Tylenol® cold ကိုအအေးမိတုပ်ကွေးလက္ခဏာများဖြစ်သောအပျော့စားနာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ထွက်ခြင်း၊ ချောင်းဆိုးခြင်း၊ လေအိတ်ခေါင်းတွင် အရည်စုခြင်းနှင့် ဖိအားများခြင်းတို့အားခဏတာသက်သာစေရန်အသုံးပြုပါသည်။ နှာလမ်းကြောင်းရှင်းရန်၊ နှာခေါင်းတွင်လေအိတ်ခေါင်းများမှ အရည်များထွက်ရန်နှင့် ခဏတာအဖျားသက်ရန် အသုံးပြုကြပါသည်။
အညွှန်းတွင်ပါသည့်အတိုင်းသို့မဟုတ် ဆရာဝန် ညွှန်ကြားသည့်အတိုင်းတိတိကျကျလိုက်နာပါ။ ညွှန်ကြားထားသောပမာဏထက် ပိုသောက်ခြင်း၊ လျော့သောက်ခြင်း၊ သတ်မှတ်အချိန်ကာလထက် ပိုသောက်ခြင်းများမပြုလုပ်ရပါ။ ဤဆေးကိုလက္ခဏာများသက်သာသွားသည်အထိရေတိုသာအသုံးပြုရပါမည်။
ဆေးကိုအသက် ၁၂ နှစ်အောက်ကလေးများ၌ မပေးရ။ ကလေးအားအအေးမိချောင်းဆိုးပျောက်ဆေးပေးမည်ဆိုပါက ဆရာဝန်ကိုအရင်မေးပါ။
၇ ရက်ဆက်တိုက်ထက်ပိုပြီးမသုံးရပါ။ ဆေးသောက်ပြီး ၃ ရက်မြောက်နေ့အတိအဖျားမကျလျှင်၊ ၇ ရက် (ကလေးဆိုလျှင် ၅ ရက်) မြောက်ထိတိုင် လက္ခဏာများမသက်သာသေးလျှင်၊ လက္ခဏာများပိုဆိုးလာလျှင်၊ အရေပြားတွင်အကွက်များထလာလျှင်၊ ခေါင်းကိုက်ခြင်း၊ နီရဲရောင်ရမ်းခြင်းများဖြစ်လာလျှင် ဆရာဝန်နှင့်ပြန်ပြပါ။
Tylenol® cold ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Tylenol® cold ကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Tylenol® cold ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။
Tylenol® cold အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။
ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။
ဤဆေးတွင် Acetaminophen ပါဝင်ပါသည်။ ဤဆေးကုန်၏ အများဆုံးပမာဏမှာ ၂၄ နာရီအတွင်း ၁၀ တောင့် (3250 mg) ဖြစ်သည်။
အသည်းကို ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်ပါသည်။
၂ ရက်ထက်ပိုပြီးလည်ချောင်းနာခြင်းမှာ ဆိုးဝါးလာလျှင် သို့မဟုတ် ပျောက်မသွားလျှင်၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အကွက်ထခြင်း၊ ပျို့ခြင်း၊ အန်ခြင်းတို့ပါတွဲလာလျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။
သွေးကျဲဆေး ဝါဖရင်ကိုသောက်နေရလျှင် ဤဆေးမသောက်ခင် ဆရာဝန်ကိုမေးပါ။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Nရှိသည်ဟုသတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။
အောက်ပါတို့ဖြစ်လာလျှင် ဆေးကိုရပ်ပြီး ဆရာဝန်နှင့်ပြပါ။
၎င်းတို့က ပြင်းထန်သောအခြေအနေ၏လက္ခဏာများ ဖြစ်နေနိုင်ပါသည်။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။
Tylenol® cold သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းစသည်တို့ မပြုလုပ်ပါနှင့်။
Tylenol® cold က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
Tylenol® cold သည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။
ဤဆေးနှင့်ဓါတ်ပြုနိုင်သောရောဂါများ
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
၄ နာရီခြားတိုင်းဆေး ၂ တောင့်သောက်ပါ။
ဆေးတစ်လုံးလုံးကိုမျိုချပါ။ ကြိတ်ချေခြင်း၊ ဝါးခြင်း၊ ဖျော်ခြင်းများမပြုလုပ်ရ။ ဆေးကို ၂၄ နာရီအတွင်း ၁၀ ကျော်အောင်မသောက်ရပါ။
အသက် ၁၂ နှစ်နှင့်အထက်ကလေးများ
အသက် ၁၂ နှစ်အောက်ကလေးများ – ဆရာဝန်ကိုမေးပါ။
Tylenol® cold ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
Tylenol® cold ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ