှူတာမျိုးပါ။ ဒီလိုကနေ ခေါင်းကိုက်တာ၊ ကြွက်သားတွေ ကိုက်ခဲတာကို ခံစားလာရနိုင်ပါတယ်။ ဒါတွေက စိုးရိမ်မှု လွန်ကဲတာ​ကြောင့် ရလာတဲ့ ထိခိုက်မှုတွေပေါ့။ ဒီစိုးရိမ်မှု လွန်ကဲတာကြောင့် ခံစားလာရမယ့် ထိခိုက်မှုတွေကို သက်သာစေမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။ စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် မှာ သက်သာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ လေ့ကျင့်ခန်းလေးတွေ ရှိပါတယ်။ ဒါကတော့ အသက်ရှူလေ့ကျင့်ခန်း လုပ်တာနဲ့ ကြွက်သားကို ပြေလျော့စေမယ့် လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာပါ။ စိုးရိမ်ပူပန်မှုလွန်ကဲနေချိန်မှာ လုပ်ဆောင်ပေးသင့်တဲ့ အသက်ရှူလေ့ကျင့်ခန်း စိုးရိမ်ပူပန်မှု လွန်ကဲနေချိန်မှာ စိတ်လက်ပေါ့ပါးစေဖို့ လုပ်ဆောင်သင့်တဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း