brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Nexafed (Decongestants, Oral) (နက်စ်စာဖတ်ဒ်)

အသုံးပြုပုံများ

Nexafed (Decongestants, Oral) (နက်စ်စာဖတ်ဒ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Nexafed®ကို နှာပိတ်နှာစေးခြင်း၊ ရောဂါပိုးပြီး (အအေးမိ၊ တုတ်ကွေး) နှာခေါင်းအတွင်းပိုင်းနာခြင်းနဲ့ တခြားအသက်ရှူခက်တဲ့ ပြသနာများ (ဓါတ်မတည့်ဖျားနာခြင်း၊ ဓါတ်မတည့်ခြင်း၊ အဆုတ်လေပြွန်ရောင်ခြင်း) စတာတွေကိုကုသဖို့ အသုံးပြုပါတယ်။

Nexafed (Decongestants, Oral) (နက်စ်စာဖတ်ဒ်) ဘယ်လိုသောက်သုံးသင့်သလဲ

သောက်ဆေးအတွက် အောက်ပါအတိုင်းလိုက်နာသင့်ပါတယ်။

  • Nexafed®သောက်သုံးရာမှာဆေးပမာဏ၊ သောက်ရမယ့်အချိန် စတာတွေနဲ့ ပတ်သက်ပြီး ဆရာဝန်ညွှန်တဲ့အတိုင်း သောက်သုံးပါ။
  • Nexafed®ကိုမသုံးစွဲခင် အညွှန်းစာကိုသေချာဖတ်ပါ။
  • အညွှန်းစာပေါ် ရေးထားတဲ့ အချက်အလက်တွေမှာမရှင်းလင်းတာရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
  • Nexafed (Decongestants, Oral) (နက်စ်စာဖတ်ဒ်) ဘယ်လိုသိမ်းဆည်းရမလဲ

    Nexafed®ကိုအခန်းအပူချိန်မှာတိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာအကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထားပျက်ယွင်းခြင်းမဖြစ်ရအောင် ရေချိုးခန်းတွင်းသိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်းမပြုရပါ။ Nexafed®ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းခြင်းမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

    Nexafed®ကိုအိမ်သာတွင်းထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်းကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လိုစွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    Nexafed (Decongestants, Oral) (နက်စ်စာဖတ်ဒ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပါ။

    • ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်။ ဒီလိုအချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
    • အခြားဆေးဝါးများသောက်သုံးနေချိန်။ ဆရာဝန်အညွှန်းမလိုဘဲ ဝယ်နိုင်သောဆေးများသဘာဆေးဘက်ဝင်အပင်များမှ ထုတ်လုပ်သောဆေးများ၊ အားဖြည့်စာများလည်း ပါဝင်ပါတယ်။
    • Nexafed®တွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်မှုဖြစ်ခြင်း
    • အခြားရောဂါများ၊ ကျန်းမာရေးပြသနာများရှိခြင်း

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Nexafed (Decongestants, Oral) (နက်စ်စာဖတ်ဒ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    Nexafed®ကို ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာအသုံးပြုရင် ဆိုးကျိုးတွေ ရှိမရှိဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိပါဘူး။ ဆေးမသောက်သုံးခင်မှာ ဖြစ်နိုင်ခြေကောင်းကျိုးများနဲ့ ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    ဘေးထွက်ဆိုးကျိုးများ

    Nexafed (Decongestants, Oral) (နက်စ်စာဖတ်ဒ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    ဘေးထွက်ဆိုးကျိုးအချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    • ဓါတ်မတည့်ခြင်းလက္ခဏာများ။ အင်ပျဉ်ထခြင်း၊ အသက်ရှူကြပ်ခြင်း၊ မျက်နှာ နှုတ်ခမ်း လျှာ လည်ပင်းရောင်ခြင်း
    • နှလုံးခုန်မြန်ခြင်း၊ ပုံမှန်မခုန်ခြင်း
    • ဆိုးရွားစွာ မူးဝေခြင်း၊ စိတ်ပူပန်ခြင်း
    • သွေးခြေဥလွယ် သွေးထွက်လွယ်ခြင်း
    • ပုံမှန်မဟုတ်ဘဲအားနည်းခြင်း
    • ဖျားခြင်း
    • ချမ်းတုန်ခြင်း
    • ကိုယ်လက်ကိုက်ခဲခြင်း
    • တုတ်ကွေးလက္ခဏာများ
    • ဆိုးရွားစွာသွေးတိုးခြင်း (ခေါင်းအလွန်ကိုက်ခြင်း၊ အမြင်ေဝဝါးခြင်း၊ နားအူခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ နှလုံးပုံမှန်မခုန်ခြင်း၊ တက်ခြင်း)
    • အစားပျက်ခြင်း
    • ပူနွေးခြင်း၊ ကျင်ခြင်း၊ အရေပြားအောက် နီရဲခြင်း
    • ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်လှုပ်ရှားခြင်း (အထူးသဖြင့် ကလေးများ)
    • အိပ်မပျော်ခြင်း
    • အရေပြားပေါ်အကွက်များဖြစ်ခြင်း၊ ယားယံခြင်း

    ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရချိန်မှာတစ်ဦးနဲ့တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Nexafed (Decongestants, Oral) (နက်စ်စာဖတ်ဒ်) နဲ့ ဓါတ်ပြုနိုင်သလဲ

    Nexafed®ဟာသင်ယခုသောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်းလုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲသောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းများမပြုလုပ်ရပါ။

    ဒီဆေးနဲ့ ဓါတ်ပြုနိုင်ခြေရှိတဲ့ဆေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    • Clorgyline
    • Dihydroergotamine
    • Furazolidone
    • Iproniazid
    • Isocarboxazid
    • Linezolid
    • Moclobemide
    • Nialamide
    • Pargyline
    • Phenelzine
    • Procarbazine
    • Rasagiline
    • Selegiline
    • Toloxatone
    • Tranylcypromine
    • Guanethidine
    • Methyldopa
    • Midodrine

    အစားအသောက်တွေနဲ့ အရက်က Nexafed (Decongestants, Oral) (နက်စ်စာဖတ်ဒ်) နဲ့ ဓါတ်ပြုနိုင်သလား

    Nexafed®ဟာအစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓါတ်ပြုနိုင်ခြေရှိမရှိမေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Nexafed (Decongestants, Oral) (နက်စ်စာဖတ်ဒ်) နဲ့ ဓါတ်ပြုနိုင်သလဲ

    Nexafed®ဟာသင့်ကျန်းမာရေးအခြေအနေနဲ့ ပေါင်းစပ်ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

    လတ်တလောဖြစ်ပွားနေတဲ့ ရောဂါများရှိရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Nexafed (Decongestants, Oral) (နက်စ်စာဖတ်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ထောက်ခံထားတဲ့ပမာဏကတော့ ၄နာရီခြားတခါ (သို့) ၆နာရီခြားတခါ ၃၀ ကနေ ၆၀ မီလီဂရမ်ထိသောက်သုံးဖို့ ဖြစ်ပါတယ်။ တနေ့တာအများဆုံးပမာဏကတော့ ၂၄၀ မီလီဂရမ် ဖြစ်ပါတယ်။

    ကလေးတွေအတွက် Nexafed (Decongestants, Oral) (နက်စ်စာဖတ်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    အသက် ၂နှစ်မှ ၅နှစ်အထိသုံးစွဲရမယ့်ပမာဏကတော့ ၆နာရီခြားတခါ ၁၅ မီလီဂရမ် သောက်သုံးဖို့ ဖြစ်ပါတယ်။ တနေ့တာအများဆုံးပမာဏကတော့ ၆၀ မီလီဂရမ် ဖြစ်ပါတယ်။

    အသက် ၆နှစ်မှ ၁၂နှစ်အထိသုံးစွဲရမယ့်ပမာဏကတော့ ၆နာရီခြားတခါ ၃၀မီလီဂရမ် သောက်သုံးဖို့ ဖြစ်ပါတယ်။ တနေ့တာအများဆုံးပမာဏကတော့ ၁၂၀ မီလီဂရမ် ဖြစ်ပါတယ်။

    အသက် ၁၂နှစ်အထက်သုံးစွဲရမယ့်ပမာဏကတော့ ၄နာရီခြားတခါ (သို့) ၆နာရီခြားတခါ ၃၀ ကနေ ၆၀ မီလီဂရမ်ထိသောက်သုံးဖို့ ဖြစ်ပါတယ်။ တနေ့တာအများဆုံးပမာဏကတော့ ၂၄၀ မီလီဂရမ် ဖြစ်ပါတယ်။

    Nexafed (Decongestants, Oral) (နက်စ်စာဖတ်ဒ်) ကိုဘယ်လိုရရှိနိုင်သလဲ

    Nexafed®ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများနဲ့ရရှိနိုင်ပါတယ်

    • ၃၀ မီလီဂရမ် ဆေးပြား

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေများမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Nexafed®ဆေးကိုသုံးစွဲဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသုံးစွဲပါ။ ဒါပေမယ့်နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာသာသုံးစွဲပါ။ ဆေးပမာဏကိုနှစ်ဆတိုးသုံးစွဲခြင်းမလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Zin Wai Yan Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/12/2019 ဖြစ်ပါသည်။