အဆစ်ရောင်လေးဘက်နာရောဂါနဲ့ အရိုးအဆစ်ရောင်ရောဂါတွေအတွက် သုံးနိုင်ပါတယ။် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ အဆစ်များတောင့်ခြင်းကို သက်သာစေပါတယ်။ စတီးရွိုက်အမျိုးအစားမဟုတ်တဲ့ အရောင်ကျဆေးအမျိုးအစားဖြစ်ပါတယ်။ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို ဖြစ်စေနိုင်တဲ့ဟော်မုန်းတွေကို လျှော့ချပေးပါတယ်။
ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အစာမပါဘဲသို့ အစာနဲ့တွဲပြီးအသုံးပြုနိုင်ပါတယ်။ တစ်နေ့တစ်ကြိမ်၊ ရေတစ်ခွက်အပြည့်နဲ့သောက်ပေးရမှာဖြစ်ပါတယ်။ ဆဆရာဝန်မပြောမချင်းသောက်ပေးနိုင်ပါတယ်။ ဆေးသောက်ပြိးပြီးချင်း အနည်းဆုံး၁၀အတွင်း လှဲလျောင်းခြင်းမျိုးရှောင်သင့်ပါတယ်။
အမှုန့်ပါအရည်ပုံစံဆေးကိုမတိုင်းခင်မှာ သေချာခါပေးသင့်ပါတယ်။
ဗိုက်အောင့်ခြင်းဖြစ်ခဲ့မယ်ဆိုရင် အစာ၊နို့၊ အက်ဆစ်ဆန့်ကျင်ဆေးတွေနဲ့တွဲသောက်နိုင်ပါတယ်။ သေစေနိုင်တဲ့နှလုံးရောဂါ၊ လေဖြတ်ခြင်းတွေကို ဖြစ်နိုင်ချေများစေပါတယ်။ အထူးသဖြင့် ဆေးပမာဏအများကြီးကို အချိန်အကြာကြီးအသုံးပြုနေမယ် သို့ နှလုံးရောဂါရှိတယ်ဆိုရင် ဖြစ်ပါတယ်။ နှလုံးခွဲစိတ်မှုတွေမပြုလုပ်ခင်နဲ့ ပြုလုပ်ပြိးမှာ ဒီဆေးကိုအသုံးမပြုပါဘူး
အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့
စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။
မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။
သေစေနိုင်တဲ့နှလုံးရောဂါ၊ လေဖြတ်ခြင်းတွေကို ဖြစ်နိုင်ချေများစေပါတယ်။ အထူးသဖြင့် ဆေးပမာဏအများကြီးကို အချိန်အကြာကြီးအသုံးပြုနေမယ် သို့ နှလုံးရောဂါရှိတယ်ဆိုရင် ဖြစ်ပါတယ်။ နှလုံးခွဲစိတ်မှုတွေမပြုလုပ်ခင်နဲ့ ပြုလုပ်ပြိးမှာ ဒီဆေးကိုအသုံးမပြုပါဘူး
သေစေနိုင်တဲ့အစာအိမ်အူသွေးယိုခြင်းကို ဖြစ်စေနိုင်ပါတယ်။ အသုံးပြုနေစဉ်အတွင်း အထူးသဖြင်း့လူကြိးတွေမှာ သတိပေးလက္ခဏာတွေမပေါ်ဘဲ ဖြစ်လာနိုင်ပါတယ်။ အခြားအအေးမိခြင်း၊ ဓါတ်မတည့်ခြင်း၊ အနာကျဆေးတွေအသုံးမပြုခင်မျာ ဆရာဝန်သို့ဆေးဝါးကျွမ်းကျင်သူတွေကို မေးသင့်ပါတယ်။ meloxicamအလားတူဆေးတွေကို ပေါင်းစပ်ဆေးတွေအနေနဲ့တွေ့ရပါတယ်။
NSAID (non-steroidal anti-inflammatory drug)ပါဝင်တဲ့ aspirin, ibuprofen, ketoprofen, or naproxenကဲ့သို့သောဆေးတွေကို ဆေးညွှန်းစာမှာသေချာကြည့်သင့်ပါတယ်။
သေစေနိုင်တဲ့နှလုံးရောဂါ၊ လေဖြတ်ခြင်းတွေကို ဖြစ်နိုင်ချေများစေပါတယ်။ အထူးသဖြင့် ဆေးပမာဏအများကြီးကို အချိန်အကြာကြီးအသုံးပြုနေမယ် သို့ နှလုံးရောဂါရှိတယ်ဆိုရင် ဖြစ်ပါတယ်။ နှလုံးရောဂါမရှိတဲ့လူတွေမှာတောင် ဒီဆေးအသုံးပြုနေစဉ်မှာ လေဖြတ်ခြင်း၊ နှလုံးရောဂါဖောက်ခြင်းတွေဖြစ်နိုင်ပါတယ်။
နှလုံးခွဲစိတ်မှုတွေမပြုလုပ်ခင်နဲ့ ပြုလုပ်ပြိးမှာ ဒီဆေးကိုအသုံးမပြုပါဘူး။
ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
တွေ့ရများတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့
ပြင်းထန်တဲ့ဓါတ်မတည့်မှုများ ( အဖုအပိမ့်ထခြင်း၊ အင်ပျဉ်ထခြင်း၊ ယားခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ ပါးစပ်မျက်နှာနှုတ်ခမ်းလျှာရောင်ခြင်း၊ လည်ပင်းရောင်ခြင်းတွေရှိခဲ့မယ်ဆိုရင် အရေးပေါ်အကူအညီချက်ချင်းခေါ်သင့်ပါတယ်။
နှလုံးဖောက်ခြင်းသို့လေဖြတ်ခြင်း ၊ မေးရိုးပုခုံးတွေထိပါအောင့်လောက်အောင် ရင်ဘတ်အောင့်ခြင်း၊ ရုတ်တရက်ထုံခြင်း ခန္ဓါကိုယ်တစ်ခြမ်းအားနည်းခြင်း၊ စကားဝါးခြင်း၊ အသက်ရှူမဝခြင်းစတဲ့းလက္ခဏာတွေ ရှိခဲ့မယ်ဆိုရင် အရေးပေါ်အကူအညီချက်ချင်းယူသင့်ပါတယ်။
လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။
ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။
အပြန်အလှန်သက်ရောက်နိုင်တဲ့ဆေးတွေကတော့
အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။
အပြန်အလှန်သက်ရောက်မှုပေးနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေကတော့
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရိုးအဆစ်ရောင်ခြင်းအတွက်
အစောပိုင်းပမာဏ- 7.5 mgသောက်ဆေး တစ်နေ့တစ်ကြိမ်
ရောဂါထိန်းသိမ်းရန်ဆက်အသုံးပြုသင့်သည့်ပမာဏ- 7.5 mgသောက်ဆေး တစ်နေ့တစ်ကြိမ်
လေးဘက်နာအဆစ်ရောင်ခြင်းအတွက်
အစောပိုင်းပမာဏ- 7.5 mgသောက်ဆေး တစ်နေ့တစ်ကြိမ်
ရောဂါထိန်းသိမ်းရန်ဆက်အသုံးပြုသင့်သည့်ပမာဏ- 7.5 mgသောက်ဆေး တစ်နေ့တစ်ကြိမ်
အများဆုံးအသုံးပြုနိုငိသည့်ပမာဏ- 15 mgသောက်ဆေး တစ်နေ့တစ်ကြိမ်
အမှုန့်ပါအရည်သောက်ဆေးပုံစံ- meloxicam 7.5mg in 5Ml
ဆေးပြားများနှင့် အမှုန့်ပါအရည်သောက်ဆေးပုံစံ- meloxicam 7.5mg
ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။
တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ