အသုံးပြုပုံများ
Tozaar (တောဇ်ဇာ) ကို ဘာအတွက်အသုံးပြုကြသလဲ
Tozaar ကို အောက်ပါ အခြေအနေများ ကုသခြင်း၊ ထိန်းချုပ်ခြင်း၊ ကာကွယ်ခြင်း၊ တိုးတက်စေခြင်း တို့အတွက် အများအားဖြင့် အသုံးပြုကြပါတယ်။
- သွေးဖိအားများခြင်း
- သွေးဖိအားများသောလူနာတွေမှာဖြစ်တဲ့ ကျောက်ကပ်ရောဂါ
- ဆီးချိုရောဂါ ပုံစံ၂ လူနာတွေမှာဖြစ်တဲ့ ကျောက်ကပ်ရောဂါ
- မွေးရာပါ နှလုံးရောဂါ
- နှလုံးမူမမှန်တဲ့ လူနာတွေမှာ ဖြစ်တဲ့ လေသင်တုန်း ဖြတ်ခြင်း
- သွေးဖိအားများသော လူနာတွေမှာ ဖြစ်တဲ့ လေသင်တုန်း ဖြတ်ခြင်း
Tozaar (တောဇ်ဇာ) ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။
Tozaar ကို အစာနဲ့ သို့မဟုတ် အစာ မပါပဲ သုံးစွဲနိုင်ပါတယ်။ သင့်သွေးပေါင်ချိန် ပုံမှန်ဖြစ်ဖို့ တစ်လလောက် အချိန်ယူရပါမယ်။ ဆရာဝန်နဲ့ မတိုင်ပင်ပဲ ဆေးကို ဖြတ်လို့ မရပါဘူး။
Tozaar (တောဇ်ဇာ) ကိုဘယ်လို သိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။
Tozaar ကို အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Tozaar ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Tozaar ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)
Tozaar ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Tozaar (တောဇ်ဇာ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
ဒီဆေးသုံးနေစဉ် အောက်ပါအချက်အလက်တွေ သတိပြုသင့်ပါတယ်။
- ပုံစံ ရုတ်တရက် ပြောင်းခြင်း ရှောင်ပါ
- ဆေးရပ်ခြင်းကို ၇ရက်မှ ၁၄ရက်အထိ လူနာကို စောင့်ကြည့်ရင်း ဖြည်းဖြည်းချင်း ပြုလုပ်ရပါမယ်။
- ကားမောင်းခြင်း၊ စက်အကြီးစားများ မောင်းခြင်း မပြုလုပ်ရ။
- Atenolol သုံးစွဲခြင်းကို ရုတ်တရက် မရပ်ရ
- မေ့သွားတဲ့ ဆေးအကြိမ်အတွက် ၂ဆ မသောက်ရ
- Tozaar နဲ့ ဓါတ်မတည့်ရင် မသုံးရ။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် D ရှိသည်ဟုသတ်မှတ်ထားသည်။)
အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။
- A=ဆိုးကျိုးမရှိပါ။
- B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
- C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
- D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
- X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
- N=အခြေအနေကိုမသိရသေးပါ။
ဘေးထွက်ဆိုးကျိုးများ
Tozaar (တောဇ်ဇာ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
ဒီဘေးထွက်ဆိုးကျိုးတွေက ဖြစ်နိုင်ပေမယ့် အမြဲတမ်းတော့ မဟုတ်ပါဘူး။ တချို့က ဖြစ်ခဲပေမယ့် ပြင်းထန်တတ်ပါတယ်။ အောက်ပါ ဘေးထွက်ဆိုးကျိုးတွေ ကြုံတွေ့ရင် အထူးသဖြင့် မပျောက်ရင် သင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။
- ခြေလက်အေးခြင်း
- နှလုံးခုန်နှုန်းနှေးလာခြင်း
- အိပ်ရေးပျက်ခြင်း
- အထိအခိုက်မခံနိုင်ခြင်း
- စိတ်ပျံ့လွင့်ခြင်း
- ကြွက်သားနာကျင်ခြင်း
- မူးဝေခြင်း
- နွမ်းနယ်ခြင်း
- ချောင်းဆိုးခြင်း
- လည်ချောင်းယားယံခြင်း
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Tozaar (တောဇ်ဇာ) နဲ့ ဓါတ်ပြုနိုင်သလဲ
Tozaar ဟာ သင်အခုလောလောဆယ် သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)
ဒီဆေးနဲ့ မတည့်တာတွေက
- Amturnide
- Tekturna
- Tekamlo
- Valturn
အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေကTozaar (တောဇ်ဇာ) နဲ့ ဓါတ်ပြုနိုင်ပါသလား။
Tozaar က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်လိုကျန်းမာရေးအခြေအနေတွေကTozaar (တောဇ်ဇာ) နဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။
Tozaar ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေး အခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။
အဲ့ဒီ ကျန်းမာရေးအခြေအနေတွေကတော့
- ကျောက်ကပ်ရောဂါ
- အသည်းရောဂါ
- နှလုံးရောဂါ
- ကိုယ်တွင်း လျှပ်ရည် မညီမျှခြင်း (သွေးတွင်း potassium ပမာဏ နည်းခြင်း)
- ရေဓါတ်ခမ်းခြင်း
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Tozaar (တောဇ်ဇာ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ဆီးချိုရောဂါ
အစပိုင်း ဆေးပမာဏက တစ်ရက်ကို ၅၀mg တစ်ကြိမ်။
နောက်ပိုင်းမှာ ၂၅mg ကနေ ၁၀၀mg ကို ၁ကြိမ်မှ ၂ကြိမ်ထိ ခွဲသောက်နိုင်ပါတယ်။
သွေးတိုးရောဂါ
အစပိုင်း ဆေးပမာဏက တစ်ရက်ကို ၅၀mg တစ်ကြိမ်။
နောက်ပိုင်းမှာ ၂၅mg ကနေ ၁၀၀mg ကို ၁ကြိမ်မှ ၂ကြိမ်ထိ ခွဲသောက်နိုင်ပါတယ်။
ကလေးငယ်တွေမှာTozaar (တောဇ်ဇာ)ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။
ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။
Tozaar (တောဇ်ဇာ) ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။
Toplexil ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။
- Tozaar ၅၀mg ဆေးပြား
အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။
Tozaar ကို သုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင် သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmi]
















