Troleandomycinသည် Macrolide ပဋိဇီဝဆေးအုပ်စုဝင်ဖြစ်သည်။ ဘက်တီးရီးယားများကို တိုက်ခိုက်ပေးပါသည်။
Troleandomycin ကို အမျိုးမျိုးသော ဘက်တီးရီးယားရောဂါများဖြစ်သည့် အာသီးရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ လေအိတ်ခေါင်းရောင်ခြင်းနှင့် နမိုးနီးယားတို့တွင် အသုံးပြုပါသည်။
Troleandomycin ကို ဖော်ပြပါစာရင်းတွင်မပါသော အသုံးများအတွက်လည်းသုံးကောင်းသုံးနိုင်ပါသည်။
Troleandomycin ကို ဆရာဝန်ညွှန်သည့်အတိုင်း အတိအကျသောက်ရမည်။ ညွှန်ကြားချက်များကို နားမလည်ပါက ဆေးဝါးကျွမ်းကျင်၊ သူနာပြု၊ ဆရာဝန် စသူတို့အား ရှင်းပြခိုင်းပါ။
ဆေးသောက်တိုင်း ရေတစ်ဖန်ခွက်အပြည့်နှင့် သောက်ပါ။
နေကောင်းလာသည့်တိုင်ဆေးကို ညွှန်ထားသည့် ရက်အပြည့်သောက်ရန်လိုအပ်ပါသည်။ ပိုးများအကုန်မသေခင် လက္ခဏာများက စသက်သာလာတတ်၏။
Troleandomycin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထား ပျက်ယွင်းမှုများ မဖြစ်စေရန် Troleandomycin ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Troleandomycin ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီ ကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံ ကွဲပြားခြားနားမှုများ ရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းခြင်းကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။
Troleandomycin အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။
ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။
Troleandomycin ကြောင့် သန္ဓေသားတွင် အန္တရာယ်ရှိမရှိမသိရပါ။ သင့်၌ကိုယ်ဝန်ရှိလျှင် သို့မဟုတ် ဆေးသောက်စဉ်ကိုယ်ဝန်ရှိလာလျှင် ဆရာဝန်ကိုပြောပါ။
Troleandomycin သည် နို့ရည်ထဲသို့ ဖြတ်နိုင်မဖြတ်နိုင် မသိရပါ။ ကလေးကိုနို့တိုက်နေပါက ဆရာဝန်ကိုမပြောဘဲ ဆေးမသောက်သင့်ပါ။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များ မရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသော ကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
အောက်ပါလက္ခဏာများသည့် ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများနှင့် ဆက်စပ်နိုင်သောကြောင့် ဆရာဝန်နှင့်ချက်ချင်းပြပါ။
တခြားသော မပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများမှာ ပိုဖြစ်လွယ်ပါသည်။ အောက်ပါတို့ဖြစ်လာပါက ဆေးကိုမရပ်လိုက်ဘဲ ဆရာဝန်နှင့်ဆွေးနွေးပါ။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။
Troleandomycin သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်း စသည်တို့ မပြုလုပ်ပါနှင့်။
ဤဆေးနှင့်ဓါတ်ပြုနိုင်သော ဆေးကုန်များမှာ –
Troleandomycin က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
Troleandomycin သည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်း သို့မဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးရန်အရေးကြီးပါသည်။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
နမိုးနီးယားအတွက် ပုံမှန်ပမာဏ
250 to 500 mg ကို တစ်ရက်လျှင် ၄ ကြိမ်။
Streptococcal Infection အတွက် ပုံမှန်ပမာဏ
250 to 500 mg ကို တစ်ရက်လျှင် ၄ ကြိမ်။
နမိုးနီးယားအတွက် ပုံမှန်ပမာဏ
အသက် ၁ နှစ်အောက်ကလေးများတွင် စိတ်ချရမှုနှင့် အာနိသင်ရှင်မှုအား ထုတ်ပြန်မထားသေးပါ။
အသက် ၁ နှစ်နှင့်အထက် – ၆ နာရီခြားတိုင်း 125 to 250 mg သောက်ရန်။
Streptococcal ပိုးများတွင်သုံးသည့်အခါ ဆေးကုသရက်ကို ၁၀ ရက်အထိ ဆက်ပေးရမည်။
Streptococcal Infection အတွက် ပုံမှန်ပမာဏ
အသက် ၁ နှစ်အောက်ကလေးများတွင် စိတ်ချရမှုနှင့် အာနိသင်ရှင်မှုအား ထုတ်ပြန်မထားသေးပါ။
အသက် ၁ နှစ်နှင့်အထက် – ၆ နာရီခြားတိုင်း 125 to 250 mg သောက်ရန်။
Streptococcal ပိုးများတွင်သုံးသည့်အခါ ဆေးကုသရက်ကို ၁၀ ရက်အထိ ဆက်ပေးရမည်။
Troleandomycin ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
Troleandomycin ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုး မလုပ်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ