brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အက်တက်စီ

ECSTASY ဆိုတာ

စိတ်ကြွဆေးတစ်မျိုးဖြစ်တဲ့ Ecstasy ကို ၁၉၂၁ ခုနှစ်ကMerckဆေးဝါးကုမ္ပဏီက စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ MDMA လို့သိကြပါတယ်။ ဒီဆေးကို ၁၉၅၃ ခုနှစ်က အမေရိကန်စစ်တပ်က စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေမှာ အသုံးပြုခဲ့ကြပါတယ်။ ၁၉၇၀ ခုနှစ်တွေမတိုင်မချင်း MDMA ကို ပါတီတွေမှာ အသုံးပြုတာမျိုးမရှိခဲ့ကြပါဘူး။ ၁၉၈၀ ခုနှစ်အစောပိုင်းကာလတွေမှာတော့ MDMA ကို စိတ်ပျော်စေတဲ့ဆေးတစ်မျိုးအနေနဲ့ တော်တော်လေးကို အသုံးပြုလာကြပါတယ်။ စနေ၊တနင်္ဂနွေပိတ်ရက် ပါတီပွဲတွေတိုင်းမှာ အသုံးပြုလာခဲ့ကြပါတယ်။ ၁၉၈၄ ခုနှစ်အထိ MDMA ကို တရားဝင်ရောင်းချခွင့်ပေးခဲ့ပေမယ့် ၁၉၈၅ ခုနှစ်မှာတော့ဘေးကင်းလုံခြုံရေးစိုးရိမ်တာကြောင့် MDMAရောင်းချမှုကို တားမြစ်လိုက်ပါတယ်။ Ecstasy ကိုဆေးပြားအနေနဲ့တွေ့ရများပြီး ထိုးဆေးအနေနဲ့ ထုတ်ထားတာမျိုးလည်းရှိပါတယ်။

Ecstasy ကို အခြားဘယ်လိုတွေခေါ်သေးလဲ

Ecstasy ကို –

  • E.
  • X.
  • XTC.
  • Scooby snacks.
  • Roll.
  • Beans. လို့လည်း အမျိုးမျိုးခေါ်ကြပါသေးတယ်။
  • Ecstasy ကဘယ်လိုမျိုးအကျိုးကျေးဇူးတွေရရှိစေနိုင်လဲ

    အရာရာတိုင်းက တန်ဆေး လွန်ဘေးဆိုတဲ့စကားအတိုင်းပါပဲ။ Ecstasy ကစိတ်ကြွဆေးဆိုပေမယ့် စနစ်တကျအသုံးပြုမယ်ဆိုရင် ကျန်းမာရေးအတွက် အကျိုးပြုတာတွေရှိပါတယ်။ ကျန်းမာရေးအတွက်Ecstasy ကဘယ်လိုအကျိုးပြုပေးလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါ။

    စိတ်ပျော်ရွှင်စေနိုင်ခြင်း

    စိတ်ကိုပျော်ရွှင်ပြီး လန်းဆန်းနေစေပါတယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ ပိုမိုကောင်းမွန်လာပြီး လူတိုင်းနဲ့ အဆင်ပြေပြေဖြစ်စေနိုင်ပါတယ်။Ecstasy ကလူမှုဆက်ဆံရေးအပြုအမူတွေမှာ အဓိကအခန်းကဏ္ဍကနေပါဝင်နေတဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်တဲ့အောက်ဆီတိုစင်ပမာဏကို တိုးမြှင့်ပေးပါတယ်။

    Posttraumatic Stress Disorder (PTSD) ကိုသက်သာစေနိုင်ခြင်း

    MDMA ကိုပြင်းထန်တဲ့စိတ်ကျရောဂါတစ်မျိုးဖြစ်တဲ့Posttraumatic Stress Disorder (PTSD) ကိုကုသရာမှာ အသုံးပြုပေးလို့ရပါတယ်။ MDMA က အဆိုပါ စိတ်ကျဝေဒနာလက္ခဏာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒီဆေးက PTSDကြောင့်ဖြစ်တဲ့ ဦးနှောက် တွင်းကမူမမှန်မှုတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ စိတ်ရောဂါဝေဒနာတွေအတွက် အသုံးဝင်တဲ့ဆေးဝါးတစ်ခုပါ။

    အာရုံကြောထိခိုက်ပျက်ယွင်းတဲ့ဝေဒနာတွေအတွက် အသုံးပြုနိုင်ပါတယ်

    MDMA ကို ပါကင်ဆန်ရောဂါ၊Schizophrenia တို့လိုမျိုး စိတ်ကစဉ့်ကလျားရောဂါ ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

    MDMA က ပါကင်ဆန်ရောဂါကြောင့်ဖြစ်တဲ့ လက်မောင်းနဲ့ခြေထောက်ကြွက်သားတွေလှုပ်ရှားမှုကို မထိန်းချုပ်နိုင်တာ လိုမျိုးရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။Schizophrenia စိတ်ကစဉ့်ကလျားရောဂါကြောင့်ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုလည်း သက်သာလျော့ပါးစေနိုင်စွမ်းရှိပါတယ်။

    ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်စွမ်းရှိခြင်း

    MDMA ကရောင်ရမ်းမှုကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒီဆေးကneutrophilactivity ကိုသက်သာစေနိုင်ပြီးရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့cytokine IL ပမာဏကိုတိုးတက်စေနိုင်ပါတယ်။ အဆစ်အမြစ်တွေနာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်စွမ်းရှိပါတယ်။

    ဆိုးကျိုးတွေကကော ဘာတွေလဲ

    Ecstasy ကိုလိုအပ်တဲ့ ပမာဏက အလွန်အကျွံသုံးစွဲမယ်ဆိုရင် နှလုံး၊ဦးနှောက်၊ အသည်း၊ကျောက်ကပ်တို့ကို ထိခိုက်စေနိုင်ပါတယ်။ အခန့်မသင့်ရင် အသက်သေဆုံးတာမျိုးအထိတောင်ဖြစ်စေနိုင်ပါတယ်။ ဘယ်လိုဆိုးကျိုးတွေဖြစ်စေနိုင်လဲဆိုတာကိုဆက်ပြောပြပေးမယ်နော်။

    • စိတ်ဖိစီးစေတယ်၊ စိတ်ဓါတ်ကျစေနိုင်တယ်
    • စိတ်မူမမှန်တာမျိုးဖြစ်စေနိုင်တယ်
    • ကြွက်သားတွေ နာကျင်ခြင်း
    • ခေါင်းကိုက်ခြင်း
    • ချွေးအရမ်းထွက်တာ
    • ထုံကျဉ်တာ
    • ညီးစီစီဖြစ်တာ
    • ခံတွင်းခြောက်တာ
    • အော့အန်တာ
    • သွေးတိုးတာ
    • နှလုံးခုန်မြန်တာ
    • အာရုံကြောလုပ်ငန်းစဉ်တွေကို ထိခိုက်စေနိုင်တာ
    • ကတုန်ကယင်ဖြစ်တာ
    • အမြင်အာရုံတွေဝေဝါးတာ
    • မေးရိုး၊မျက်နှာနဲ့ ပါးစပ်ကြွက်သားတွေတောင့်တင်းနေတာ
    • သတိလစ်တာ
    • လေဖြတ်တာ
    • ကိုမာဝင်တာ
    • သေဆုံးတာ မျိုးတွေအထိဖြစ်စေနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Dr. Kaung Thar
    Dr. Kaung Thar
    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
    Written by Aye Thi Mon · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။