စိုးရိမ်ပူပန်ခြင်း၊ ထိန်းမရအောင်လန့်ခြင်း၊ စိတ်ကျခြင်းကြောင့်ဖြစ်တဲ့ စိုးရိမ်ပူပန်မှုတွေအတွက် သုံးပါတယ်။
အထက်မှာမဖော်ပြခဲ့တဲ့ မပါတဲ့ရည်ရွယ်ချက်တွေအတွက်လည်း သုံးနိုင်ပါတယ်။
ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးညွှန်းစာမှာပါတဲ့အတိုင်း တိတိကျကျအသုံးပြုသင့်ပါတယ်။ ပိုသောက်တာလျော့သောက်တာ အချိန်ပိုသောက်တာတွေ မလုပ်သင့်ပါဘူး။ သင့်လက္ခဏာတွေကိုကုသရာမှာ ဆေးအလုပ်မလုပ်တော့ဘူးလို့ ယူဆရင် သင့်ဆရာဝန်ကိုပြောပြပါ။
ဆေးကို ချေတာ၊ ဝါးစားတာ၊ ပိုင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။ ဆေးတစ်ပြားလုံးကိုမျိုချရမှာ ဖြစ်ပါတယ်။
ထိန်းမရအောင်လန့်ခြင်း၊ စိုးရိမ်ခြင်းတွေကိုကုသရာမှာ ဆေးအလုပ်လုပ်ခြင်းရပ်သွားပြီလို့ယူဆရင် သင့်ဆရာဝန်ကိုပြောပြပါ။
ရုတ်တရက်ကြီးမရပ်သင့်ပါဘူး။ မကောင်းတဲ့ဆေးရုတ်သိမ်းလိုက်တဲ့လက္ခဏာတွေ ရလာနိုင်ပါတယ်။ ဘယ်လိုစိတ်ချရစွာဆေးရပ်ရမလဲဆိုတာကို သင့်ဆရာဝန်ကို မေးပါ။
ရေရှည်သုံးမယ်ဆိုရင် ဆေးမကြာခဏစစ်ပေးဖို့လိုပါတယ်။
အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့
စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။
မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။
အကျင့်ဖြစ်သွားနိုင်ပါတယ်။ အခြားလူတစ်ယောက်နဲ့ မျှဝေသုံးစွဲခြင်းတွေ မလုပ်သင့်ပါဘူး။ အထူးသဖြင့် ဆေးစွဲဖူးတဲ့လူတွေနဲ့ ဖြစ်ပါတယ်။ အခြားသူတွေမရယူနိုင်တဲ့နေရာမှာ ဆေးကိုထားသင့်ပါတယ်။ အကျင့်ဖြစ်သွားနိုင်တဲ့ဆေးတွေကို တလွဲအသုံးပြုမိခြင်းကြောင့် ဆေးစွဲခြင်း၊ အလွန်အကျွံသုံးစွဲမိခြင်း၊ သေဆုံးခြင်းကိုတောင်ဖြစ်စေနိုင်ပါတယ်။ ရောင်းချခြင်း ပေးကမ်းခြင်းတွေက ဥပဒေနဲ့ဆန့်ကျင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အမေရိကန် အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့အစည်းအရ ကိုယ်ဝန်ဆောင်အန္တရာယ်ရှိနိုင်ချေအုပ်စု Cမှာ ပါဝင်ပါတယ်။
FDA ကိုယ်ဝန်ဆောင်အန္တရာယ်ပေးနိုင်ချေအုပ်စုများအဆင့်သတ်မှတ်ချက်များ
ဒီဆေးကိုအသုံးပြုခြင်းကြောင့် အောက်ပါဘေးထွက်ဆိုးကျိုးတွေ တွေ့နိုင်ပါတယ်။
မူးဝေခြင်း
မောပန်းခြင်း
စကားဝါးခြင်း
ကိုယ့်ကိုယ်ကိုမထိန်းနိုင်ခြင်း
မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာများ
မနက်စောစောပိုင်း စိုးရိမ်ပူပင်ခြင်း
အောက်ပါလက္ခဏာတွေရှိခဲ့မယ်ဆိုရင်
သင့်ဆရာဝန်ကိုချက်ချင်းဆက်သွယ်သင့်ပါတယ်။
စိတ်ကျခြင်း၊ ကိုယ့်ကိုယ်ကိုသတ်သေချင်တဲ့ထိခိုက်နာကျင်စေလိုတဲ့ အတွေးများဖြစ်ပေါ်ခြင်း
စွမ်းအင်များလာခြင်း
ပုံမှန်မဟုတ်တဲ့ အန္တရာယ်ပေးနိုင်တဲ့အမူအကျင့်များ
မရေမရာဖြစ်ခြင်း
စိုးရိမ်ကြောင့်ကြခြင်း
ရန်လိုခြင်း
ထင်ယောင်ထင်မှားဖြစ်ခြင်း
ကြွက်သားလှုပ်ရှားမှုများထိန်းမရခြင်း
တုန်ခြင်း
တက်ခြင်း
ရင်တဒုန်းဒုန်းဆောင့်ခြင်း သို့ တလှပ်လှပ်ခုန်ခြင်း
ဓါတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့ အင်ပျဉ်ထခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ၊နှူတ်ခမ်း၊ လျှာ၊ လည်ချောင်းရောင်ခြင်းတွေ တွေ့ခံဲ့မယ်ဆိုရင် အေရေးပေါ်အကူအညိချက်ချင်းယူသင့်ပါတယ်။
လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။
ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။
အောက်ပါဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေဖြစ်နိုင်ပါတယ်။
အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။
တက်ခြင်း ဝက်ရူးပြန်ခြင်း
ကျောက်ကပ်အသည်းရောဂါ (အထူးသဖြင့် အရက်ကြောင့်ဖြစ်တဲ့အသည်းရောဂါ)
ပန်းနာရင်ကျပ်ရောဂါ သို့ အသက်ရှူခြင်းဆိုင်ရာပြဿနာများ
ရေတိမ်
စိတ်ကျခြင်း၊ ကိုယ့်ကိုယ်ကိုသတ်သေချင်တဲ့ထိခိုက်နာကျင်စေလိုတဲ့ အတွေးများဖြစ်ပေါ်ခြင်းရာဇဝင်ရှိဖူးခြင်း
ဆေးအရက်စွဲဖူးခြင်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
စိုးရိမ်ခြင်းအတွက်
ချက်ချင်းအကျိုးသက်ရောက်မှုရနိုင်သော ဆေးပြားပုံစံ၊ ပါးစပ်အတွင်းမှာပင် ပြိုကွဲသွားသောပုံစံ၊ အခဲသောက်ဆေးပုံစံ
ကနဦးပမာဏ -0.25 to 0.5 mg တစ်နေ့သုံးကြိမ် သောက်ရန် လိုအပ်မယ်သို့ ဆေးမတိုးတော့ဘူးဆိုရင် ၃နာရီ ၄နာရီတိုင်းမှာ တဖြည်းဖြည်းတိုးပေးနိုင်ပါတယ်။
ပုံမှန်ထိန်းထားနိုင်ရန် ပမာဏ – 4 mgထိအများဆုံးအသုံးပြုနိုင်ပြီး ခွဲပေးနိင်ပါတယ်။
ထိန်းမရအောင်ကြောက်လန့်ခြင်းရောဂါအတွက်
ချက်ချင်းအကျိုးသက်ရေက်မှုရနိုင်သော ဆေးပြားပုံစံ၊ ပါးစပ်အတွင်းမှာပင် ပြိုကွဲသွားသောပုံစံ၊
ကနဦးပမာဏ – 0.5 mg တစ်နေ့သုံးကြိမ် သောက်ရန် လိုအပ်မယ်သို့ ဆေးမတိုးတော့ဘူးဆိုရင် ၃နာရီ ၄နာရီတိုင်းမှာ တဖြည်းဖြည်းတိုးပေးနိုင်ပါတယ်။
ပုံမှန်ထိန်းထားနိုင်ရန် ပမာဏ – 1 to 10 mg အများဆုံးအသုံးပြုနိုင်ပြီး ခွဲပေးနိင်ပါတယ်။
ပျမ်းမျှပမာဏ – : 5 to 6 mg တစ်နေ့ ခွဲပေးနိုင်ပါတယ်။
တဖြည်းဖြည်းအကျိုးသက်ရောက်မှုပေးနိုင်သောဆေးပြားပုံစံ
ကနဦးပမာဏ – 0.5 to 1 mg တစ်နေ့တစ်ကြိမ် လိုအပ်မယ်သို့ ဆေးမတိုးတော့ဘူးဆိုရင် ၃နာရီ ၄နာရီတိုင်းမှာ 1 mgထက်မပိုပဲ တဖြည်းဖြည်းတိုးပေးနိုင်ပါတယ်။
ပုံမှန်ထိန်းထားနိုင်ရန် ပမာဏ – 1 to 10 mg တစ်နေ့တစ်ကြိမ်
ပျမ်းမျှပမာဏ – : 3to 6 mg တစ်နေ့တစ်ကြိမ်
စိတ်ကျရောဂါအတွက်
ချက်ချင်းအကျိုးသက်ရေက်မှုရနိုင်သော ဆေးပြားပုံစံ၊ ပါးစပ်အတွင်းမှာပင် ပြိုကွဲသွားသောပုံစံ၊ အခဲသောက်ဆေးပုံစံ
ကနဦးပမာဏ – 0.5 mg တစ်နေ့သုံးကြိမ် သောက်ဆေး။ လိုအပ်မယ်သို့ ဆေးမတိုးတော့ဘူးဆိုရင် ၃ရက်၄ရက်တိုင်းမှာ 1 mgထက်မပိုပဲ တဖြည်းဖြည်းတိုးပေးနိုင်ပါတယ်။
ပျမ်းမျှပမာဏ – : 3 mg သောက်ဆေးနေ့စဉ် ခွဲပေးနိုင်ပါတယ်။
အများဆုံးအသုံးပြုနိုင်သည့်ပမာဏ – အများဆုံးအနေနဲ့ 4.5 mg သောက်ဆေးနေ့စဉ် ခွဲပေးနိင်ပါတယ်။
စိုးရိမ်ခြင်း – အသက်ကြီးသူများအတွက်
ချက်ချင်းအကျိုးသက်ရေက်မှုရနိုင်သော ဆေးပြားပုံစံ၊ ပါးစပ်အတွင်းမှာပင် ပြိုကွဲသွားသောပုံစံ၊
ကနဦးပမာဏ – 0.25 mg သောက်ဆေး တစ်နေ့နှစ်ကြိမ်မှသုံးကြိမ် အသက်ကြီးသူတွေနဲ့ မစွမ်းဆောင်နိုင်သူတွေ သုံးနိုင်ပါတယ်။ လိုအပ်မယ်သို့ ဆေးမတိုးတော့ဘူးဆိုရင် ၃နာရီ ၄နာရီတိုင်းမှာ တဖြည်းဖြည်းတိုးပေးနိုင်ပါတယ်။
အသက်ကြီးသူတွေမှာ benzodiazepines တုံ့ပြန်မှုများလာတဲ့အတွက်ကြောင့် Beers criteriaအတွက် နေ့စဉ် 2 mgထက်ပိုခြင်းက အသက်ကြီးသူတွေအတွက် မသင့်တော်ပါဘူး။ ပမာဏနည်းနည်းကပဲ အကျိုးသက်ရောက်မှုရှိပြီး စိတ်ချရပါတယ်။ နေ့စဉ်အသုံးပြုသင့်တဲ့ပမာဏက ထောက်ခံထားတဲ့အများဆုံးပမာဏကို မကျော်သင့်ပါဘူး။
စိတ်ကျရောဂါ
ချက်ချင်းအကျိုးသက်ရေက်မှုရနိုင်သော ဆေးပြားပုံစံ၊ ပါးစပ်အတွင်းမှာပင် ပြိုကွဲသွားသောပုံစံ၊အခဲသောက်ဆေး
ကနဦးပမာဏ – 0.25 mg သောက်ဆေး တစ်နေ့နှစ်ကြိမ်မှသုံးကြိမ် အသက်ကြီးသူတွေနဲ့ မစွမ်းဆောင်နိုင်သူတွေ သုံးနိုင်ပါတယ်။ လိုအပ်မယ်သို့ ဆေးမတိုးတော့ဘူးဆိုရင် တဖြည်းဖြည်းတိုးပေးနိုင်ပါတယ်။
အသက်ကြီးသူတွေမှာ benzodiazepines တုံ့ပြန်မှုများလာတဲ့အတွက်ကြောင့် Beers criteriaအတွက် နေ့စဉ် 2 mgထက်ပိုခြင်းက အသက်ကြီးသူတွေအတွက် မသင့်တော်ပါဘူး။ ပမာဏနည်းနည်းကပဲ အကျိုးသက်ရောက်မှုရှိပြီး စိတ်ချရပါတယ်။ နေ့စဉ်အသုံးပြုသင့်တဲ့ပမာဏက ထောက်ခံထားတဲ့အများဆုံးပမာဏကို မကျော်သင့်ပါဘူး။
ထိန်းမရအောင် လန့်ခြင်းရောဂါ
ချက်ချင်းအကျိုးသက်ရေက်မှုရနိုင်သော ဆေးပြားပုံစံ၊ ပါးစပ်အတွင်းမှာပင် ပြိုကွဲသွားသောပုံစံ၊အခဲသောက်ဆေး
ကနဦးပမာဏ – 0.25 mg သောက်ဆေး တစ်နေ့နှစ်ကြိမ်မှသုံးကြိမ် အသက်ကြီးသူတွေနဲ့ မစွမ်းဆောင်နိုင်သူတွေ သုံးနိုင်ပါတယ်။ လိုအပ်မယ်သို့ ဆေးမတိုးတော့ဘူးဆိုရင် တဖြည်းဖြည်းတိုးပေးနိုင်ပါတယ်။
တဖြည်းဖြည်းအကျိုးသက်ရောက်မှုပေးနိုင်သောဆေးပြားပုံစံ
ကနဦးပမာဏ – 0. 5 mg တစ်နေ့တစ်ကြိမ် အထူးသဖြင့်မနက်ပိုင်း ။ လိုအပ်မယ်သို့ ဆေးမတိုးတော့ဘူးဆိုရင် တဖြည်းဖြည်းတိုးပေးနိုင်ပါတယ်။
ကလေးတွေအတွက် ပမာဏကိုသတ်မှတ်မထားပါဘူး။ ကလေးတွေအတွက် စိတ်မချရမှုတွေဖြစ်နိုင်ပါတယ်။ အသုံးမပြုခင်မှာ စိတ်ချရမှုနဲ့ပတ်သက်ပြီး ပြည့်ပြည့်ဝဝနားလည်ထားသင့်ပါတယ်။ ပိုပြီးသိလိုတာတွေကို သင့်ဆရာဝန်တတ်ကျွမ်းနားလည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။
ချက်ချင်းအကျိုးသက်ရေက်မှုရနိုင်သော ဆေးပြားပုံစံ၊ ပါးစပ်အတွင်းမှာပင် ပြိုကွဲသွားသောပုံစံ၊
တဖြည်းဖြည်းအကျိုးသက်ရောက်မှုပေးနိုင်သောဆေးပြားပုံစံ
ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။
တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ