brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသံဝင်ပြီး လည်ချောင်းတွေ နာနေတယ် ဘယ်လိုလုပ်ရမလဲ…….

အသံဝင်ပြီး လည်ချောင်းတွေ နာနေတယ် ဘယ်လိုလုပ်ရမလဲ…….

အသံဝင်ပြီး လည်ချောင်းတွေ နာနေတယ် ဘယ်လိုလုပ်ရမလဲ…….

စကားပြောလိုက်တိုင်း အားမရဘူး။ ဒီထက်ကျယ်ကျယ်ပြောပြန်ရင်လည်း လည်ချောင်းတွေကွဲထွက်တော့မလိုဘဲ နာနေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက helloဆရာဝန်ပရိသတ်ကြီးရဲ့ လည်ချောင်းနာတဲ့ပြဿနာကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။

လည်ချောင်းနာပြီး အသံဝင်နေတယ်

လည်ချောင်းနာပြီး အသံဝင်တာက အသံအိုးရောင်နေတာကြောင့်ဖြစ်နိုင်သလို အသက်ရှုလမ်းကြောင်းမှာပိုးဝင်ကူးစက်တာ ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ စကားပြောရတာခက်ခဲသလို အစားစားရတာလည်း ခက်ခဲပါတယ်။ ဒီအခက်အခဲကို သက်သာစေဖို့ဆိုရင်တော့ ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။

ဒါတွေကြောင့် အသံဝင်ပြီး လည်ချောင်းနာနိုင်ပါတယ်

အသံကုန်ဟစ်ထားလို့ဖြစ်ဖြစ် ပိုးဝင်ကူးစက်လို့ဖြစ်ဖြစ် အသံဝင်ပြီးလည်ချောင်းနာတာကို ဖြစ်စေနိုင်ပါတယ်။ ဒါတွေအပြင်

  • ဆေးလိပ်သောက်တာ
  • ဓာတ်မတည့်တဲ့ အရာတစ်ခုခုကိုရှုရှိုက်မိတာ
  • စားချဉ့်ရည်ပြန်ဆန်တက်တာ
  • စတီးရွိုက်ရှုမိတာ
  • အအေးမိ၊ဖျားနာဖြစ်တာတွေကြောင့် အသံဝင်ပြီး လည်ချောင်းနာစေနိုင်ပါတယ်။

ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ………..

အသံဝင်ပြီး လည်ချောင်းနာတဲ့အခါ

  • အသံကပုံမှန်မဟုတ်ဘဲ အက်နေမယ်
  • အသံတိုးနေမယ်
  • လည်ချောင်းနာမယ်
  • လည်ချောင်းထဲမှာ ယားသလိုလို နာသလိုလိုခံစားရမယ်
  • လည်ချောင်းခြောက်မယ်
  • ချောင်းဆိုးမယ်
  • အဖျားငွေ့ငွေ့ရှိမယ်
  • မျိုချရခက်မယ်
  • တစ်ချိန်လုံးလည်ချောင်းရှင်းနေရမယ်
  • နှာစေးမယ်
  • ခေါင်းကိုက်မယ် စတဲ့လက္ခဏာတွေကိုခံစားရနိုင်ပါတယ်။

လည်ချောင်းနာပြီး အသံဝင်တာကို သက်သာစေနိုင်ဖို့

လည်ချောင်းတွေနာပြီး အသံဝင်နေမယ်ဆိုရင်တော့

ဆား

အရိုးစင်းဆုံး အိမ်တွင်းကုထုံးတစ်ရပ်ပါ။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ရောင်ရမ်းတာကို သက်သာစေနိုင်သလို လည်ချောင်းနာတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဆားလက်ဖက်ရည်ဇွန်းတဝက်စာကို ရေနွေးနွေး တစ်ခွက်နဲ့ရောစပ်လို့ ပလုတ်ကျင်းပေးပါ။ တစ်နေ့ကို ၃ ကြိမ်ကနေ ၅ ကြိမ်လောက်အထိလုပ်ပေးပါ။

ပန်းသီးရှာလကာရည်

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို မှိုပိုးတွေကိုလည်း အကောင်းဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ရောဂါပိုးတွေကြောင့် အသံဝင်ပြီး လည်ချောင်းနာတာကို အမြန်ဆုံးသက်သာစေဖို့ အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစကို ရေနွေးနွေးတစ်ခွက်နဲ့ရောပြီး တစ်နေ့ကို နှစ်ကြိမ် ပလုတ်ကျင်းပေးပါ။

ချင်း (ဂျင်း)

ချင်း (ဂျင်း) ကနာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်သလို ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် ကိုယ်ခံအား ကိုကောင်းစေနိုင်ပါတယ်။ လည်ချောင်းနာတနဲ့ အသံဝင်တာကကို အထိရောက်ဆုံးသက်သာစေနိုင်မယ့် မီးဖိုချောင်ဆေးဝါးတစ်မျိုးပါ။ ချင်း (ဂျင်း) ကို ပါးပါးလေးတွေလှီးပြီး ဝါးစားလို့ရသလို ရေနွေးဆူဆူထဲကို ချင်း (ဂျင်း) ထည့်ပြုတ်ပြီး ချင်း (ဂျင်း) ပြုတ်ရည်သောက်ပေးလို့လည်းရပါတယ်။

ပျားရည်

ပျားရည်က သက်ရှိတွေအတွက် သဘာဝကပေးတဲ့ ကျန်းမာရေးလက်ဆောင်တစ်ခုပါ။ ရောင်ရမ်းမှုကို သက်သာစေနိုင်သလို ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်စွမ်းလည်းရှိပါတယ်။ ပျားရည်နှစ်ဆ သံပရာရည်တစ်ဆရောပြီး တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်အထိသောက်ပေးလို့ရပါတယ်။ ရေနွေးထဲမှာထည့်ပြီး သောက်လို့လည်းရပါတယ်။

ကြက်သွန်ဖြူ

ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပြီး ကိုယ်ခံအားကောင်းစေနိုင်ပါတယ်။ အစိမ်းတို့စားလို့ရသလို ဟင်းခါးထဲထည့်ချက်စားလို့လည်းရပါတယ်။ အရည်ညှစ်ပြီး ရေနွေးနဲ့ရောစပ်သောက်သုံးပေးရင်လည်း အသံဝင်တာကို မြန်မြန်သက်သာစေနိုင်မှာပါ။

နနွင်း

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး လည်ချောင်းနာတာကို အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။ နနွင်း လက်ဖက်ရည်ဇွန်းတဝက်စာကို နွားနို့တစ်ခွက်နဲ့ရောစပ်ပြီး တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်လောက်အထိသောက်လို့ ရပါတယ်။

အသံဝင်ပြီး လည်ချောင်းနာလို့ စိတ်မညစ်ပါနဲ့။ အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကိုသုံးပြီး အသံဝင်ပြီး လည်ချောင်းနာ တာကို မောင်းထုတ်ကြရအောင်လား………………

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Aye Thi Mon · 07/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။