Remicade® သည် ခန္ဓါကိုယ်အတွင်းမှ ရောင်ရမ်းမှုကိုဖြစ်စေသော ပစ္စည်းများ၏အာနိသင်ကို လျော့ချပေးပါသည်။
Remicade® ကို သွေးလေးဖက်နာ၊ psoriatic အဆစ်နာ၊ Ulcerative အူမကြီးရောင်ရမ်းနာ၊ Crohn’s disease နှင့် အရိုးကျီးပေါင်းရောဂါတို့တွင် အသုံးပြု၏။
တခြားဆေးများ အာနိသင်မပြတော့မှသာ ဤဆေးကို အသုံးပြုရသည်။
Remicade® ကို အကြောဆေးအနေနှင့်သုံးကြသည်။ ကျန်းမာရေးဝန်ထမ်းမှ ဆေးထိုးပေးပါလိမ့်မည်။ ဆေးထိုးပြီးနောက် ဆေးကြောင့်ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာမလာကို အနီးကပ်စောင့်ကြည့်ပေးပါလိမ့်မည်။
Remicade® ကိုမစခင် ဆရာဝန်က သင့်တွင် တီဘီ နှင့် တခြားပိုးရောဂါများရှိမရှိ စစ်ဆေးပါဦးမည်။ တစ်ချို့သောပိုးရောဂါများက ကမ္ဘာ့နေရာတစ်ချို့တွင် ပိုဖြစ်ပွားနေသည်မျိုးရှိပါသည်။ ထို့ကြောင့် သင်နေသည့်နေရာ၊ မကြာခင်က ခရီးသွားခဲ့သည့်နေရာ၊ ဆေးသုံးစွဲနေရစဉ် ခရီးသွားရမည့်နေရာများကို ဆရာဝန်အားသေချာပြောပြပါ။
Remicade® က ရောဂါပိုးများကိုပြန်တိုက်နိုင်သည့် ကိုယ်ခံအားသွေးဆဲလ်များ၊ သွေးခဲမှုကိုကူညီပေးသည့် သွေးဆဲလ်များကို လျော့ကျစေနိုင်သည်။ ထို့ကြောင့် သွေးထွက်လွယ်ခြင်း၊ ဖျားနေသူများနားသွားရုံနှင့် ပိုးကူးခံရခြင်းများ ဖြစ်လာနိုင်သည်။ သွေးကို မကြာခဏစစ်ရန်လိုသလို တီဘီလည်း မကြာခဏ စစ်ရန်လိုပါလိမ့်မည်။
ခွဲစိတ်ကုသမှုခံယူရမည်ဆိုပါက Remicade® သုံးနေရကြောင်း ကြိုပြောရမည်။
အသည်းရောင် ဘီပိုးရှိဖူးပါက Remicade® ကြောင့် ရောဂါပြန်ထခြင်း၊ ပိုဆိုးသွားခြင်းများ ဖြစ်နိုင်၏။ ကုသမှုခံယူနေစဉ်နှင့် ကုသမှုပြီးနောက် လများစွာကြာသည့်တိုင် အသည်းလုပ်ငန်းစဉ်များကို စစ်ဆေးနေရနိုင်ပါသည်။
Remicade® (infliximab) ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထား ပျက်ယွင်းမှုများ မဖြစ်စေရန် Remicade® (infliximab) ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Remicade® (infliximab) ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီ ကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံ ကွဲပြားခြားနားမှုများ ရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းခြင်းကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။
Remicade® (infliximab) အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။
ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။
တီဘီဖြစ်ခဲ့ဖူးလျှင်၊ အိမ်ထောင်စုအတွင်း တီဘီဖြစ်သူ ရှိဖူးလျှင်၊ ရောဂါပိုးတစ်ခုခုထနေသော နေရာသို့ ခရီးသွားခဲ့လျှင် (ဥပမာ – အိုဟိုင်းအိုးမြစ်ကြား၊ မစ္စစ္စပီမြစ်ကြားနှင့် အနောက်တောင်ပိုင်း) ဆရာဝန်ကို ပြောပါ။
Remicade® ကိုစိတ်ချစွာသုံးနိုင်ရန်အတွက် အောက်ပါတို့ရှိပါက ဆရာဝန်ကိုပြောပါ။
သင့်ကလေးကို Remicade® မစခင် ကာကွယ်ဆေးအားလုံးစုံအောင်ထိုးပြီးပါစေ။
Remicade® သုံးသူများတွင် ရှားပါးသော အကြီးမြန် လင်ဖိုးမား (ကင်ဆာ) အကျိတ်များ ဖြစ်လာတတ်၏။ ထိုအခြေအနေသည် အသည်း၊ သရက်ရွက်နှင့် ရိုးတွင်းချဉ်ဆီကိုထိသွားပြီး သေနိုင်ပါသည်။ အမျိုးသားလူငယ်များနှင့် Crohn’s disease or ulcerative အူမကြီးရောင်ရမ်းနာ အတွက် တခြားဆေးများပါရောသုံးနေရာသူ လူငယ်များတွင် အဓိကဖြစ်ပွားပါသည်။
သို့သော် ကိုယ်ခံအားမှပြန်တိုက်သည့်ရောဂါရှိသူများ (သွေးလေးဖက်နာ၊ Crohn’s disease, အရိုးကျီးပေါင်း၊ psoriasis) တွင် လင်ဖိုးမားဖြစ်နိုင်ချေ အတော်များပါသည်။ တစ်ကိုယ်ရေအတွက် ဖြစ်နိုင်ချေကိုသိရန် ဆရာဝန်နှင့်ဆွေးနွေးပါ။
Remicade® ကိုသုံးခြင်းက တခြားကင်ဆာများ (အရေပြားကင်ဆာ) ကိုပါ ဖြစ်နိုင်ချေမြင့်စေပါသည်။
ကိုယ်ဝန်ရှိလျှင်၊ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် ဆရာဝန်ကိုပြောပါ။ ကိုယ်ဝန်ရှိလျက်နှင့် ဤဆေးကိုသုံးမိပါက ကလေးကိုတာဝန်ယူမည့်ဆရာဝန်များအား သင့် Remicade® သုံးနေကြောင်းသိအောင်ပြောထားပါ။ Remicade® ကို ကလေးကိုယ်ဝန်နှင့်သုံးထားပါက ကလေးအသက် ၆ လအတွင်း ကာကွယ်ဆေးထိုးရန် အချိန်ဇယားများ အပြောင်းအလဲလုပ်ရနိုင်ပါသည်။
ဤဆေးသည် နို့ရည်ထဲသို့ ဖြတ်နိုင်မဖြတ်နိုင် မသိရသေးပါ။ Remicade® ကိုသုံးနေစဉ် ကလေးနို့မတိုက်သင့်ပါ။
Remicade® ကို အသက် ၆ နှစ်အောက်ကလေးများ၌ မသုံးရပါ။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များ မရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသော ကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ဆေးထိုးနေစဉ်မှာပင် တစ်ချို့ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ပါသည်။ ခေါင်းမူးခြင်း၊ ပျို့ခြင်း၊ သတိမေ့ချင်သလိုဖြစ်ခြင်း၊ ယားခြင်း၊ စူးခြင်း၊ ဖောင်းကြွခြင်း၊ အသက်ရှူမဝခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သား အဆစ်များနာခြင်း၊ လည်ချောင်းထဲ၌ ဆို့နေသလိုဖြစ်ခြင်း၊ နာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မျိုချရခက်ခြင်းများ ဖြစ်လာပါက ဆရာဝန်ကိုချက်ချင်းပြောပါ။ ဆေးထိုး၍ဖြစ်သည့် ဓါတ်ပြုမှုများမှာ ဆေးထိုးပြီးနောက် ၁-၂ နာရီအတွင်း ဖြစ်လာတတ်ပါသည်။
Remicade® နှင့်မတည့်သည့် လက္ခဏာများဖြစ်သော အင်ပျဉ်ထခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ပြင်းပြင်းထန်ထန်ခေါင်းမူးခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းများ ဖောင်းကြွလာခြင်းတို့ဖြစ်လာပါက အရေးပေါ်ဆေးကုသမှု ခံယူပါ။
ပြင်းထန်ပြီး သေနိုင်သည့်ပိုးဝင်မှုများ Remicade® ကိုသုံးနေစဉ် ဖြစ်လာနိုင်ပါသည်။ ပိုးဝင်သည့်လက္ခဏာများဖြစ်သော ဖျားခြင်း၊ အလွန်အမင်း နွမ်းနယ်ခြင်း၊ တုပ်ကွေးကဲ့သို့ လက္ခဏာများ၊ ချောင်းဆိုးခြင်း၊ အရေပြားလက္ခဏာများ (နာခြင်း၊ နွေးခြင်း၊ နီခြင်း) တို့ဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းပြရမည်။
အောက်ပါတို့ဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းခေါ်ပါ။
အဖြစ်များသည့် ဘေးထွက်ဆိုးကျိုးများ
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။
Remicade® (infliximab) သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်း စသည်တို့ မပြုလုပ်ပါနှင့်။
ဤဆေးနှင့်ဓါတ်ပြုနိုင်သော ဆေးကုန်များမှာ –
Remicade® (infliximab) က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
Remicade® (infliximab) သည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်း သို့မဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးရန်အရေးကြီးပါသည်။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
Crohn’s Disease
သတ်မှတ်ထားသောပမာဏမှာ 5 mg/kg ဖြစ်ပြီး အကြောဆေးစတင်ကာလအဖြစ် ဝ၊ ၂၊ ၆ ပတ် အစဉ်အတိုင်း ထိုးရပြီး Crohn’s disease သို့မဟုတ် fistulizing Crohn’s disease ပြင်းပြင်းထန်ထန် ဖြစ်နေပါက ထိန်းညှိကာလအဖြစ် 5 mg/kg ကို နောက် ၈ ပတ်ခြားတိုင်း ထပ်ပေးရသည်။
အစပိုင်းတုံ့ပြန်မှုပြပြီး နောက်ပိုင်းမပြသူများတွင် 10 mg/kg နှုန်းပေးရန် စဉ်းစားနိုင်သည်။ ၁၄ ပတ်ထိအောင် တုံ့ပြန်မှုမပြပါက နောက်ထက်တိုးပေးလည်း ပြတော့မည်မဟုတ်ပါ။ ထို့ကြောင့် Remicade® ကိုရပ်လိုက်ဖို့ စဉ်စားသင့်သည်။
Ulcerative အူမကြီးရောင်ရမ်းနာ
သတ်မှတ်ထားသောပမာဏမှာ 5 mg/kg ဖြစ်ပြီး အကြောဆေးစတင်ကာလအဖြစ် ဝ၊ ၂၊ ၆ ပတ် အစဉ်အတိုင်း ထိုးရပြီး Ulcerative အူမကြီးရောင်ရမ်းနာ ပြင်းပြင်းထန်ထန် ဖြစ်နေပါက ထိန်းညှိကာလအဖြစ် 5 mg/kg ကို နောက် ၈ ပတ်ခြားတိုင်း ထပ်ပေးရသည်။
သွေးလေးဖက်နာ
သတ်မှတ်ထားသောပမာဏမှာ 3 mg/kg ဖြစ်ပြီး အကြောဆေးစတင်ကာလအဖြစ် ဝ၊ ၂၊ ၆ ပတ် အစဉ်အတိုင်း ထိုးရပြီး သွေးလေးဖက်နာ ပြင်းပြင်းထန်ထန် ဖြစ်နေပါက ထိန်းညှိကာလအဖြစ် 3 mg/kg ကို နောက် ၈ ပတ်ခြားတိုင်း ထပ်ပေးရသည်။
Remicade® ကို methotrexate နှင့်ပေါင်းစပ်ပြီး ပေးသင့်ပါသည်။ တုံ့ပြန်မှုကောင်းကောင်းမပြသော လူနာများတွင် 10 mg/kg အထိတိုးပေးခြင်း သို့မဟုတ် ၄ ပတ်ခြားတိုင်း ဆေးပြန်ပေးခြင်းများ လုပ်နိုင်ပါသည်။ သို့သော် ဆေးပမာဏများလျှင် ပြင်းထန်ရောဂါပိုးဝင်နိုင်သည်ကိုတော့ စိတ်ထဲထည့်ထားပါ။
ကျီးပေါင်းရောဂါ
သတ်မှတ်ထားသောပမာဏမှာ 5 mg/kg ဖြစ်ပြီး အကြောဆေးစတင်ကာလအဖြစ် ဝ၊ ၂၊ ၆ ပတ် အစဉ်အတိုင်း ထိုးရပြီး ကျီးပေါင်းရောဂါ ပြင်းပြင်းထန်ထန် ဖြစ်နေပါက ထိန်းညှိကာလအဖြစ် 5 mg/kg ကို နောက် ၈ ပတ်ခြားတိုင်း ထပ်ပေးရသည်။
Psoriatic အဆစ်ရောင်နာ
သတ်မှတ်ထားသောပမာဏမှာ 5 mg/kg ဖြစ်ပြီး အကြောဆေးစတင်ကာလအဖြစ် ဝ၊ ၂၊ ၆ ပတ် အစဉ်အတိုင်း ထိုးရပြီး Psoriasis အဆစ်ရောင်နာ ပြင်းပြင်းထန်ထန် ဖြစ်နေပါက ထိန်းညှိကာလအဖြစ် 5 mg/kg ကို နောက် ၈ ပတ်ခြားတိုင်း ထပ်ပေးရသည်။ Remicade® ကို methotrexate မတွဲဘဲ ပေးနိုင်ပါသည်။
Plaque Psoriasis
သတ်မှတ်ထားသောပမာဏမှာ 5 mg/kg ဖြစ်ပြီး အကြောဆေးစတင်ကာလအဖြစ် ဝ၊ ၂၊ ၆ ပတ် အစဉ်အတိုင်း ထိုးရပြီး နာတာရှည် Plaque Psoriasis ပြင်းပြင်းထန်ထန် ဖြစ်နေပါက ထိန်းညှိကာလအဖြစ် 5 mg/kg ကို နောက် ၈ ပတ်ခြားတိုင်း ထပ်ပေးရသည်။ Remicade® ကို methotrexate မတွဲဘဲ ပေးနိုင်ပါသည်။
ကလေး Crohn’s Disease
Crohn’s disease လက်ရှိကြွနေဆဲ အသက် ၆ နှစ်နှင့်အထက် ကလေးများတွင် သတ်မှတ်ထားသောပမာဏမှာ 5 mg/kg ဖြစ်ပြီး အကြောဆေးစတင်ကာလအဖြစ် ဝ၊ ၂၊ ၆ ပတ် အစဉ်အတိုင်း ထိုးရပြီး ထိန်းညှိကာလအဖြစ် 5 mg/kg ကို နောက် ၈ ပတ်ခြားတိုင်း ထပ်ပေးရသည်။
Ulcerative အူမကြီးရောင်ရမ်းနာ
Ulcerative အူမကြီးရောင်ရမ်းနာ ပြင်းပြင်းထန်ထန်ဖြစ်နေသော အသက် ၆ နှစ်နှင့်အထက် ကလေးများတွင် သတ်မှတ်ထားသောပမာဏမှာ 5 mg/kg ဖြစ်ပြီး အကြောဆေးစတင်ကာလအဖြစ် ဝ၊ ၂၊ ၆ ပတ် အစဉ်အတိုင်း ထိုးရပြီး ထိန်းညှိကာလအဖြစ် 5 mg/kg ကို နောက် ၈ ပတ်ခြားတိုင်း ထပ်ပေးရသည်။
Remicade® (infliximab) ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
Remicade® (infliximab) ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုး မလုပ်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ