အိတ်ခ်ျအိုင်ဗီရောဂါပိုးကူးစက်ခံရသူတွေကိုကုသမှုပေးရာမှာ zalcitabine ကို အခြားဆေးဝါးတွေနဲ့တွဲပြီး အဓိကအသုံးပြုပါတယ်။
ဒီဆေးဝါးဟာ nucleoside reverse transcriptase inhibitor အုပ်စုဝင်ဖြစ်ပြီးအိတ်ခ်ျအိုင်ဗီပိုးပေါက်ပွားမှုကိုဟန့်တားပေးပါတယ်။
Zalcitabineကိုသင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုက်နာအသုံးပြုပါ။ ဆေးညွှန်းမှာပါဝင်တဲ့ အချက်အလက်များကိုသေသေချာချာဖတ်ရှုပါ။
ဒီဆေးဝါးကို အစားမစားခင် ၁နာရီ ဒါမှမဟုတ် အစာစားပြီး ၂နာရီကြာမှ သောက်သုံးပါ။
ထိရောက်တဲ့ကုသမှု ရရှိစေဖို့ အခြားအိတ်ခ်ျအိုင်ဗီဆေးဝါးတွေနဲ့ တွဲပြီးသောက်သုံးပါ။
မဂ္ဂနီဆီယမ် သို့မဟုတ် အလူမီနီယမ်ပါဝင်တဲ့ အစာချေအက်ဆစ်ဓါတ်ပြယ်ဆေးတွေနဲ့ တွဲမသောက်ပါနဲ့။
ဆေးသောက်သုံးပြီး ရောဂါဝေဒနာသက်သာလာရင်တောင် ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးသောက်ရက်နဲ့အကြိမ်ရေပြည့်အောင် မပျက်မကွက်သောက်သုံးပါ။
Zalcitabineကိုအခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Zalcitabineကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Zalcitabineဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Zalcitabineကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
အကယ်၍ သင့်မှာအောက်ဖော်ပြပါ အခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင် ဆေးမသောက်သုံးခင်သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။
Zalcitabine ကို ဆရာဝန်မညွှန်ကြားဘဲကိုယ့်သဘောနဲ့ကိုယ် ပမာဏတိုးမသောက်သင့်ပါဘူး။ ဒီလိုတိုးသောက်တာကအကျိုးမရှိတဲ့အပြင် ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်နိုင်တဲ့အန္တရာယ် ပိုများလာမှာဖြစ်ပါတယ်။
ဘယ်လောက်ပဲအချိန်ကာလတိုတောင်းသည်ဖြစ်စေဆေးပုံမှန်သောက်သုံးဖို့ ပျက်ကွက်ခဲ့ရင် ဆေးယဉ်ပါးတဲ့ပြဿနာဖြစ်လာပြီးရောဂါကုသရတာပိုမိုခက်ခဲလာနိုင်တဲ့အတွက် လက်ကျန်ဆေးနည်းနေပြီဆိုတာနဲ့ သင့်ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ဆီမှာဆေးထပ်မံရယူဖို့ လိုအပ်ပါတယ်။
ဆေးသောက်နေစဉ်အတောအတွင်းခြေလက်တွေထုံကျင်လာခဲ့ရင် ဒါမှမဟုတ် နာကျင်လာခဲ့ရင် သင့်ဆရာဝန်ကို အမြန်ဆုံးအသိပေးပါ။ အကယ်၍ သင့်ကလေးငယ်က zalcitabine သောက်သုံးနေရတယ်ဆိုရင်လည်းအဆိုပါလက္ခဏာတွေ ခံစားနေရခြင်းရှိမရှိဂရုတစိုက်စောင့်ကြည့်ပြီးလိုအပ်ရင် သက်ဆိုင်ရာဆရာဝန်ဆီ အမြန်ဆုံးသွားရောက်ပြသပါ။
ဆေးသောက်သုံးပြီး ပြင်းပြင်းထန်ထန် ပျို့အန်မယ်၊ အစာအိမ်အောင့်မယ်ဆိုရင်လည်းသင့်ဆရာဝန်ကို အကြောင်းကြားပါ။
ဒီဆေးဝါးဟာ အိတ်ခ်ျအိုင်ဗီရောဂါပိုး လုံးဝကင်းစင်အောင် ကုသနိုင်တဲ့ဆေးဝါး မဟုတ်တဲ့အတွက် ဆေးသောက်နေရင်းအိတ်ခ်ျအိုင်ဗီနဲ့ဆက်စပ်တဲ့ အခြားရောဂါတွေ ဝင်လာနိုင်သလို အခြားရောဂါပိုးတွေလည်းထပ်ဆင့်ကူးစက်နိုင်ပါတယ်။
ဒါ့အပြင် ဆေးသောက်ရုံနဲ့ လိင်ကတဆင့်ဖြစ်စေ၊ သွေးကတဆင့်ဖြစ်စေလူတစ်ယောက်ကနေတစ်ယောက် အိတ်ခ်ျအိုင်ဗီပိုးမကူးစက်အောင် မကာကွယ်နိုင်တဲ့အတွက် ပိုးရှိသူအားလုံးလိင်ဆက်ဆံတိုင်းအကာအကွယ် (ဥပမာကွန်ဒုံး) မဖြစ်မနေသုံးသင့်ပါတယ်။
နောက်ထပ်သတိပြုရမယ့်အချက်ကဆေးသောက်နေတုန်းမှာ ခန္ဓါကိုယ်ရဲ့ အဆီစုဝေးမှုပုံစံတွေ ပြောင်းလဲတတ်ပါတယ် (ဥပမာဂုတ်ပိုးနဲ့ အစာအိမ်တဝိုက် အဆီစုလာခြင်း၊ ခြေလက်တွေမှာအဆီနည်းလာခြင်း)။ အဆိုပါပြောင်းလဲမှုတွေရဲ့ ရေရှည်အကျိုးသက်ရောက်မှုကိုတိတိကျကျမသိရသေးတဲ့အတွက် zalcitabine ကြောင့်ရလာမယ့် ကောင်းကျိုးဆိုးပြစ်တွေအပြင် ၎င်းရဲ့ဘေးထွက်ဆိုးကျိုးတွေကို ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းအားဖြင့် ဘယ်လိုလျော့ချနိုင်မလဲဆိုတာသင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဆေးသောက်နေစဉ် ကာလတလျှောက် သင့်ကျန်းမာရေးတိုးတက်မှု/ဆုတ်ယုတ်မှုအခြေအနေကိုသိရှိနိုင်အောင် ဓါတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဓါတ်ခွဲစစ်ဆေးမှုပုံမှန်ပြုလုပ်ဖို့ အလွန်အရေးကြီးပါတယ်။
ဒါ့အပြင် ဆေးသောက်နေတုန်းမှာ ထိရောက်တဲ့သန္ဓေတားနည်းလမ်း အသုံးပြုတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် သောက်သုံးလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
Zalcitabine ရဲ့ အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးတွေကတော့
ဆေးသောက်သုံးပြီးအောက်ဖော်ပြပါလက္ခဏာတစ်စုံတစ်ရာဖြစ်လာခဲ့ရင် ဆေးကုသမှုအမြန်ဆုံးခံယူပါ။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
Zalcitabineဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
Zalcitabineနဲ့ သက်ရောက်ဓါတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့
Aminoglycoside အုပ်စုဝင်ဆေးဝါးများ (ဥပမာgentamicin)၊ amphotericin, cimetidine, မဂ္ဂနီဆီယမ် သို့မဟုတ် အလူမီနီယမ် ပါဝင်သည့်အစာချေအက်ဆစ်ဓါတ်ပြယ်ဆေးများ၊ probenecid – ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ချေဒါမှမဟုတ်အဆိပ်အတောက်ဖြစ်နိုင်ချေ ပိုမြင့်လာနိုင်ပါတယ်
Zalcitabineက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
Zalcitabineဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အသေးစိတ်သိရှိလိုပါကသင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။
ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် အသုံးပြုရန်စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။
Zalcitabine ကိုဆေးပြားပုံစံနဲ့ ရရှိနိုင်ပါတယ်။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ
Zalcitabineကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ