brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Tonsil Stones ဆိုတာ ဘာလဲ.......

သွားတိုက်ရင်းဖြစ်ဖြစ် ချွဲခပ်ထုတ်ရင်း ဖြစ်ဖြစ် အာခေါင်နောက်ဖက်ကနေ ထွက်လာတတ်တဲ့ အဖြူရောင်အခဲလေးတွေကို မြင်ဖူးကြမယ်ထင်ပါတယ်။ ဒီအခဲလေးတွေက သေးသေးလေးတွေ ဆိုပေမယ့် အနံ့အရမ်းဆိုးပါတယ်။ ဒါလေးတွေက ဘာတွေလဲ။ ဘာကြောင့် ဖြစ်ရတာလဲ။ လက္ခဏာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးသွားပါမယ်။

Tonsil Stones ဆိုတာ ဘာလဲ.......

Tonsil Stones ဆိုတာ

Tonsil stones ဆိုတာက အပေါ်မှာ ပြောခဲ့သလို အာခေါင် နောက်ဖက်ကနေ ထွက်လာတဲ့ အဖြူရောင် အခဲလေးတွေပါ။ ဝါကျင့်ကျင့် အရောင်လည်း ဖြစ်နိုင်ပါတယ်။ ခပ်မာမာလေးဖြစ်ပြီး အနံ့ကတော့ တော်တော်လေး ဆိုးပါတယ်။ အကြောင်းကတော့ ဒါတွေက အာသီးလေးမှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေနဲ့ အညစ်အကြေးတွေ စုမိတာမျိုးပါ။

အာသီးက လည်ချောင်းနောက်ဘက်မှာ ရှိတဲ့ ဂလင်းလိုမျိုး အစိတ်အပိုင်းလေးတွေပါ။ လည်ပင်း တစ်ဖက်တစ်ချက်စီမှာ ရှိပါတယ်။ အာသီးတွေကို ပြန်ရည်ကျိတ်တွေ၊ တစ်ရှူးတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒီဆဲလ်တွေက ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကို ကာကွယ်ခုခံမှုတွေ လုပ်ဆောင်ပေးပါတယ်။

ဒါပေမယ့် အာသီးလေးတွေက အမြဲလိုလိုတော့ သူတို့ရဲ့ တာဝန်တွေကို အကောင်းမွန်ဆုံး မလုပ်ဆောင်နိုင်ပါဘူး။ အချို့သူတွေမှာတော့ အာသီးတွေက ကူညီမပေးဘဲ ထိခိုက်စေတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့်လည်း အာသီးတွေကို ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေ ကူးစက်မှုကနေ ကာကွယ်ဖို့အတွက် အာသီးတွေကို ဖယ်ထုတ်ထားတာမျိုးတွေ လုပ်ဆောင်ထားကြပါ။

ဘာကြောင့် Tonsil Stone ဖြစ်ရတာလဲ…….

အာသီးလေးတွေက တွင်းလို အပေါက်လိုလေးတွေဖြစ်ပြီး အဲ့အပေါက်လေးတွေထဲမှာ ဆဲလ်သေတွေ၊ ချွဲတွေအပါအဝင် ဘက်တီးရီးယားတွေနဲ့ အခြားသောအရာတွေက ပြည့်နှက်နေတာပါ။ ဒီလို အစားအစာအကြွင်းအကျန်တွေ၊ အညစ်အကြေးတွေ၊ ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေက အာသီးထဲမှာရှိတဲ့ အပေါက်လေးတွေထဲမှာစုပြီး Tonsil stoneတွေ ဖြစ်လာတာပါ။ခံတွင်းသန့်ရှင်းရေး အားနည်းတာကြောင့်လည်း ဘက်တီးရီးယားတွေ ပေါက်ဖွားလာပြီး Tonsil stonesတွေ ဖြစ်လာနိုင်ပါတယ်။ Tonsil stones တွေက တဖြည်းဖြည်း မာလာတဲ့အခါ ရေရှည်မှာ အာသီးရောင်တာ၊ ခဏခဏ အာသီးရောင်တာတွေကို ခံစားလာရနိုင်ပါတယ်။

Tonsil Stoneရှိနေရင် ဘယ်လို လက္ခဏာတွေ ရှိလဲ……..

Tonsil stonesဆိုတဲ့နေရာမှာ ခပ်သေးသေးဆိုရင် လက္ခဏာရယ်လို့ တိတိကျကျ မသိရပေမယ့် အရမ်းကြီးလာပြီဆိုရင်တော့ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။

Tonsil stonesရဲ့ အမြင်သာဆုံး လက္ခဏာတစ်ခုကတော့ ခံတွင်းနံ့ဆိုးတာပါ။ ခံတွင်းနံ့ အတော်လေးဆိုးတာက tonsil stones ရှိနေတာပါ။ ဒီလို ရှိနေတာနဲ့အတူ အာသီးမှာ ပိုးဝင်နေတာပါ။

Tonsil stoneတွေက မာလာမယ် အရမ်းများလာမယ်ဆိုရင် လည်ချောင်းနာတာကို ခံစားရနိုင်ပါတယ်။ Tonsil stoneတွေ ရှိနေတာက လည်ချောင်းကို သက်သောင့်သက်သာ မဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။

Tonsil stoneတွေက လည်ချောင်းမှာ ကသိကအောင့် ဖြစ်စေတာကြောင့် ချောင်းဆိုးတာမျိုး ခံစားရနိုင်ပါတယ်။

  • အဖြူရောင် အဖတ်လေးတွေ ထွက်မယ်

အဖြူရောင် အခဲလေးတွေ ထွက်တာကလည်း Tonsil stoneတွေ ရှိနေတယ်ဆိုတဲ့ လက္ခဏာ တစ်ရပ်ပါ။

Tonsil stone ရှိနေတဲ့နေရာ၊ အရွယ်အစားတွေကို လိုက်ပြီးဖြစ်ဖြစ် Tonsil stoneတွေက မာနေရင်ဖြစ်ဖြစ် လည်ချောင်းထဲမှာ အစာ မျိုချရခက်တာမျိုး ခံစားရနိုင်ပါတယ်။

Tonsil stoneတွေက ဘယ်နေရာမှာ မဆိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အာရုံကြောလမ်းကြောင်းပေါ်မှာ ဖြစ်မယ်ဆိုရင်တော့ နားနာတာမျိုး ခံစားရနိုင်ပါတယ်။

Tonsil stoneတွေများလာတာက ရောင်ရမ်းတာ၊ ပိုးဝင်တာတွေ ဖြစ်ပြီး အာသီးရောင်တာကို ခံစားရစေနိုင်ပါတယ်။

Dr. Htet Htet Zaw Win
Dr. Htet Htet Zaw Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Aye Thi Mon · 12/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။