brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း ဆိုတာ အစားအစာ တစ်ခုခုကို စားပြီး သိပ်မကြာခင်မှာ ကိုယ်ခံအားစနစ်က တုံ့ပြန်တဲ့ တုံ့ပြန်မှု တစ်ရပ်ပါ။ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အစားအစာ နည်းနည်းလေးကို စားမိရင်တောင်မှ အစာမကြေတာ၊ အင်ပြင်တွေ ထတာ၊ လေပြွန်တွေ ရောင်တာလိုမျိုး အစာဓာတ်မတည့်မှု လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်မှု က သိပ်မပြင်းထန်တဲ့ အခြေအနေကနေ အသက်အန္တရာယ်ကို ထိခိုက်စေလောက်တဲ့အထိ ပြင်းထန်တဲ့ အစာဓာတ်မတည့်မှုတွေအထိ ဖြစ်စေနိုင်ပါတယ်။

အစာဓာတ်မတည့်မှုကို ဘယ်လောက်များများ ခံစားရနိုင်လဲ

အစာဓာတ်မတည့်ခြင်း ကို အသက် ၃ နှစ်အောက် ကလေးငယ်တွေရဲ့ ၆ ရာခိုင်နှုန်းလောက်ကနေ ၈ ရာခိုင်နှုန်းလောက်အထိ ခံစားနေရပြီး အရွယ်ရောက်ပြီးသူ ၃ ရာခိုင်နှုန်းလောက်ဟာလည်း အစာဓာတ်မတည့်မှုကို ခံစားနေရပါတယ်။

အစာဓာတ်မတည့်ခြင်း ကို ကုသနိုင်တဲ့ ကုထုံးကတော့ မရှိသေးပါဘူး။ အချို့ကလေးတွေဟာ ငယ်စဉ်မှာ အစာဓာတ်မတည့်မှုကို ခံစားကြရပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ သက်သာသွား တတ်ကြပါတယ်။

အစာဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်တဲ့ အစားအစာများ

အစားအသောက်တိုင်းကတော့ အစာဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီ အစားအစာတွေကတော့ အစာဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေ အတော်လေး များပါတယ်။

အစာဓာတ်မတည့်ခြင်း အမျိုးအစားများ

အစာဓာတ်မတည့်ခြင်းကို လက္ခဏာတွေ အပေါ် မူတည်ပြီး အမျိုးအစား (၃) မျိုး ခွဲခြားနိုင်ပါတယ်။

  • IgE-mediated food allergy – အဖြစ်အများဆုံး အစာဓာတ်မတည့်မှု အမျိုးအစားပါ။ မတည့်တဲ့ အစားကို စားမိပြီး မိနစ်ပိုင်း စက္ကန့်ပိုင်းမှာတင် လက္ခဏာ ပေါ်နိုင်ပါတယ်။ အစားကို စားလိုက်တဲ့အခါ ကိုယ်ခံအားက immunoglobulin E (IgE) လို့ ခေါ်တဲ့ ပဋိပစ္စည်းကို ထုတ်လုပ်တာကြောင့် ဖြစ်တဲ့ အစာဓာတ်မတည့်မှု အမျိုးအစားပါ။ ဒီ အစာဓာတ်မတည့်ခြင်း အမျိုးအစားက အသက်အန္တရာယ်ကို ထိခိုက်စေလောက်တဲ့အထိ ပြင်းထန်တဲ့ အစာဓာတ်မတည့်မှု (anaphylaxis) လို့ခေါ်တဲ့ အစာဓာတ်မတည့်မှု အမျိုးအစား ခံစားရနိုင်ခြေ များပါတယ်။
  • non-IgE-mediated food allergy – ဒီဓာတ်မတည့်မှုကတော့ immunoglobulin E (IgE) ကြောင့် မဟုတ်ဘဲ ကိုယ်ခံအားစနစ်ထဲက အခြား ဆဲလ် အမျိုးအစားကြောင့် ဖြစ်ရတာပါ။ ဒီဒာတ်မတည့်မှု အမျိုးအစားက တစ်ခါတလေမှာ အမည်ဖော်နိုင်ဖို့ ခက်ပါတယ်။ နာရီ အတော်ကြာပြီးမှ လက္ခဏာပေါ်တာမျိုး ဖြစ်နိုင်ပါတယ်။
  • mixed IgE and non-IgE-mediated food allergies –ဒီ အမျိုးအစားကတော့ အပေါ်က ပြောခဲ့တဲ့ အမျိုးအစား (၂) ရပ်စလုံးကို ခံစားရတာပါ။

အစာဓာတ်မတည့်ခြင်း လက္ခဏာများ

အစာဓာတ်မတည့်ခြင်း လက္ခဏာများ

အစာဓာတ်မတည့်မှုက အမျိုးအစားကိုလိုက်ပြီး မိနစ်ပိုင်း စက္ကန့်ပိုင်းမှာတင် လက္ခဏာတွေ ပေါ်တာ ရှိသလို နာရီပိုင်းလောက် ကြာပြီးမှ လက္ခဏာ ပေါ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အတွေ့ရများတဲ့ အစာဓာတ်မတည့်ခြင်း လက္ခဏာတွေက

အသက်အန္တရာယ်ကို ထိခိုက်စေလောက်တဲ့အထိ ပြင်းထန်တဲ့ အစာဓာတ်မတည့်မှု (anaphylaxis)

အသက်အန္တရာယ်ကို ထိခိုက်စေလောက်တဲ့အထိ ပြင်းထန်တဲ့ အစာဓာတ်မတည့်မှု (anaphylaxis) ခံစားရမယ်ဆိုရင်တော့

  • လေပြွန်တွေ ကျဉ်းသွားတာ၊ လေပြွန်တွေ တင်းတာ
  • လည်ချောင်းအတွင်းပိုင်း ပြင်းထန်စွာရောင်ရမ်းပြီး အသက်ရှူရခက်တယ်
  • သွေးပေါင်တွေ ကျတာ
  • နှလုံးခုန်မြန်တာ
  • မူးဝေတာ
  • ခေါင်းထဲကမှာ ပေါ့ပေါ့ကြီးနဲ့ မူးနေတာ
  • သတိလစ်တာစတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

anaphylaxis ကို ခံစားရတဲ့အခါ အလျင်အမြန် ကုသမှု ခံယူဖို့ လိုပါမယ်။ မကုသဘဲ ထားမယ်ဆိုရင် အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။

ဘယ်လို ကုသမလဲ။

အစာဓာတ်မတည့်မှုကို ကုသနိုင်မယ့် အကောင်းဆုံး နည်းလမ်းက ဓာတ်မတည့်မှု ဖြစ်စေတဲ့ အစားအစာတွေကို မစားဘဲ ရှောင်တာက အကောင်းဆုံးပါ။

ဘယ်လို အခြေအနေမှာ ဆရာဝန်နဲ့ ပြသမလဲ။

ဘယ်လို အခြေအနေမှာ ဆရာဝန်နဲ့ ပြသမလဲ။

အစာဓာတ်မတည့်မှုက မပြင်းထန်ရင် သက်သာနိုင်တယ်ဆိုပေမယ့် အခုလို အခြေအနေတွေဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး သွားပြဖို့ အကြံပြုပါရစေ။

  • လေပြွန်တွေ ပိတ်ဆို့ပြီး အသက်ရှူရခက်နေပြီဆိုရင်
  • သွေးပေါင်တွေကျပြီး shock ရနေပြီဆိုရင်
  • နှလုံးခုန်မြန်နေပြီဆိုရင်
  • မူးဝေတယ်
  • ခေါင်းထဲက ရိပ်ခနဲ ရိပ်ခနဲ မူးနေပြီဆိုရင် နီးစပ်ရာဆေးခန်းကို ချက်ချင်း သွားဖို့ လိုပါမယ်။

Takeaways

အစာဓာတ်မတည့်မှုကို ကုသနိုင်မယ့် အကောင်းဆုံး နည်းလမ်းက ဓာတ်မတည့်မှု ဖြစ်စေတဲ့ အစားအစာတွေကို မစားဘဲ ရှောင်တာက အကောင်းဆုံးပါ။ အစာဓာတ်မတည့်မှုက မပြင်းထန်ရင် သက်သာနိုင်တယ်ဆိုပေမယ့် အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပေးဖို့ အကြံပြုပါရစေ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/03/2021 ဖြစ်ပါသည်။