brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Vestibular Disorders (နားအတွင်းပိုင်းနှင့် ဦးနှောက်ဆိုင်ရာ ပြဿနာများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Vestibular Disorders (နားအတွင်းပိုင်းနှင့် ဦးနှောက်ဆိုင်ရာ ပြဿနာများ) ကဘာလဲ။

Vestibular System ဆိုတာ နားအတွင်းပိုင်းနဲ့ ဦးနှောက်တွင်ရှိသော အစိတ်အပိုင်းတချို့ဖြစ်ပြီး ကိုယ်ခန္ဓါဟန်ချက်၊ မျက်လုံးရွေ့လျားမှုတွေနဲ့ဆိုင်တဲ့ခံစားမှုတွေကို လက်ခံလုပ်ဆောင်တယ်။ ရောဂါတစ်ခုခု၊ အနာတရဖြစ်မှုတစ်ခုခုကြောင့် ထိုနေရာများထိခိုက်သွားပါက vestibular disorder လို့ခေါ်တဲ့ ရောဂါတစ်မျိုးဖြစ်လာရပါတယ်။ Vestibular disorder ဟာ မျိုးရိုးဗီဇ၊ သို့ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ဖြစ်လာနိုင်သလို၊ ပိုလည်းဆိုးနိုင်ပါတယ်။ ဒါမှမဟုတ် အကြောင်းအရင်းမရှိဘဲလည်း ဖြစ်နိုင်ပါတယ်။

Vestibular Disorders (နားအတွင်းပိုင်းနှင့် ဦးနှောက်ဆိုင်ရာ ပြဿနာများ) က ဘယ်လောက်အဖြစ်များသလဲ

လတ်တလောလေ့လာမှုတွေအရ အသက် ၄၀ နဲ့အထက်လူကြီးတွေရဲ့ ၃၅ ရာခိုင်နှုန်း – ပျမ်းမျှ ၆၉ မီလီယံမျှသောလူထုမှာ vestibular စနစ်ယိုယွင်းမှုတွေရှိနေပါတယ်။

ဒါပေမယ့် ရောဂါဖြစ်စေနိုင်တဲ့အချက်တွေကိုလျှော့ချခြင်းဖြင့် ဖြစ်ပွားမှုကိုထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ်အချက်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။

လက္ခဏာများ

Vestibular Disorders (နားအတွင်းပိုင်းနှင့် ဦးနှောက်ဆိုင်ရာ ပြဿနာများ) ရဲ့လက္ခဏာတွေကဘာတွေလဲ

တကယ်လို့ ရောဂါ၊ အသက်ကြီးခြင်း၊ သို့ အနာတရဖြစ်ခြင်းတွေကြောင့် ထိုစနစ်ထိခိုက်သွားတဲ့အခါမှာ vestibular disorder ဆိုတာဖြစ်လာရပါတယ်။ ထိုအခါခံစားရတတ် လကဏာတွေကတော့-

  • မူးဝေခြင်း
  • ဟန်ချက်မညီခြင်း၊ အကွာအဝေးမမှန်းနိုင်ခြင်း
  • အမြင်အာရုံေဝဝါးခြင်း
  • အကြားအာရုံပြောင်းလဲခြင်း
  • အသိဉာဏ်၊ စိတ်ပိုင်းဆိုင်ရာများပြောင်းလဲခြင်း
  • တခြားလကဏာများ

အမျိုးအစား၊ ပြင်းထန်မှုပေါ်မှာမူတည်ပြီး လက္ခဏာတွေပြောင်းလဲနိုင်သလို၊ ကြောက်စရာကောင်းတာ၊ ဖော်ပြရခက်တာတွေလည်းဖြစ်နိုင်ပါတယ်။ vestibular disorders ခံစားနေရသူတွေဟာ အာရုံစိုက်မှုမရှိ၊ ပျင်းရိသည် သို့ အာရုံစိုက်ခံရအောင်လုပ်သည်ဟု အထင်ခံရတတ်ပါတယ်။ အလုပ်၊ ကျောင်းမှာ ပုံမှန်လှုပ်ရှားဖို့၊ နေ့စဉ်သာမန်လှုပ်ရှားမှုတွေလုပ်ဖို့ ဒါမှမဟုတ် နော်ကဆုံး အိပ်ရာထဲကထွက်ဖို့တောင်ခက်ခဲလာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာရောဂါရှာဖွေခြင်း၊ စောစီးစွာကုသခြင်းတွေဟာ ရောဂါအခြေအနေပိုဆိုးလာမှာကိုတားနိုင်ပြီး နောက်ထပ်တခြားသော အရေးပေါ်အခြေအနေကိုလည်း တားဆီးနိုင်တာကြောင့် တတ်နိုင်သမျှမြန်မြန် ဆရာဝန်ပြဖို့အကြံပေးချင်ပါတယ်။

တကယ်လို့အထက်ပါဖော်ပြထားတဲ့ လက္ခဏာတွေကြုံရတယ်၊ ဒါမှမဟုတ် သိလိုသည်များရှိတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးဖြစ်ဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်တာ သင့်လျော်ပါလိမ့်မယ်။

အကြောင်းရင်းများ

Vestibular Disorders (နားအတွင်းပိုင်းနှင့် ဦးနှောက်ဆိုင်ရာ ပြဿနာများ) ကိုဘာတွေကဖြစ်စေသလဲ

ဟန်ချက်မထိန်းနိုင်ခြင်းရောဂါဟာ နားထဲမှာ ဗိုင်းရပ်စ် သို့ ဘတ်တီးရီးယားရောဂါပိုးဝင်ခြင်း၊ ခေါင်းထိခိုက်မှု၊ သို့ နားအတွင်းပိုင်းနဲ့ ဦးနှောက်ကိုသယ်ပို့ပေးသော သွေးလှည့်ပတ်ခြင်းမှာ ပြဿနာတစ်ခုခုရှိတဲ့အခါ ရတတ်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာလည်း ဟန်ချက်ထိန်းခြင်းနဲ့ပတ်သတ်ပြီး အခက်အခဲတွေရှိလာတတ်တယ်။ ဆေးတချို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Vestibular Disorders (နားအတွင်းပိုင်းနှင့် ဦးနှောက်ဆိုင်ရာ ပြဿနာများ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

  • အသက်အရွယ် – အသက်ကြီးသူတွေမှာ မူးဝေခြင်း၊ ဟန်ချက်ထိန်းရာတွင်အခက်အခဲဖြစ်ခြင်းတွေဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေအများကြီးပိုဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့ဖြစ်နိုင်စေတဲ့ ဆေးတွေလည်းသောက်ရနိုင်တယ်။

မူးဝေဖူးခြင်း – တကယ်လို့အရင်တုန်းက မူးဝေခြင်းရှိခဲ့ဖူးတယ်ဆိုရင်လည်း အနာဂတ်မှာထပ်ကြုံရနိုင်ချေများပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Vestibular Disorders (နားအတွင်းပိုင်းနှင့် ဦးနှောက်ဆိုင်ရာ ပြဿနာများ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါရာဇဝင်မေးခြင်းနဲ့ သာမန်ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေကရတဲ့ အချက်အလက်တွေကိုသုံးပြီး လိုအပ်တဲ့စစ်ဆေးမှုတွေကိုစီစဉ်ကာ ဖြစ်နိုင်ချေရှိတဲ့အကြောင်းအရင်းတွေကိုရှာဖွေပါလိမ့်မယ်။ လုပ်ရနိုင်ချေရှိတဲ့စစ်ဆေးမှုတွေကတော့-

  • ENG – မျက်လုံးတဝိုက်ကအရေပြားပေါ် လျှစ်စစ်တိုင်ငယ်လေးများတင်ကာ စမ်းသပ်သောနည်းဖြစ်တယ်။ မျက်လုံးလှုပ်ရှားမှုကို စောင့်ကြည့်ပြီး စနစ်ယိုယွင်းမှု၊ အာရုံကြောပြဿနာများကို လေ့လာပါတယ်။
  • Rotation Test – မျက်လုံးနဲ့ နားအတွင်းပိုင်း အလုပ်လုပ်မှုကိုစောင့်ကြည့်စစ်ဆေးသောနည်းတစ်နည်းဖြစ်တယ်။
  • OAE – နားတွင်းမှာသေးငယ်သောအသံစက်ထည့်ပြီး ထိုစက်မှထွက်သည့်အသံကို နားတွင်းခရုပတ်ရှိ အမျှင်ဆဲလ်များမည်သို့တုံ့ပြန်ပုံကိုတိုင်းတာသည့် စစ်ဆေးမှုဖြစ်တယ။်

MRI – သံလိုက်ဓါတ်၊ ရေဒီလိုလှိုင်းတို့ကိုသုံးက ခန္ဓါကိုယ်အစိတ်အပိုင်းများကို စစ်ဆေးသောနည်းဖြစ်တယ်။ ဦးနှောက် MRI ဟာ မူးဝေခြင်းကို ဖြစ်စေနိုင်တဲ့ အကျိတ်၊ လေဖြတ်ခြင်းကြောင့်ရသောထိခိုက်မှုနဲ့ တခြားတစ်သျူးမူမမှန်ခြင်းတို့ကိုပြောနိုင်ပါတယ်။

Vestibular Disorders (နားအတွင်းပိုင်းနှင့် ဦးနှောက်ဆိုင်ရာ ပြဿနာများ) ကို ဘယ်လိုကုသပါသလဲ

လက္ခဏာ၊ ရောဂါရာဇဝင်၊ ကျန်းမာရေးအခြေအနေ၊ စမ်းသပ်မှု၊ စစ်ဆေးမှုရလဒ်များပေါ်မူတည်ပြီး ကုသနည်းတွေကတော့-

  • VRT – ဦးနှောက်မှ vestibular စနစ်ကနေလာတဲ့ အချက်အလက်၊ အာရုံခံစားမှုတွေကို သိရှိရယူပြီး အမြင်အာရုံ၊ လှုပ်ရှားမှုအာရုံတို့မှလာသော အချက်အလက်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပေးနိုင်ရန် ခေါင်း၊ ခန္ဓါကိုယ်နဲ့ မျက်လုံးလေ့ကျင့်ခန်းတွေဖြစ်တယ်။
  • အိမ်တွင်းလေ့ကျင့်ခန်းများ – အိမ်တွင်းလေ့ကျင့်ခန်းတွေဟာ ကုသမှုရဲ့အဓိကအပိုင်းဖြစ်တယ်။ သင့်တော်တဲ့ VRT လေ့ကျင့်ခန်းတွေကို သင့်တော်တဲ့နေရာမှာ ခွန်အားဖြည့်ဖို့၊ စိတ်ဖိစီးမှုလျှော့ဖို့အတွက်ပရိုဂရမ်တွေနဲ့အတူ ကျွမ်းကျင်သူမှဦးဆောင်ကာလုပ်ဆောင်ရပါတယ်။
  • စားသောက်မှုပုံစံထိန်းညှိခြင်း – MĂŠnière’s ရောဂါ၊ ရောဂါနဲ့ ပြင်းထန်ခေါင်းကိုက်ခြင်းကြောင့် ခေါင်းမူးသူတွေမှာ စားသောက်မှုပုံစံထိန်းညှိပြောင်းလဲခြင်းက အကူအညီဖြစ်တယ်ဆိုပါတယ်။
  • ဆေးကုသခြင်း – လတ်တလောရောဂါ (၅ ရက်အောက်) နဲ့ နာတာရှည်ရောဂါ (အနည်းဆုံး ၅ ရက်) ဖြစ်ခြင်းပေါ်မှာမူတည်ပါတယ်။
  • ခွဲစိတ်မှု – ဆေးကုသမှုနဲ့မလုံလောက်တဲ့အခါ ခွဲစိတ်ရသည်ထိဖြစ်နိုင်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ အိမ်တွင်းကုသမှု

  • ဦးခေါင်းရိုးတွင်းရှိလေပေါက်များ သို့ နားတွင် ရောဂါပိုးဝင်နေပါကလေယာဉ်ပျံမစီးပါနဲ့။
  • ရွေ့နေသောယာဉ်၊ ကား၊ ဘက်စ်ကားစီးနေစဉ် စာမဖတ်ပါနဲ့၊ ကွန်ပျူတာနဲ့အလုပ်မလုပ်ပါနဲ့။
  • နေရောင်အထိမခံခြင်းကြောင့် vestibular ရောဂါဖြစ်သည်ဆိုပါက အပြင်ထွက်လျှင် နေကာမျက်မှန်၊ ဦးထုတ်ယူဖို့မမေ့ပါနဲ့။
  • ဘယ်သွားသွားမလောပါနဲ့။
  • ကျယ်လောင်သောသီချင်းသံတွေရှောင်ပါ။

သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရအောင် ဆရာဝန်နဲ့တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr.Aye Myat Myat Noe · 28/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။