brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Fioricet® (ဖီရိုရီစတ်)

အသုံးပြုပုံများ

Fioricet® (ဖီရိုရီစတ်) ကို ဘာအတွက်အသုံးပြုကြသလဲ

ကြွက်သားများတင်းခြင်းကြာင့်ဖြစ်တဲ့ တင်းအားများခေါင်းကိုက်ခြင်းကိုကုသရာမှာ အသုံးပြုပါတယ်။ ခေါင်းကိုက်ခြင်းကြောင့်နာကျင်မှုကို သက်သာစေပါတယ်။ ကဖင်းက acetaminophenအကျိုးသက်ရောက်မှုကို များစေပါတယ်။ Butalbital ကစိတ်ြငိမ်ဆေးအမျိုးအစားဖြစ်ပြိး စိုးရိမ်ခြင်း၊ အိပ်ချင်ငိုက်မျည်းခြင်း၊ ကြွက်သားများြေဖ်လျော့ခြင်းတို့အတွက် အကူအည်ီပေးပါတယ်။

Fioricet® (ဖီရိုရီစတ်) ဘယ်လိုသောက်သုံးသင့်သလဲ

Porphyrinများခြင်း၊ စိတ်ကြွဆေး၊ အရက်၊စိတ်ငြိမ်ဆေးစတာတွေကို လတ်တလောအသုံးပြုထားခြင်းတွေရှိနေမယ်ဆိုရင် အသုံးမပြုသင့်ပါဘူး။

အစာမပါဘဲသို့ အစာနဲ့တွဲပြီးဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်ပေးနိုင်ပါတယ်။ လိုအပ်သလိုလေးနာရီတိုင်းမှာ သောက်ပေးနိုင်ပါတယ်။ ဆေးစွဲသွားခြင်းမျိုးလည်းဖြစ်နိုင်ပါတယ်။ အခြားလူတွေနဲ့ အထူးသဖြင့်ဆေးစွဲဖူးသူတွေနုဲ့ မျှဝေသုံးစွဲခြင်းမျိုးကို ရှောင်သင့်ပါတယ်။ Fioricet® ရောင်းချခြင်းဖြန့်ဝေခြင်းတွေက တရားမဝင်ပါဘူး။

Fioricet®ကြောင့် အစာအိမ်မကောင်းစေဘူးဆိုရင်

အစာ၊ နို့နဲ့တွဲအသုံးပြုနိုင်ပါတယ်။

Fioricet® (ဖီရိုရီစတ်) ဘယ်လိုသိမ်းဆည်းရမလဲ

အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့

စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Fioricet® (ဖီရိုရီစတ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်
  • ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
  • အခြားဆေးတွေမှီဝဲနေရရင်
  • ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။
  • Fioricet® သို့ အခြားသောဆေးများနဲ့ ဓါတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်
  • အခြားသောမကျန်းမာမှုတွေရှိခဲ့မယ်ဆိုရင်

Porphyrinများခြင်း၊ စိတ်ကြွဆေး၊ အရက်၊စိတ်ငြိမ်ဆေးစတာတွေကို လတ်တလောအသုံးပြုထားခြင်းတွေရှိနေမယ်ဆိုရင် အသုံးမပြုသင့်ပါဘူး။

Pimozide သို့ methylene blue injection အသုံးပြုကုသမှုခံယူနေရရင် အသုံးမပြုသင့်ပါဘူး။

isocarboxazid, linezolid, methylene blue injection, phenelzine, rasagiline, selegiline, or tranylcypromineကဲ့သို့သော MAO inhibitorတွေကို လွန်ခဲ့တဲ့၁၄ရက်ကအသုံးပြုနေမယ်ဆိုရင် မသုံးသင့်ပါဘူး။

သတ်မှတ်ထားတဲ့အချိန်ထက် ပိုမသုံးသင့်ပါဘူး။ အလွန်အကျွံသုံးစွဲခြင်းက အသည်းကိုပျက်စိးစေနိုင်ပြိး သေဆုံးနိုင်စေပါတယ်။ မအီမသာဖြစ်ခြင်း၊ ဗိုက်အပေါ်ပိုင်းအောင့်ခြင်း၊ ယားခြင်း၊ အစားစားလိုစိတ်နည်းခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း၊ အသားဝါခြင်းတွေ ဖြစ်ခဲ့မယ်ဆိုရင် ဆရာဝန်ချက်ချင်းခေါ်သင့်ပါတယ်။

ပြင်းထန်တဲ့အရေပြားတုန့်ပြန်မှုတွေဖြစ်နိုင်ပေမဲ့ တွေ့ရနည်းပါတယ်။ အရေပြားနီခြင်း သို့ အဖိမ့်ထခြင်း၊ ပေါက်ပြဲခြင်း၊ ကွာကျခြင်းတွေဖြစ်ခဲ့မယ်ဆိုရင် ဆရာဝန်ချက်ချင်းခေါ်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Fioricet® (ဖီရိုရီစတ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

အမေရိကန် အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့အစည်းအရ ကိုယ်ဝန်ဆောင်အန္တရာယ်ရှိနိုင်ချေအုပ်စု Cမှာ ပါဝင်ပါတယ်။

FDA ကိုယ်ဝန်ဆောင်အန္တရာယ်ပေးနိုင်ချေအုပ်စုများအဆင့်သတ်မှတ်ချက်များ

  • A=အန္တရာယ်မရှိ
  • B=အချို့သောလေ့လာမှုတွေအရ အန္တရာယ်မရှိ
  • C=အန္တရာယ်ပေးနိုင်ချေအနည်းငယ်ရှိသည်
  • D=အန္တရာယ်ပေးနိုင်ချေရှိသည်။
  • X=မသုံးသင့်
  • N=မသိ

ဘေးထွက်ဆိုးကျိုးများ

Fioricet® (ဖီရိုရီစတ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တွေ့ရများတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့

  • အိပ်ချင်မူးတူးဖြစ်ခြင်း၊ မူးဝေခြင်း
  • စိုးရိမ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း
  • အရက်မူးသလိုခံစားရခြင်း
  • အိပ်မပျော်ဖြစ်ခြင်း
  • အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆေးရပ်လိုက်ပြီးဆရာဝန်ချက်ချင်းခေါ်သင့်ပါတယ။်
  • မရေမရာဖြစ်ခြင်း၊ တက်ခြင်း
  • အသက်ရှူမဝခြင်း
  • လစ်ဟာဟာဖြစ်ခြင်း၊
  • မအီမသာဖြစ်ခြင်း၊ ဗိုက်အထက်ပိုင်းအောင့်ခြင်း၊ ယားခြင်း၊ အစားစားလိုစိတ်မရှိခြင်း၊ ဆီးရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း

ပြင်းထန်တဲ့ဓါတ်မတည့်မှုများ ( အဖုအပိမ့်ထခြင်း၊ အင်ပျဉ်ထခြင်း၊ ယားခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ ပါးစပ်မျက်နှာနှုတ်ခမ်းလျှာရောင်ခြင်း၊ လည်ပင်းရောင်ခြင်းတွေရှိခဲ့မယ်ဆိုရင် အရေးပေါ်အကူအညီချက်ချင်းခေါ်သင့်ပါတယ်။

သေစေနိုင်လောက်တဲ့ပြင်းထန်တဲ့အရေပြားပြဿနာတွေတွေ့ရတာတော့ ရှားပါတယ်။ acetaminophenအရင်ကသုံးဖူးပြိး ဘာမှမဖြစ်ခဲ့ရင်တောင် ဖြစ်ရင်ဖြစ်နိုင်ပါသေးတယ်။

အရေပြားနီခြင်း သို့ အဖိမ့်ထခြင်း၊ ပေါက်ပြဲခြင်း၊ ကွာကျခြင်းတွေဖြစ်ခဲ့မယ်ဆိုရင် ဆရာဝန်ချက်ချင်းခေါ်သင့်ပါတယ်။ ဒီလိုတုန့်ပြန်မှုတွေတွေ့ခဲ့မယ်ဆိုရင် acetaminophenပါတဲ့ဆေးတွေ ထပ်မသုံးသင့်ပါဘူး။

လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Fioricet® (ဖီရိုရီစတ်) နဲ့ ဓါတ်ပြုနိုင်သလဲ

သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။

အပြန်အလှန်သက်ရောက်နိုင်တဲ့ဆေးတွေကတော့

  • Darunavir
  • Sodium oxybate
  • သင့်ခန္ဓါကိုယ်ကနေဆေးတွေဖယ်ထုတ်ပေးတဲ့ အသည်းအင်ဇိုင်းကိုသက်ရောက်တဲ့ဆေးများ (macrolide antibiotics including erythromycin, cimetidine, disulfiram၊ MAO inhibitors including isocarboxazid, linezolid, methylene blue, moclobemide, phenelzine, procarbazine, rasagiline, selegiline, tranylcypromine)
  • Isoniazid
  • Lithium
  • Phenothiazines (such as chlorpromazine)

အစားအသောက်တွေနဲ့ အရက်က Fioricet® (ဖီရိုရီစတ်) နဲ့ ဓါတ်ပြုနိုင်သလား

အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Fioricet® (ဖီရိုရီစတ်) နဲ့ ဓါတ်ပြုနိုင်သလဲ

သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။

အပြန်အလှန်သက်ရောက်မှုပေးနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေကတော့

  • အရက်သောက်ခြင်း
  • အသည်းရောဂါ
  • ပြင်းထန်အရက်အဆိပ်သင့်ခြင်း
  • ဆေးစွဲခြင်း
  • အသည်းရောဂါ
  • Porphyria
  • အဖိမ့်ထခြင်း
  • အသက်ရှူခြင်းဆိုင်ရာစွမ်းဆောင်နိုင်ရည်ကျခြင်း
  • နှလုံးရောဂါ
  • အတက်ရောဂါ
  • PUD
  • PKU
  • အဒရီနယ်ဂလင်းမလုံလောက်ခြင်း
  • စိတ်ကျခြင်း
  • သွေးဆိပ်သင့်ခြင်း
  • အရိုးပါးခြင်း
  • ပြောင်းပြန်တုန့်ပြန်မှုများ
  • နှလုံးအဆိပ်သင့်ခြင်း
  • စိတ်ဝေဒနာ
  • ကျေက်ကပ်မကောင်းခြင်း
  • စားချဉ့်ပြန်ရောဂါ

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Fioricet® (ဖီရိုရီစတ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Acetaminophen 300 mg, butalbital 50 mg, and caffeine 40 mg: ဆေးတောင့်၁တောင့်သို့ ၂တောင့် သောက်ဆေး လေးနာရီခြား၊ အများဆုံးအသုံးပြုနိုင်သည့်ပမာဏ- ခြောက်ကြိမ်

Acetaminophen 325 mg, butalbital 50 mg, and caffeine 40 mg: ဆေးပြား၁ပြားသို့၂ပြားသောက်ဆေး လေးနာရီခြား၊ အများဆုံးအသုံးပြုနိုင်သည့်ပမာဏ- ၆ကြိမ်

Acetaminophen 500 mg, butalbital 50 mg, and caffeine 40 mg: ဆေးပြား၁ပြားသို့၂ပြား သောက်ဆေး၊ ၄နာရီခြား၊ အများဆုံးအသုံးပြုနိုင်သည်ပမာဏ – ၆ကြိမ်

Acetaminophen 750 mg, butalbital 50 mg, and caffeine 40 mg: ဆေးပြား၁ပြား သောက်ဆေး လေးနာရီခြား ၊ အများဆုံးအသုံးပြုနိုင်သည့်ပမာဏ- ၅ပြား

ကလေးတွေအတွက် Fioricet® (ဖီရိုရီစတ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက်၁၂နှစ်နှင့်အထက် – Acetaminophen 300 mg, butalbital 50 mg, and caffeine 40 mg: ဆေးပြား၁ပြားသို့၂ပြား သောက်ဆေး၊ လေးနာရီခြား လိုအပ်သလိုအသုံးပြုနိုင်ပါတယ်။

အများဆုံးအသုံးပြုနိုင်သည့်ပမာဏ- ၆ကြိမ်

Fioricet® (ဖီရိုရီစတ်) ကိုဘယ်လိုရရှိနိုင်သလဲ

အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။

ဆေးပြား – butalbital 50mg, acetaminophen 325mg, caffeine 40mg

ဆေးတောင့်- butalbital 50mg, acetaminophen 300mg, caffeine 40mg

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Hello Sayarwon · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။