Menthol ကို သာမန်နာကျင်ခြင်းများ (ဥပမာ။ ။ အဆစ်အမြစ်ရောင်ခြင်း၊အရွတ်များရောင်ခြင်း၊ကြွက်သားဒါဏ်ဖြစ်ခြင်း၊နာခြင်း၊ခါးနာခြင်း၊သွေးခြေဥပြီး နာကျင်ခြင်း၊ကြွက်တက်သဖြင့် ကြွက်သားနာကျင်ခြင်း စသည်)ကို သက်သာစေရန် အသုံးပြုသည်။ သင့်ဆရာဝန်ညွှန်ကြားသော အခြားသင့်တော်သည့် အခြေအနေများတွင်လည်း သုံးနိုင်သည်။
menthol ခရင်မ်ကို နာကျင်သည့်နေရာတွင် လိမ်းပေးခြင်းအားဖြင့် သာမန်နာကျင်မှုများကို ယာယီသက်သာစေသည်။
menthol ခရင်မ်ကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း အသုံးပြုပါ။ ဆေးပမာဏ အတိအကျကို သိရှိနိုင်စေရန် ဆေးညွှန်းကို သေချာစွာ ဖတ်ပါ။ menthol ခရင်မ်ကို အသုံးမပြုမီနှင့် အသုံးပြုပြီးချိန်တွင် လက်ကို သေချာစွာ ဆေးပါ။ ဆေးလိမ်းထားသော နေရာကို ပတ်ထားခြင်း၊ ပတ်တီးစည်းခြင်း သို့မဟုတ် ရေနွေးအိတ်ကပ်ခြင်းများ မပြုရ။ တနေ့လျှင် လေးကြိမ်ထက် ပို မလိမ်းရပါ။ အကယ်၍ ဆေးလိမ်းရန် မေ့သွားပါက သတိရသော အချိန်တွင် အမြန်လိမ်းပါ။ ထို့နောက် ဆရာဝန် ညွှန်ကြားသည့် အတိုင်း သို့မဟုတ် ဆေးညွှန်းတွင်ရေးထားသည့်အတိုင်း ဆက်လက် အသုံးပြုပါ။
menthol ခရင်မ် အသုံးပြုခြင်းနှင့် ပတ်သက်ပြီး မရှင်းလင်းသည်များရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းပါ။
[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Menthol ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Menthol ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Menthol ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)
Menthol ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)
Menthol ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
menthol ခရင်မ်ကို အသုံးမပြုမီ အောက်ပါအချက်များရှိနေလျှင် ဆရာဝန်ကို ပြောပြပါ။
-ကိုယ်ဝန်ရှိနေလျှင် (အထူးသဖြင့် လ အတော်ရင့်နေလျှင်)၊ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်၊ဆေးသောက်နေရင်း ကိုယ်ဝန်ရှိလာလျှင် ။
-သင်လက်ရှိ သုံးစွဲနေသော ဆေးများ သို့မဟုတ် သုံးစွဲရန် အစီအစဉ်ရှိသည့် ဆေးများ (ဆရာဝန်ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊ဗီတာမင်အားဆေး၊သဘာဝအားဖြည့်ပစ္စည်းများ အားလုံးပါဝင်သည်)ကို သင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။
-ဆေး၊အစားအသောက် သို့မဟုတ် အရာဝတ္ထုတခုခုနှင့် ဓါတ်မတည့်ခြင်းများရှိလျှင်။
-ဆေးလိမ်းသော နေရာတွင် ရှရာ၊ပွန်းရာ၊အရေပြားပြဲလန်ထိခိုက်ရာများ ရှိနေလျှင်။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)
ဆေးများအားလုံးသည် ဘေးထွက်ဆိုးကျိုးများကို အနည်းနှင့် အများ ဖြစ်စေသည်ချည်းဖြစ်ပါသည်။ သို့သော် လူအများစုတွင် ပြင်းထန်သော လက္ခဏာများ ခံစားရလေ့မရှိပါ။ မည်သို့ပင်ဆိုစေ အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရလျှင် သို့မဟုတ် ဆေးလိမ်းထားသော နေရာတွင် နီရဲရောင်ရမ်းနာကျင်လာလျှင် အရေးပေါ်ကုသမှုကို ခံယူရပါမည်။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)
Menthol ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)
Menthol က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
Menthol ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ }
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေမှာ Menthol ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။
-ချောင်းဆိုးခြင်းအတွက်
Menthol ငုံဆေးရည် :
လည်ချောင်းနာခြင်းအတွက် နှစ်နာရီခြား တခါ(လိုအပ်လျှင် လိုအပ်သလို) ပါးစပ်ထဲသို့ Menthol အရည် တစက် ဖြည်းညင်းစွာ ချပေးပါ။ ချောင်းဆိုးခြင်းအတွက် တစ်နာရီခြား တခါ(လိုအပ်လျှင် လိုအပ်သလို) ပါးစပ်ထဲသို့ Menthol အရည် တစက် ဖြည်းညင်းစွာ ချပေးပါ။
-နာကျင်ခြင်းအတွက်
Menthol 2% ဂျဲလ်၊ 2.5% ဂျဲလ်၊ Menthol 5%ကပ်ခွာ၊ 1.4%ကပ်ခွာ၊ 1.25%ကပ်ခွာ။
Menthol 7% လိမ်းဆေးဂျဲလ် : နာကျင်သော နေရာကို တနေ့လျှင် သုံးလေးကြိမ်ခန့် လိမ်းပေးပါ။
Menthol 6%ဖြန်းဆေး ၊10% ဖြန်းဆေး : နာကျင်သော နေရာကို တနေ့လျှင် သုံးလေးကြိမ်ထက် မပိုစေဘဲ ဖြန်းပေးပါ။
-ယားယံခြင်းအတွက်
Menthol 0.15% သို့မဟုတ် 0.5% လိုးရှင်း : နာကျင်သော နေရာကို တနေ့လျှင် သုံးလေးကြိမ်ခန့် လိမ်းပေးပါ။
{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)
-ချောင်းဆိုးခြင်းအတွက်
Menthol ငုံဆေးရည် : အသက် လေးနှစ် နှင့်အထက်ကလေးများအတွက်
လည်ချောင်းနာခြင်းအတွက် နှစ်နာရီခြား တခါ(လိုအပ်လျှင် လိုအပ်သလို) ပါးစပ်ထဲသို့ Menthol အရည် တစက် ဖြည်းညင်းစွာ ချပေးပါ။ ချောင်းဆိုးခြင်းအတွက် တစ်နာရီခြား တခါ(လိုအပ်လျှင် လိုအပ်သလို) ပါးစပ်ထဲသို့ Menthol အရည် တစက် ဖြည်းညင်းစွာ ချပေးပါ။
-နာကျင်ခြင်းအတွက်
Menthol 1.4%ကပ်ခွာ၊ 1.25%ကပ်ခွာ၊ Menthol 7% လိမ်းဆေးဂျဲလ် :
အသက်၁၂နှစ် နှင့်အထက် : နာကျင်သော နေရာကို တနေ့လျှင် သုံးလေးကြိမ်ခန့် ကပ်ပေး/လိမ်းပေးပါ။
Menthol 5%ကပ်ခွာ :
အသက်ဆယ်နှစ်နှင့်အထက် : နာကျင်သော နေရာကို တနေ့လျှင် သုံးလေးကြိမ်ခန့် ကပ်ပေးပါ။
Menthol 6%ဖြန်းဆေး :
အသက်၁၃ နှစ် နှင့်အထက် : နာကျင်သော နေရာကို တနေ့လျှင် သုံးလေးကြိမ်ထက် မပိုစေဘဲ ဖြန်းပေးပါ။
Menthol 2% လိမ်းဆေးဂျဲလ် :
အသက် ၂နှစ် နှင့်အထက် : နာကျင်သော နေရာကို တနေ့လျှင် သုံးလေးကြိမ်ခန့် လိမ်းပေးပါ။
Menthol 2.5% လိမ်းဆေးဂျဲလ် :
အသက်၁၂နှစ် နှင့်အထက် : နာကျင်သော နေရာကို တနေ့လျှင် သုံးလေးကြိမ်ထက် မပိုစေဘဲ လိမ်းပေးပါ။
-ယားယံခြင်းအတွက်
Menthol 0.15% သို့မဟုတ် 0.5% လိုးရှင်း : နာကျင်သော နေရာကို တနေ့လျှင် သုံးလေးကြိမ်ခန့် လိမ်းပေးပါ။
Menthol ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
လိမ်းဆေးရည် : 27mg/g
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)
Menthol ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ