brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဗိုက်အောင့်သက်သာစေသောဆေးများ

အကြောင်းအမျိုးမျိုးကြောင့် ဗိုက်အောင့်၊ ဗိုက်နာခြင်းတွေဖြစ်ရတတ်ပါတယ်။ အက်စစ်ပြန်ဆန်တက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အစာအိမ်ကြွက်သားများကျုံ့ခြင်း၊ အနာပေါက်ခြင်းတို့ကြောင့် အစာအိမ်နာခြင်းများဖြစ်ရတယ်။ ဗိုက်အောင့် ဗိုက်နာရတဲ့အကြောင်းအရင်းပေါ်မူတည်ပြီး သင့်လျော်တဲ့ကုသမှုတွေကွဲပြားသွားနိုင်ပါတယ်။

ဗိုက်အောင့်သက်သာစေသောဆေးများ

ရင်ပူခြင်း၊ အက်စစ်ပြန်ဆန်တက်ခြင်းအတွက်ဆေးများ

အက်စစ်ပြန်ဆန်တက်ခြင်းအတွက် အစာအိမ်အက်စစ်ကိုလျှော့ချပေးသောဆေးများ၊ အစာမျိုပြွန်ရှုံ့ကြွက်သားသန်မာစေသောဆေးများ သုံးလေ့ရှိပါတယ်။

အစာအိမ်အက်စစ်လျှော့ချသောဆေးများ

အလွယ်တကူဆေးဆိုင်များမှာဝယ်ယူရရှိနိုင်ပြီး simethicone ပါသောဆေးများမှာ လေထခြင်းကိုသက်သာစေပါတယ်။

အက်စစ်လျော့စေသောဆေးများမှာလည်း H-2-receptor blocker လို့ခေါ်ပြီး အလွယ်တကူဝယ်ယူမှီဝဲနိုင်ပါတယ်။ cimetidine (Tagamet HB®), famotidine (Pepcid AC®), nizatidine (Axid AR®), ranitidine (Zantac 75®). တို့ပါဝင်တယ်။ ပိုပြင်းသောဆေးများကိုတော့ ဆရာဝန်အညွှန်းနဲ့မှီဝဲရပါမယ်။

Proton Pump Inhibitor ဆိုသောဆေးများမှာလည်း အက်စစ်ထုတ်လုပ်မှုလျှော့ချပေးပြီး lansoprazole (Prevacid®) , omeprazole (Prilosec®)တို့ပါဝင်တယ်။

အစာမျိုပြွန်ရှုံကြွက်သားသန်မာစေသောဆေးများ

Prokinetic agents ပါသောဆေးတွေက အက်စစ်ပြန်ဆန်တက်ခြင်းကြောင့်ရသော ဗိုက်အောင့်ခြင်းကို အစာအိမ်လှုပ်ရှားမှုမြန်စေခြင်းဖြင့် သက်သာစေပါတယ်။ အစာအိမ်လှုပ်ရှားမှုမြန်ခြင်းကြောင့် အစာများအစာအိမ်ထဲတွင်နေသောအချိန်တိုပြီး အစာအိမ်နာကျင်ခြင်းသက်သာစေတယ်။ ဆရာဝန်များက metoclopramide (Reglan®)ဆေးညွှန်းနိုင်ပြီး ထိုဆေးဟာလူတိုင်းအတွက်တော့ အာနိသင်မရှိဘဲ ဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါတယ်။

ဝမ်းချုပ်ခြင်းအတွက်ဆေးများ

ဝမ်းပျော့ဆေးသုံးနိုင်ပြီး အူလှုပ်ရှားမှုများကောင်းစေသာဆေးများလည်းသုံးနိုင်ပါတယ်။

  • ဝမ်းပျော့ဆေးများ

ဝမ်းပျော့ဆေးတွေဟာ ဝမ်းသွားရာမှာခြောက်သွေ့မှုကင်းပြီး စွန့်ရလွယ်ရန်အရည်ဓါတ်ပိုပါအောင်ကူညီပါတယ်။ ထိုနည်းကိုအစိုင်အခဲဖြစ်ပေါ်စေသောဝမ်းပျော့စေနည်းလို့ခေါ်တယ်။

အသုံးများသောဝမ်းပျော့ဆေးကတော့ ispaghula husk, methylcellulose, sterculia တို့ဖြစ်တယ်။ ထိုဆေးကိုသောက်ပါက အရည်များများသောက်သင့်ပြီး အိပ်ရာဝင်ခါနီးဆေးမသောက်ပါနဲ့၊ အာနိသင်ပြဖို့ ၂ ရက်၊ ၃ ရက်ခန့်ကြာပါလိမ့်မယ်။

တခြားနည်းလမ်းကတော့ osmotic နည်းလမ်းဖြစ်တယ်။ အညစ်အကြေးများမှာအရည်များမပါစေဘဲ၊ အူလမ်းကြောင်းမှာ အရည်ဓါတ်များစေသောနည်းဖြစ်တယ်။ ထိုနည်းဖြင့်မစင်များကိုပျော့သွားစေပြီး ခန္ဓါကိုယ်မှစွန့်ထုတ်ရလွယ်စေပါတယ်။ အထက်နည်းလမ်းအဆင်မပြေပါက ထိုနည်းလမ်းသုံးလေ့ရှိတယ်။

အသုံးများသောဆေးတွေကတော့ lactulose, macrogols တို့ဖြစ်ပြီး ရေအလုံအလောက်သောက်ဖို့တော့လိုပါလိမ့်မယ်။ အာနိသင်ပြဖို့ ၂ ရက်၊ ၃ ရက်လောက်လိုနိုင်တယ်။

အူလှုပ်ရှားမှုကောင်းစေသောဆေးများ

တချို့အူကြွက်သားများအားနည်းခြင်းကြောင့် ဝမ်းသွားရာမှာ အခက်အခဲရှိတတ်ကြပါတယ်။ ဝမ်းအနေအထားကောင်းနေရင်တောင်မှ အူလှုပ်ရှားမှုရိဖို့လိုပါတယ်။ အစာခြေစနစ်တွင်ရှိသော ကြွက်သားများကိုလှုံ့ဆော်ပြီး အညစ်အကြေးများကို ရွေ့လျားအောင်ကူညီပေးပါတယ်။

အသုံးများသောဆေးတွေကတော့- senna, bisacodyl, sodium picosulphate တို့ဖြစ်တယ်။ ၆ နာရီမှ ၁၂ နာရီအတွင်းမှာ အာနိသင်ပြပါတယ်။

အစာအိမ်အနာအတွက်ဆေးများ

အစာအိမ်အနာတွေဟာ များသောအားဖြင့် H. pylori ဘတ်တီးရီးယားကြောင့်ဖြစ်ပြီး မိမိဖာသာသောက်ဆေးများဖြင့် မသက်သာဘဲ H. pylori ကြောင့်ဟုထင်သောအခါ ဆရာဝန်ပြဖို့လိုလာပါလိမ့်မယ်။

အစာအိမ်အတွင်းမှအက်စစ်များကိုလျှော့ရန် အောက်ပါနည်းတွေလိုပါတယ်-

  • Antacid – အစာအိမ်အတွင်းရှိ အက်စစ်များကို ချေဖျက်ပြီး နာကျင်မှုသက်သာစေတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း တို့ဖြစ်နိုင်တယ်။ antacid တွေဟာ နာကျင်ခြင်းကိုသက်သာစေနိုင်ပေမယ့် အစာအိမ်အနာကိုတော့မကုနိုင်ပါဘူး။
  • Acid blockers or histamine blockers – အစာအိမ်ရှိ histamine လက်ခံသောပစ္စည်းများကို ပိတ်ဆို့ခြင်းဖြင့် အက်စစ်ပမာဏကျစေတယ်။ ranitidine (Zantac®), famotidine (Pepcid®), cimetidine (Tagamet®) , nizatidine (Axid®) စတဲ့ ဆေးတွေပါတတ်ပါတယ်။
  • Proton pump inhibitors – proton pump ကိုပိတ်ခြင်းဖြင့် အက်စစ်ထုတ်ခြင်းလျော့စေတယ်။ omeprazole (Prilosec®), lansoprazole (Prevacid®), rabeprazole (Aciphex®), esomeprazole (Nexium®) and pantoprazole (Protonix®တို့ ပါပါတယ်။
  • အစာအိမ်နဲ့ အူနံရံအားကောင်းစေသောဆေးများ – cytoprotective agents များဟုခေါ်ပြီး အစာအိမ်နဲ့ အူကိုကာကွယ်ပေးပါတယ်။ sucralfate (Carafate®) or bismuth subsalicylate (Pepto-Bismol®). စသည်ဖြင့် ညွှန်းနိုင်ပါတယ်။

တကယ်လို့ သင့်အစာအိမ်အနာဟာ H.pylori ကြောင့်ဖြစ်ပါက အထက်ပါဆေးများအပြင် ပဋိဇီဝဆေးများပါသောက်သင့်ပါတယ်။ ဆေးသောက်ရန်အချိန်မှာ ၂ ပတ်မှ ၄ ပတ်ထိကြာနိုင်ပြီး ဘတ်တီးရီးယားရှိနေသေးပါက ဆက်သောက်ရပါမယ်။

ထိုဆေးများကိုသုံးစွဲရန်၊ မှန်ကန်သောပမာဏ၊ အချိန်၊ ဖြစ်နိုင်သောဘေးထွက်ဆိုးကျိုးများနှင့် တခြားသောဆေးများနှင့်ဓါတ်ပြုမှုများအကြောင်းသိရန် ဆရာဝန်၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများနှင့်တိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr.Aye Myat Myat Noe · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။