Klion ကို ရောဂါပိုးတွေကို ကုသဖို့ သုံးပါတယ်။ Klion ဟာ Nitrimidazole အုပ်စုဝင် ပိုးသတ်ဆေးတစ်မျိုးဖြစ်ပါတယ်။ ဆေးက ဘက်တီးရီးယားတွေ၊ ပရိုတိုဇိုးဝါးတွေရဲ့ ကြီးထွားမှုကို ရပ်တန့်စေပါတယ်။
ဒီဆေးကို ဘက်တီးရီးယားတွေ၊ ပရိုတိုဇိုးဝါးတွေကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကူဖို့အတွက်ပဲ သုံးနိုင်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါပိုးတွေကို မသေစေပါဘူး။( ဥပမာ- အအေးမိခြင်း၊ တုပ်ကွေး)၊ ဆေးကိုမလိုအပ်ပဲသုံးခြင်းနှင့် အများအပြားသောက်သုံးခြင်းက ဆေးအာနိသင်ကို လျော့ကျစေပါတယ်။
Klion ဆေးကို အနာပျောက်စေတဲ့ Klionဆေးတွေနဲ့ပေါင်းပြီး တချို့သော အစာအိမ်အနာတွေကို ကုသနိုင်ပါတယ်။
ပါးစပ်ကနေပဲ သောက်လို့ရပါတယ်။ သင်ဟာ
Klion ကို နေရောင်နှင့်အစိုဓါတ် တိုက်ရိုက်ထိတွေ့စေမယ့် နေရာကရှောင်ပြီး အခန်းအပူချိန်မှာ ထိန်းထားတာက အကောင်းဆုံးပါ။ ဆေးပျက်ဆီးတာကို ကာကွယ်ဖို့ ဆေးကို ရေချိုးခန်းနှင့် ရေခဲသေတ္တာအခဲအကန့်ထဲ သိမ်းတာကို ရှောင်ရပါမယ်။
သိမ်းရမယ့်နေရာတွေမတူတဲ့ Klion ဆေးအမျိုးပေါင်းများစွ ာရှိနေနိုင်ပါတယ်။ သိမ်းတဲ့နေရာကိုသိဖို့ ဆေးအခွံပေါ်က အညွှန်းကိုဖတ်ခြင်း၊ ဆေးဝါးကျွမ်းကျင်သူကို မေးခြင်း ပြုလုပ်ပါ။ ဘေးကင်းစေဖို့ ဆေးကို ကလေးများ၊ အိမ်မွေးတိများနှင့် ဝေးရာတွင်ထားပါ။
ဆေးကိုသုံးပြီးလျှင် ညွှန်ကြားချက်မရှိဘဲ အိမ်သာထဲစွန့်ပစ်ခြင်း၊ ရေမြောင်းထဲပစ်ခြင်းများကို မလုပ်သင့်ပါဘူး။ ဆေးသက်တမ်းကုန်လျှင်ဖြစ်ဖြစ်၊ အသုံးမလိုတော့လျှင်ဖြစ်ဖြစ် သေချာစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ လုံခြုံစွာ စွန့်ပစ်ဖို့အတွက် လိုအပ်တဲ့အချက်တွေကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းပါ။
Klion ကိုမသုံးခင် သင့်ဆရာဝန်ကို ဒါတွေပြောပြထားသင့်ပါတယ်။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွေ Klionဆေးသောက်တာနဲ့ ပတ်သတ်ပြီး လုပ်ထားတဲ့ လုံလောက်တဲ့လေ့လာမှုမရှိပါဘူး။ Klion ဆေးရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ချိန်ဆဖို့အတွက် ဆေးမသောက်ခင်မှာ ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။
အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကပ်မှုဌာန ( FDA) က ဖော်ပြထားချက်အရ Klion ဆေးဟာ ကိုယ်ဝန်ဆောင်တွေမှာ ဘေးဖြစ်နိုင်တဲ့ အဆင့် ( B )နေရာမှာ ရှိတယ်လို့ ဆိုပါတယ်။
FDA သတ်မှတ်ထားတဲ့ ကိုယ်ဝန်ဆောင်တွေကို ဘေးဖြစ်စေတဲ့ သတ်မှတ်ချက်တွေကတော့
တခြားဆေးတွေလိုပဲ Klion ဆေးမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ တော်တော်များများက တွေ့ရနည်းပြီး ဘာကုသမှုမှ ခံယူဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် ဆေးသောက်ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်ပါက ဆရာဝန်နှင့်ဆွေးနွေးသင့်ပါတယ်။
တချို့သောဘေးထွက်ဆိုးကျိုးများကို ဖော်ပြထားပါတယ်။
လူတိုင်းက ဒီဘေးထွက်ဆိုးကျိုးတွေကို မခံစားရပါဘူး။ ဒီထဲမှာမပါတဲ့ အချက်တွေလည်း ရှိနေနိုင်ပါတယ်။ သင်ဟာ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သတ်ပြီး သေချာသိလိုပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် မေးမြန်းပါ။
Klion ဆေးက သင်သုံးနေတဲ့ ဆေးနဲ့ ဓါတ်ပြုပြီး ဆေးအာနိသင်ပြောင်းခြင်း၊ ဘေးထွက်ဆိုးကျိုးပိုဖြစ်ခြင်းတို့ ဖြစ်စေနိုင်တယ်။ ဆေးဓါတ်ပြုမှုကို ရှောင်ဖို့အတွက် သင်သုံးနေတဲ့ ဆေးများ (ဆရာဝန်ညွှန်ကြားသောဆေး၊ ကိုယ့်ဘာသာသောက်နေတဲ့ဆေး၊ တိုင်းရင်းဆေး) အားလုံးကို စာရင်းလုပ်ထားပြီး ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို ပြသသင့်ပါတယ်။ သင့်ရဲ့ဘေးကင်းမှုအတွက် ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် သောက်ခြင်း၊ ရပ်ပစ်လိုက်ခြင်း နှင့် ဆေးပမာဏပြောင်းခြင်းကို မလုပ်ပါနဲ့၊ ဥပမာ
Klion ဆေးက အရက်၊ အစားအသောက်များနဲ့ ဓါတ်ပြုပြီး ဆေးအာနိသင်ပြောင်းခြင်း၊ ဘေးထွက်ဆိုးကျိုးပိုဖြစ်ခြင်းတို့ ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ဆေးမသုံးခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို သင်စားနေတဲ့ အစားအသောက်နှင့် အရက်ကို ပြောပြသင့်ပါတယ်။
Klion ဆေးက သင့်ကျန်းမာရေး အခြေအနေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ ဒါက သင့်ကျန်းမာရေးကို ပိုဆိုးစေနိုင်သလို ဆေးအာနိသင်ကိုလည်း ကျစေနိုင်ပါတယ်။ သင်လက်ရှိခံစားနေရတဲ့ ကျန်းမာရေးပြဿနာကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို ပြောပြဖို့ကလည်း အရေးကြီးပါတယ်။ဥပမာ –
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
ဘက်တီးရီးယားပိုးများဝင်ခြင်း(လူကြီး) – ပြင်းထန်သော အောက်ဆီဂျင်နဲ့ ဓါတ်မပြုတဲ့ ဘက်တီးရီးယား
ဘက်တီးရီးယား (Pseudomembranous) ကြောင့် အူယောင်ခြင်း
ခွဲခန်းမဝင်ခင်ကြိုပြီး ဆေးတိုက်ထားခြင်း။
ဘက်တီးရီးယား (Trichomoniasia ) အတွက်
ဘက်တီးရီးယား ( H.Pyori infection) အတွက်
ဝမ်းဗိုက်တွင်းပိုးဝင်ယောင်ယမ်းခြင်း(လူကြီး)
မိန်းမကိုယ်တွင်းပိုးဝင်ခြင်းအတွက် – ၇၅၀မီလီဂရမ် တနေ့တကြိမ်နဲ့ ၇ရက်ဆက်တိုက်
ရောဂါပိုးပါတဲ့ အရည်တွေဝင်ပြီး အဆုတ်ယောင်ခြင်းအတွက်
ဘက်တီးရီးယား ( Bacteremia) အတွက်
ဦးနှောက်အမြှေးယောင်ရောဂါအတွက်-
ရင်ဝမ်းတားကြွက်သားယောင်ခြင်းအတွက်
ဝမ်းဗိုက်အတွင်းပိုးဝင်ခြင်းများအတွက်
ဝမ်းဗိုက်ရှိအမြှေးပါးယောင်ခြင်းအတွက်
နှလုံးပိုးဝင်ခြင်းအတွက်
အရိုးအဆစ်များပိုးဝင်ခြင်းအတွက်
အရိုးအတွင်းပိုးဝင်ခြင်းအတွက်
အဆုတ်ယောင်ရောဂါအတွက်
ကြွက်သားများ ၊တစ်ရှူးများပိုးဝင်ခြင်းအတွက်
ဘက်တီးရီးယား ( Giardiasis) ရောဂါအတွက်- ကျွမ်းကျင်သူတွေကတော့ ၂၅၀မီလီဂရမ်ကို တနေ့၃ကြိမ်၊ ၅-၇ရက်ဆက်တိုက်သောက်သင့်တယ်လို့ဆိုပါတယ်။
လိင်မှတစ်ဆင့်ကူးဆက်တဲ့ရောဂါကို ကာကွယ်ရန်အတွက် – CDC ကညွန်းထားသည်မှာ-
လိင်ဆက်ဆံပြီးနောက် ကြိုတင်ကာကွယ်ခြင်း- ၂ဂရမ်ကိုတကြိမ်သောက်နိုင်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက်- CDC ကညွန်းထားသည်မှာ-
လိင်ဆက်ဆံပြီးနောက် ကြိုတင်ကာကွယ်ခြင်း- ၂ဂရမ်ကိုတကြိမ်သောက်နိုင်ပါတယ်။
ထပ်တလဲလဲဖြစ်နေသော ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက်-
လိင်ဆက်ဆံပြီးနောက် ကြိုတင်ကာကွယ်ခြင်း- ၂ဂရမ်ကိုတကြိမ်သောက်နိုင်ပါတယ်။
ဘက်တီးရီးယား (Balantidium Coli) အတွက် – တချို့သော ကျွမ်းကျင်သူတွေက ညွှန်းထားသည်မှာ ၅၀၀-၇၅၀မီလီဂရမ်ကို တနေ့ ၃ကြိမ်ကို ၅ရက်သောက်ရပါမယ်။
ဘက်တီးရီးယား (Dientamoeba fragilis)- တချို့သော ကျွမ်းကျင်သူတွေက ညွှန်းထားသည်မှာ ၅၀၀-၇၅၀မီလီဂရမ်ကို တနေ့ ၃ကြိမ်ကို ၁၀ရက်သောက်ရပါမယ်။
ဆေးသောက်ဖို့ လိုတဲ့ပမာဏကိုသိရန် ဆရာဝန်နှင့် တိုင်ပင်ပါ။
ဆေးညွှန်းအချို့ကို အောက်တွင်ဖော်ပြထားပါတယ်။
ဝမ်းကိုက်ပိုးအတွက် ကလေးတစ်ယောက်သောက်ရန်အညွှန်းမှာ – ၃၅-၅၀ mg/kg/day ကို တနေ့ ၃ခါ ခွဲပြီး ၁၀ရက်ခွဲသောက်ပါ။ Pseudomembranous ပိုးကြောင့် အူယောင်ခြင်းအတွက် AAP ကညွှန်းဆိုထားသည်မှာ- ၃၀ mg/kg/day ကို တနေ့၄ခါ ခွဲသောက်ပါ။
ဘက်တီးရီးယား (Trichomoniasis) အတွက် ၄၅kg အောက် အရွယ်မတိုင်မီ မိန်းမကိုယ်တွင်းယားယံမှုကို ခံစားနေရသည့် ကလေးများတွင် (လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများနှင့်ဆက်စပ်သည်) ၁၅ mg/kg/day ကို တနေ့ ၃ခါ ခွဲပြီး ၇ရက်သောက်ပါ။
ဘက်တီးရီးယား ( Bacteria Vaginosis) အတွက် ၄၅kg အောက် အရွယ်မတိုင်မီ မိန်းမကိုယ်တွင်းယားယံမှုကို ခံစားနေရသည့် ကလေးများတွင် (လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများနှင့် ဆက်စပ်သည်) ၁၅ mg/kg/day ကို တနေ့ ၃ခါ ခွဲပြီး ၇ရက်သောက်ပါ။
လိင်မှတစ်ဆင့်ကူးဆက်တဲ့ရောဂါကို ကာကွယ်ရန်အတွက် – လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရပြီးနောက်သောက်ရန် (အရွယ်မရောက်သေးသူများအတွက် AAP က ညွှန်းထားသည်မှာ) ၄၅Kg အောက်- ၁၅ mg/kg/day ကို တနေ့၃ခါ ခွဲပြီး ၇ရက်သောက်ပါ။
ဘက်တီးရီးယား (Balantidium Coli) အတွက် ကျွမ်းကျင်သူများ(AAPအပါအဝင်) ကညွှန်းဆိုထားသည်မှာ-၃၅-၅၀ mg/kg/day ကို တနေ့၃ခါ ခွဲပြီး ၅ရက်သောက်ပါ။
ဘက်တီးရီးယား (Dientamoeba fragilis)- ကျွမ်းကျင်သူများ(AAPအပါအဝင်) ကညွှန်းဆိုထားသည်မှာ-၃၅-၅၀ mg/kg/day ကို တနေ့၃ခါ ခွဲပြီး ၁၀ရက်သောက်ပါ။
Klion ဆေးကို အောက်ပါပုံစံနှင့် ပြင်းအားအတိုင်းရနိုင်ပါတယ်။
ဆေးပြားပုံစံ – ၂၅၀ မီလီဂရမ်၊ ၅၀၀မီလီဂရမ်
ဆေးအများကြီးသုံးမိခြင်းနှင့် အရေးပေါ်အခြေအနေအတွက် အရေးပေါ်ကားခေါ်ခြင်းနှင့် နီးစပ်ရာအရေးပေါ်ဌာနသို့ သွားခြင်းကို လုပ်နိုင်ပါတယ်။
တကယ်လို့သင်ဟာ ဆေးသောက်ဖို့မေ့သွားလျှင် သတိရရခြင်း သောက်ပါ။ ဒါပေမယ့် နောက်တကြိမ်သောက်ရမယ့်အချိန်နဲ့ အရမ်းကပ်နေပါက မေ့သွားတဲ့ဆေးကို မသောက်တော့ဘဲ ပုံမှန်အချိန်မှာ သောက်ရမယ့် ဆေးကိုသာသောက်ပါ။ ဆေး၂လုံးဆက် မသောက်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ