Flexeril® ကို ကြွက်သားဖြေလျော့ဆေးအဖြစ် အသုံးပြုပါသည်။ ၎င်းသည် ဦးနှောက်သို့ ပို့လွှတ်သော အာရုံကြောလှုံ့ဆော်မှုများ ( သို့မဟုတ် နာကျင်မှု အာရုံခံစားမှုများ) ကို ပိတ်ဆို့ပေးသည်။
အရိုးစု ကြွက်သားအခြေအနေများ ဥပမာ နာကျင်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းကို ကုသရန် Flexeril® ကို အနားယူခြင်း၊ ခန္ဓါကိုယ်ကုထုံးတို့နှင့်အတူ အသုံးပြုသည်။
ဤဆေးကို ရေတစ်ဖန်ခွက် အပြည့်ဖြင့် ပါးစပ်မှသောက်ပါ။ ပုံမှန်အားဖြင့် တစ်နေ့ သုံးကြိမ်ဖြစ်သည်။ သို့သော် သင်၏ ဆရာဝန်နှင့် တိုင်ပင်သင့်သည်။
Flexeril® သည် ကုသမှု အစီအစဉ်အပြည့်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ ကုသမှုအစီအစဉ်တွင် အနားယူခြင်း၊ ခန္ဓါကိုယ် ကုထုံး သို့မဟုတ် အခြား အနာ သက်သာစေသော အတိုင်းအတာများ ပါဝင်နိုင်သည်။ ဆရာဝန်၏ ညွှန်ကြားချက်ကို လိုက်နာပါ။
Flexeril® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Flexeril® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Flexeril® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။
ညွှန်ကြားထားခြင်းမရှိဘဲ Flexeril® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။
ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။
သင်သည် ပြီးခဲ့သော ၁၄ ရက်အတွင်း MAO inhibitor ဥပမာ isocarboxacid (Marplan), tranylcypromine (Parnate), phenelzine (Nardil), သို့မဟုတ် selegiline (Eldepryl, Emsam) သုံးခဲ့ပါက Flexeril® မသုံးပါနှင့်။ သင့်ခန္ဓါကိုယ်က MAO inhibitor ကို မဖယ်ရှင်းပစ်ခင် Flexeril® သောက်ပါက ဆိုးရွားသော အသက်အန္တရာယ် စိုးရိမ်ရသော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်သည်။
သင်သည် မကြာသေးမီက နှလုံးသွေးကြော ရုတ်တရက် ကျဉ်းခြင်း သို့မဟုတ် အောက်ပါတို့ ရှိပါက Flexeril® မသုံးပါနှင့်။
အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Flexeril® သုံးလျှင်ရနိုင်သော အန္တရာယ် များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Flexeril® မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ Flexeril® သည် အမေရိကန်ပြည်ထောင်စု အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) ၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်။
FDA ၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။
သင်သည် အောက်ပါ ပြင်းထန်သော ဘေးထွက်ဆိုးကျိုး များကို ခံစားရပါက Flexeril® အသုံးပြုခြင်းကို ရပ်ပြီး ဆရာဝန်ကို ချက်ချင်းခေါ်ရန် လိုအပ်သည်။
Flexeril® ၏ သိပ်မပြင်းထန်သော ဘေးထွက်ဆိုးကျိုး များမှာ
လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။
Flexeril® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။
ဤဆေးဖြင့် ဓါတ်ပြုနိုင်သော ထုတ်ကုန်များမှာ-
အရက်သည် Flexeril® ၏ အာရုံကြောစနစ်နှင့်ဆိုင်သော ဘေးထွက်ဆိုးကျိုးများ ဥပမာ မူးဝေခြင်း၊ ငိုက်မျဉ်းခြင်း၊ အာရုံစိုက်ရ ခက်ခြင်းကို ပိုဖြစ်စေသည်။ အချို့လူများတွင် တွေးခေါ်မှုနှင့် ဆုံးဖြတ်မှု မှားယွင်းခြင်းများ ဖြစ်နိုင်သည်။ သင်သည် Flexeril® ဖြင့် ကုသမှုခံယူနေစဉ် အရက်ကို ရှောင်ရှားသင့်သည် သို့မဟုတ် အရက်သောက်ခြင်းကို ကန့်သတ်သင့်သည်။
Flexeril® သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။
ဤဆေးဖြင့် အပြန်အလှန်သက်ရောက်နိုင်သော ကျန်းမာရေး အခြေအနေများမှာ
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
လူနာအများစုအတွက် အကြံပြုထောက်ခံထားသော Flexeril® ပမာဏမှာ ၅ မီလီဂရမ် တစ်နေ့ သုံးကြိမ်ဖြစ်သည်။ လူနာတစ်ဦးချင်း၏ တုံ့ပြန်မှုအပေါ်မူတည်ပြီး ဆေးပမာဏကို ၁၀ မီလီဂရမ် တစ်နေ့သုံးကြိမ်အထိ တိုးမြင့်နိုင်သည်။ Flexeril® အား နှစ်ပတ်၊ သုံးပတ်ထက် ပိုပြီးအသုံးပြုခြင်းကို မထောက်ခံပါ။
Flexeril ကို အသက် ၁၅နှစ်အောက် ကလေးငယ်များတွင် အထူးသတိထားပြီး အသုံးပြုသင့်သည်။ ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိသေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
Flexeril® ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။
Flexeril® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ