Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်)
အသုံးပြုပုံများ
Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) ကို ဘာအတွက်အသုံးပြုကြသလဲ
Tylenol® cold ကိုအအေးမိတုပ်ကွေးလက္ခဏာများဖြစ်သောအပျော့စားနာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ထွက်ခြင်း၊ ချောင်းဆိုးခြင်း၊ လေအိတ်ခေါင်းတွင် အရည်စုခြင်းနှင့် ဖိအားများခြင်းတို့အားခဏတာသက်သာစေရန်အသုံးပြုပါသည်။ နှာလမ်းကြောင်းရှင်းရန်၊ နှာခေါင်းတွင်လေအိတ်ခေါင်းများမှ အရည်များထွက်ရန်နှင့် ခဏတာအဖျားသက်ရန် အသုံးပြုကြပါသည်။
Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) ဘယ်လိုသောက်သုံးသင့်သလဲ
အညွှန်းတွင်ပါသည့်အတိုင်းသို့မဟုတ် ဆရာဝန် ညွှန်ကြားသည့်အတိုင်းတိတိကျကျလိုက်နာပါ။ ညွှန်ကြားထားသောပမာဏထက် ပိုသောက်ခြင်း၊ လျော့သောက်ခြင်း၊ သတ်မှတ်အချိန်ကာလထက် ပိုသောက်ခြင်းများမပြုလုပ်ရပါ။ ဤဆေးကိုလက္ခဏာများသက်သာသွားသည်အထိရေတိုသာအသုံးပြုရပါမည်။
ဆေးကိုအသက် ၁၂ နှစ်အောက်ကလေးများ၌ မပေးရ။ ကလေးအားအအေးမိချောင်းဆိုးပျောက်ဆေးပေးမည်ဆိုပါက ဆရာဝန်ကိုအရင်မေးပါ။
၇ ရက်ဆက်တိုက်ထက်ပိုပြီးမသုံးရပါ။ ဆေးသောက်ပြီး ၃ ရက်မြောက်နေ့အတိအဖျားမကျလျှင်၊ ၇ ရက် (ကလေးဆိုလျှင် ၅ ရက်) မြောက်ထိတိုင် လက္ခဏာများမသက်သာသေးလျှင်၊ လက္ခဏာများပိုဆိုးလာလျှင်၊ အရေပြားတွင်အကွက်များထလာလျှင်၊ ခေါင်းကိုက်ခြင်း၊ နီရဲရောင်ရမ်းခြင်းများဖြစ်လာလျှင် ဆရာဝန်နှင့်ပြန်ပြပါ။
Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) ဘယ်လိုသိမ်းဆည်းရမလဲ
Tylenol® cold ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Tylenol® cold ကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Tylenol® cold ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။
Tylenol® cold အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။
- ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာသုံးစွဲသုံးရမည်ဖြစ်သည်။
- တခြားဆေးများကိုသုံးစွဲနေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ဝယ်ယူနိုင်သည့်ဆေးများဥပမာအပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများ စသည်တို့ပါဝင်ပါသည်။
- Tylenol® coldတွင်ပါသော active agent များ inactive agent များနှင့် ဓါတ်မတည့်မှုရှိလျှင်။
- တခြားသောဖျားနာမှုများ၊ ကမောက်ကမရောဂါများ၊ တခြားကျန်းမာရေးအခြေအနေများရှိနေလျှင်။
ဤဆေးတွင် Acetaminophen ပါဝင်ပါသည်။ ဤဆေးကုန်၏ အများဆုံးပမာဏမှာ ၂၄ နာရီအတွင်း ၁၀ တောင့် (3250 mg) ဖြစ်သည်။
- Acetaminophen 4000 mg ကို ၂၄ နာရီအတွင်းသောက်လျှင်
- ဤဆေးကိုသောက်နေစဉ် တစ်ရက်ကိုအရက် ၃ ခွက်နှင့်အထက်သောက်လျှင်
အသည်းကို ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်ပါသည်။
၂ ရက်ထက်ပိုပြီးလည်ချောင်းနာခြင်းမှာ ဆိုးဝါးလာလျှင် သို့မဟုတ် ပျောက်မသွားလျှင်၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အကွက်ထခြင်း၊ ပျို့ခြင်း၊ အန်ခြင်းတို့ပါတွဲလာလျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။
သွေးကျဲဆေး ဝါဖရင်ကိုသောက်နေရလျှင် ဤဆေးမသောက်ခင် ဆရာဝန်ကိုမေးပါ။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Nရှိသည်ဟုသတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။
- A=ဆိုးကျိုးမရှိပါ။
- B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
- C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
- D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
- X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
- N=အခြေအနေကိုမသိရသေးပါ။
ဘေးထွက်ဆိုးကျိုးများ
Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
အောက်ပါတို့ဖြစ်လာလျှင် ဆေးကိုရပ်ပြီး ဆရာဝန်နှင့်ပြပါ။
- စိတ်လှုပ်ရှားခြင်း၊ ခေါင်းမူးခြင်း၊ အိပ်ငိုက်ခြင်း
- ၇ ရက်ထက်ပိုပြီး နှာရည်ထွက်ခြင်း၊ နှာခေါင်းနာခြင်းဖြစ်နေလျှင်၊ ပိုဆိုးလာလျှင်
- ၃ ရက်ထက်ပိုကြားအောင် ဖျားလျှင်၊ ပိုဆိုးလာလျှင်
- နီခြင်းရောင်ခြင်းများရှိလျှင်
- လက္ခဏာအသစ်များပေါ်လာလျှင်
- ချောင်းပြန်ဆိုးလာလျှင် သို့မဟုတ် ခေါင်းကိုက်ခြင်းအကွက်ထခြင်းများဖြစ်လျှင်
၎င်းတို့က ပြင်းထန်သောအခြေအနေ၏လက္ခဏာများ ဖြစ်နေနိုင်ပါသည်။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Tylenol® cold သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းစသည်တို့ မပြုလုပ်ပါနှင့်။
အစားအသောက်တွေနဲ့ အရက်က Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) နဲ့ ဓါတ်ပြုနိုင်သလား
Tylenol® cold က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Tylenol® cold သည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။
ဤဆေးနှင့်ဓါတ်ပြုနိုင်သောရောဂါများ
- အသည်းရောဂါ
- နှလုံးရောဂါ
- သွေးတိုးရောဂါ
- သိုင်းရွိုက်ရောဂါ
- ဆီးချို
- ဆီးကြိတ်ကြီးပြီးဆီးသွားရခက်ခြင်း
- ချောင်းဆိုးခြင်း၊ ပန်းနာရင်ကြပ်ခြင်းနှင့် Emphysema ကြောင့်ဖြစ်သောချောင်းဆိုးခြင်း
- သလိပ်အများကြီးထွက်ပြီးချောင်းဆိုးခြင်း
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
၄ နာရီခြားတိုင်းဆေး ၂ တောင့်သောက်ပါ။
ဆေးတစ်လုံးလုံးကိုမျိုချပါ။ ကြိတ်ချေခြင်း၊ ဝါးခြင်း၊ ဖျော်ခြင်းများမပြုလုပ်ရ။ ဆေးကို ၂၄ နာရီအတွင်း ၁၀ ကျော်အောင်မသောက်ရပါ။
ကလေးတွေအတွက် Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
အသက် ၁၂ နှစ်နှင့်အထက်ကလေးများ
- ၄ နာရီခြားတိုင်းဆေး ၂တောင့်သောက်ပါ။
- ကြိတ်ချေခြင်း၊ ဝါးခြင်း၊ ဖျော်ခြင်းများမပြုလုပ်ရ။
- ဆေးကို ၂၄ နာရီအတွင်း ၁၀ ကျော်အောင်မသောက်ရပါ။
အသက် ၁၂ နှစ်အောက်ကလေးများ – ဆရာဝန်ကိုမေးပါ။
Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) ကိုဘယ်လိုရရှိနိုင်သလဲ
Tylenol® cold ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။
- Caplets (Daytime), Acetaminophen (325 mg), Dextromethorphan HBr (10 mg), Phenylephrine HCl (5 mg)
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Tylenol® cold ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ