Diamicron MRကို ဆီးချိုသွေးချိုရောဂါ အမျိုးအစား ၂ လူနာတွေမှာ သွေးတွင်း သကြားဓါတ် ထိန်းညှိဖို့အတွက် အသုံးပြုပါတယ်။ အစားအသောက်ပုံစံပြောင်းခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ကိုယ်အလေးချိန်ချခြင်းတို့နဲ့ သွေးတွင်းသကြားဓါတ်ကို ကောင်းစွာမထိန်းညှိနိုင်တဲ့ အချိန်မှာ အသုံးပြုပါတယ်။ Gliclazide ဟာ မုန့်ချိုအိတ်မှ အင်ဆူလင် ထွက်တဲ့ပမာဏကို များစေပြီး ခန္ဓါကိုယ်မှာ အင်ဆူလင် ကိုကောင်းကောင်းအသုံးပြုနိုင်ဖို့အားပေးပါတယ်။
Gliclazide ကိုဖြစ်နိုင်ရင် အစာနဲ့တွဲပြီး သောက်သင့်ပါတယ်။ ဆေးပြားကို အမှုန့်ကြိတ်ခြင်း (သို့) ဝါးစားခြင်းမပြုပဲ ရေနှင့် မျှောချပါ။
Diamicron MR ကို တိုက်ရိုက်နေရောင်ခြည် မထိုးအောင် နဲ့စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင် သိမ်းဆည်းတဲ့နည်း ဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ဆေးအနေအထားပျက်ယွင်းမှုတွေ မဖြစ်အောင်လို့ Diamicron MR ကို ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေ မပြုလုပ်ပါနှင့်။ Diamicron MR ဆေးအမျိုးအစားနဲ့ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှု ပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေ အကုန်လုံးကို ကလေးတွေ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဝေးရာမှာ ထားပါ။
Diamicron MR ကို အိမ်သာထဲပစ်ချတာနဲ့ ရေထွက်ပေါက်ကနေ ဆေးကို ပစ်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကို မလိုအပ်တော့တဲ့ အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့ အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လိုစွန့်ပစ်ရမယ် ဆိုတာနဲ့ပတ်သက်လို့သင်ရဲ့ဆေးဝါး ကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
Diamicron MR ကို မသောက်သုံးခင် သင့်မှာ အခြားသောရောဂါများ၊ Diamicron MRရဲ့ပါဝင်ပစ္စည်းများ (သို့) အခြားသော အရာများနှင့် ဓါတ်မတည့်ခြင်း၊ ကိုယ်ဝန်ရှိနေခြင်း (သို့) ကလေးနို့တိုက်နေခြင်း နဲ့ ကျန်းမာရေးနှင့် ပတ်သက်ပြီး အခြားအရေးကြီးတဲ့ အချက်များ ရှိရင် သင့်ရဲ့ဆရာဝန်ကြိုတင်သတိပေးပါ။
သင့်တွင် အောက်ဖော်ပြပါ အချက်များရှိရင် Gliclazide ကိုမသောက်သုံးပါနှင့်။
ကလေးနို့တိုက်ချိန်။
မိခင်နို့ရည်ထဲ မှာ ဆေးပျော်ဝင်မှုရှိမရှိဆိုတာကို ထုတ်ပြန်ထားခြင်း မရှိပါ။ ကလေးနို့တိုက်နေစဉ် Diamicron MRကို သောက်သုံးရင် ကလေးကိုထိခိုက်နိုင်ပါတယ်။ Gliclazide ကို နို့တိုက်မိခင်များ သောက်သုံးရန် မသင့်ပါ။
အောက်ဖော်ပြပါ အချက်များထဲမှ တစ်ခုဖြစ်ရင် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
အောက်ဖော်ပြပါ အချက်များထဲမှ တစ်ခုဖြစ်ရင် သောက်လက်စ Diamicron MRကို ရပ်ပြီး ဆရာဝန်နဲ့ ချက်ချင်းပြသပါ။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများက လူတိုင်းတွင် မဖြစ်ပါ။ တစ်ဦးနှင့် တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိပါက သင်ရဲ့ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ဆွေးနွေးပါ။
Diamicron MR ဟာ သင်အခု လောလောဆယ်ဆယ် သောက်သုံးနေတဲ့ တခြားသောဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးတွေ အကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ မလိုးလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားပဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင် ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေ မပြုလုပ်ပါနဲ့။
Diamicron MR က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ မဖြစ်လာအောင် ဆေးမသောက်မီကတည်းက အစားအသောက် (သို့) အရက်သေစာနှင့် ဓါတ်ပြုနိုင်ချေ ရှိမရှိကို သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ဆွေးနွေးပါ။
Diamicron MRဟာ သင့်ရဲ့နဂို ကျန်းမာရေး အခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ လတ်တလောဖြစ်နေတဲ့ ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန်နဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့အရေးကြီးပါတယ်။
အောက်ဖော်ပြပါ အခြေအနေများဟာ ဆေးနဲ့သက်ရောက် ဓါတ်ပြုနိုင်ပါတယ်။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အများဆုံးသုံးလေ့ရှိတဲ့ ဆေးအချိုးအစားကတော့ စစချင်းမှာ ၃၀ မီလီဂရမ်ကို နေ့စဉ် အချိန်မှန်မှန် သောက်ရပါမယ်။ ၂ ပတ် ပြည့်တိုင်း သင့်ရဲ့ဆရာဝန်က သင့်ရဲ့ သွေးတွင်းသကြားဓါတ်ကျဆင်းနှုန်းပေါ် မူတည်ပြီး နေ့စဉ် အများဆုံး ၁၂၀ မီလီဂရမ်ထိ တဖြည်းဖြည်းချင်း တိုးသွားမှာဖြစ်ပါတယ်။
Diamicron MRကို နံနက်စားချိန်မှာ သောက်သုံးဖို့ တိုက်တွန်းထားပါတယ်။
ကလေးလူနာများအတွက် သောက်သုံးရမယ့် အချိုးအစားကို သက်သေပြထားခြင်း မရှိပါ။ သင့်ရဲ့ကလေးအတွက် အန္တရာယ် ရှိနိုင်ပါတယ်။ မသုံးစွဲခင်မှာ ဆေးရဲ့ ယုံကြည်စိတ်ချရမှုကို ကောင်းကောင်းနားလည်ထားဖို့အရေးကြီးပါတယ်။ ဆက်လက်သိရှိလိုသော အကြောင်းအရာများကို သင့်ရဲ့ ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့
တိုင်ပင်ဆွေးနွေးပါ။
Diamicron MR ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေမှာ နီးစပ်ရာ အရေးပေါ်ဆေးရုံဆေးခန်းများတွင် သွားရောက်ပြီး ဆေးကုသမှုခံယူပါ။
Diamicron MRကို သောက်သုံးဖို့လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်သုံးရမယ့် အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုး မလုပ်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ