brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

မျှဝေပါ။

Solmux Broncho (ဆောလ်မြူစ်)

အသုံးပြုပုံများ

Solmux Broncho (ဆောလ်မြူစ်) ကို ဘာအတွက်အသုံးပြုကြသလဲ

အသက်ရှုလမ်းကြောင်းပြဿနာများ (ဥပမာ ရုတ်တရက် လေပြွန်ရောင်ခြင်း၊နာတာရှည် လေပြွန်ရောင်ခြင်း၊ပန်းနာရင်ကျပ်ထခြင်း စသည်)ကြောင့် ဖြစ်သော ချောင်းဆိုးချွဲကျပ်ခြင်းများကို သက်သာပျောက်ကင်းစေရန် Solmux Broncho ကို အများဆုံး အသုံးပြုပါသည်။

Solmux Broncho (ဆောလ်မြူစ်) ဘယ်လိုသောက်သုံးသင့်သလဲ

Solmux Broncho ကို သောက်ဆေးအဖြစ် ဆရာဝန် ညွှန်ကြားထားတဲ့အတိုင်း သောက်သုံးနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားထားတဲ့ ပမာဏထက်ပိုသောက်ခြင်း၊ညွှန်ကြားထားတဲ့ ကာလထက် ပိုသောက်ခြင်းတို့ကို ရှောင်ကျဉ်ရမှာဖြစ်ပြီး ဆေးညွှန်းကို အတိအကျ လိုက်နာရမှာ ဖြစ်ပါတယ်။ မရှင်းလင်းတဲ့ အချက်တွေရှိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

Solmux Broncho (ဆောလ်မြူစ်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Solmux Broncho ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Solmux Broncho ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Solmux Broncho ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Solmux Broncho ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Solmux Broncho ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Solmux Broncho (ဆောလ်မြူစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးသုံးစွဲနေရင်း အောက်ဖော်ပြပါ အချက်တွေ ပေါ်ပေါက်လာရင် ဆရာဝန်ကို အသိပေးပါ။

  • ရက်သတ္တပတ် သုံးပတ်ထက်ပိုပြီး ချောင်းဆိုးခြင်း။
  • ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာခြင်း။
  • ချောင်းဆိုးခြင်းနဲ့အတူ မကြာခဏဖျားခြင်း၊ဆေးသောက်ပြီးချိန်တွင် ဗိုက်နာဗိုက်အောင့်ခြင်း၊ရင်ပူခြင်း။

ရောဂါလက္ခဏာအသစ်များ ပေါ်ပေါက်လာခြင်း၊မူမမှန်လက္ခဏာများ ပေါ်ပေါက်လာခြင်း။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Solmux Broncho (ဆောလ်မြူစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ဒီဆေးကို ကျိန်းသေပေါက် သုံးစွဲဖို့ လိုအပ်တယ်ဆိုမှသာ ကိုယ်ဝန်ပထမသုံးလပတ်မှာ သုံးစွဲသင့်ပါတယ်။

မိခင်နို့ထဲမှာ ဒီဆေးပါလာခြင်း ရှိမရှိ သေချာစွာ မသိရသေးပါဘူး။ ဆေးမသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Solmux Broncho (ဆောလ်မြူစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Solmux Broncho ရဲ့ ဘေးထွက်ဆိုးကျိုးအချို့က

  • အရေပြားတွင် အနီစက်များ ထွက်ခြင်း။
  • ပျို့အန်မအီမသာဖြစ်ခြင်း။
  • ခေါင်းကိုက်ခြင်း။
  • ကြွက်သားနာခြင်း။
  • မူးဝေထိုင်းမှိုင်းခြင်း။
  • ဆီးမအောင့်နိုင်ခြင်း။
  • လက်တုန်ခြင်း။
  • စိုးရိမ်ပူပန်စိတ်များခြင်း။
  • ကြွက်တက်ခြင်း။
  • ရင်တုန်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Solmux Broncho (ဆောလ်မြူစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Solmux Broncho ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အောက်ပါဆေးတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။

 Sodium amoxicillin

 Cimetidine

 Salbutamol

အစားအသောက်တွေနဲ့ အရက်က Solmux Broncho (ဆောလ်မြူစ်) နဲ့ ဓါတ်ပြုနိုင်သလား

Solmux Broncho က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Solmux Broncho (ဆောလ်မြူစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Solmux Broncho ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်(အထူးသဖြင့် မကြာသေးမီက အစာအိမ်နဲ့ အူလမ်းကြောင်း သွေးယိုစီးတဲ့ ပြဿနာ ဖြစ်ပွားဖူးရင်)။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Solmux Broncho (ဆောလ်မြူစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သတ်မှတ်ထားတဲ့ ပမာဏက တခါသောက်ရင် ဆေးတောင့် ၁ – ၂ တောင့် ဒါမှမဟုတ် လက်ဖက်ရည်ဇွန်း ၁ – ၂ ဇွန်းခန့်ကို တနေ့သုံး၊လေးကြိမ်လောက် သောက်ရပါမယ်။

ကလေးတွေအတွက် Solmux Broncho (ဆောလ်မြူစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက် ၇ – ၁၂ နှစ်ကြား ကလေးငယ်တွေအတွက် တခါသောက်ရင် လက်ဖက်ရည်ဇွန်းဝက်ကနေ တဇွန်းလောက်ကို တနေ့သုံး၊လေးကြိမ်လောက် သောက်ရပါမယ်။ အသက် ၂နှစ်မှ ၆နှစ်အထိ ကလေးငယ်တွေမှာတော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိုက်ရပါမယ်။

Solmux Broncho (ဆောလ်မြူစ်) ကိုဘယ်လိုရရှိနိုင်သလဲ

Solmux Broncho ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • အရွယ်ရောက်ပြီးသူတွေအတွက် ထုတ်လုပ်ထားတဲ့ ဆေးတောင့်တတောင့် ဒါမှမဟုတ် ဆေးရည်ငါးစီစီ (လက်ဖက်ရည်တဇွန်းစာ)မှာ salbutamol နှစ်မီလီဂရမ်နဲ့ carbocisteine ၅၀၀ မီလီဂရမ်တို့ ပါဝင်ပါတယ်။
  • ကလေးသောက် ဆေးရည်ငါးစီစီ (လက်ဖက်ရည်တဇွန်းစာ)မှာ salbutamol ၁မီလီဂရမ်နဲ့ carbocisteine ၁၂၅ မီလီဂရမ်တို့ ပါဝင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Solmux Broncho ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။