Levothyroxine ကို သိုင်းရွိုက်အကြိတ် သိပ်ပြီးအလုပ်မလုပ်
တဲ့ (hypothyroidism) ကို ကုသမှုပေးရာမှာအသုံးပြုလေ့ရှိ
ပါတယ်။ ၎င်းက ပုံမှန် သိုင်းရွိုက် အကြိတ်ကထုတ်တဲ့ သိုင်း
ရွိုက်ဟော်မုန်းကို ပိုပြီး ထုတ်စေပါတယ်။ သိုင်းရွိုက်ဟော်မုန်း
ပမာဏက သဘာဝအတိုင်းနည်းနေနိုင်တာရှိသလို သို့မဟုတ် သိုင်းရွိုက်အကြိတ်က ဓါတ်ရောင်ခြည်သင့်ခြင်း၊
ဆေးသောက်ခြင်း သို့မဟုတ် ခွဲစိတ်ခြင်းကြောင့် တို့လည်း
နည်းနေနိုင်ပါတယ်။ လုံလောက်တဲ့သိုင်းရွိုက်ဟော်မုန်းရှိ
ခြင်းက ပုံမှန် စိတ်နဲ့ကိုယ်လက်လှုပ်ရှားမှုအပိုင်းကို ထိန်းသိမ်းရာမှာ အရေးကြီးပါတယ်။ ကလေးတွေမှာ လုံ
လောက်တဲ့ သိုင်းရွိုက်ဟော်မုန်းရှိဖို့ဆိုတာ ပိုပြီးလိုအပ်ပါ
တယ်။
ဒီဆေးကို တစ်ခြားသော သိုင်းရွိုက်ဟော်မုန်း ပြသနာများ
ကို ကုသဖို့ရန်အတွက် အသုံးပြုလေ့ရှိပါတယ်( တစ်ချို့သော
လည်ပင်းကြီးရောဂါများ၊ သိုင်းရွိုက်ကင်ဆာများ)။
ဒီဆေးကို မျိုးမအောင်တဲ့ ကလေးမရနိုင်တဲ့အခြေအနေကို
ကုသရာမှာ အသုံးမပြုသင့်ပါဘူး။
ဒီဆေးကို သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းပါးစပ်မှသောက်
ပါ။ များသောအားဖြင့် တစ်ရက်ကို တစ်ကြိမ် အစာနဲ့မဟုတ်
ပဲသောက်ခြင်း သို့မဟုတ် မနက်စာမစားခင် ၃၀မိနစ် သို့မဟုတ် ၁နာရီလောက်မှာ သောက်ပါ။ ဒီဆေးကိုသင့်
ဆရာဝန်က ဘယ်လိုသောက်ပါလို့မပြောပါက ရေတစ်ဖန်ခွက်အပြည့်နဲ့သောက်ပါ။
တကယ်လို့ သင်က ဆေးကို ဆေးလုံးနဲ့သောက်ပါက ဆေးကိုတစ်လုံးလုံးမျိုချပါ။ ဆေးကို မခြမ်းပါနဲ့၊မချေပါနဲ့ သို့
မဟုတ် ဝါးမစားပါနဲ့။ တကယ်လို့ ဆေးကို တစ်လုံးလုံးမျိုမချ
နိုင်တဲ့လူတွေ(ဥပမာ မွေးကင်းစကလေးများ သို့မဟုတ် က
လေးငယ်များမှာ) ဆေးကို ဆေးပြားပုံစံကို သောက်တာကောင်းပါတယ်။
ဆေးကိုမျိုမချနိုင်တဲ့မွေးကင်းစ ကလေးငယ်များနဲ့ ကလေး
တွေမှာဆေးပြားကို ချေပြီးတော့ လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
စာရေနဲ့ရောပြီး တိုက်ပါ။ ဆေးကို တစ်ခြားသော အရည်များ
ပဲနို့်များနဲ့မရောပါနဲ့။ အခြားအချက်အလက်များကို သိရဖို့
သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။
ဆေးပမာဏက သင့်ရဲ့အသက်၊ကိုယ်အလေးချိန်၊ ကျန်းမာ
ရေးအခြေအနေ၊ ဓါတ်ခွဲစမ်းသပ်သောအဖြေများ၊ ဆေးကုသမှုကို တုန့်ပြန်မှုများအပေါ်မှာမူတည်ပါတယ်။
ဒီဆေးရဲ့အာနိသင်ကို ရနိုင်ဖု့ိအတွက် ဆေးကို အမြဲပုံမှန်အသုံးပြုပါ။ သင်မှတ်မိစေရန်အတွက် ဆေးကို
နေ့စဉ်အချိန်မှန်အသုံးပြုပေးပါ။
သင့်ဆရာဝန်နဲ့မတိုင်ပင်ပဲနဲ့ ဒီဆေးသောက်တာကို မရပ်ပါနဲ့။
သိုင်းရွိုက်ဟော်မုန်းအတွက်အစားထိုးသောက်ရတဲ့ဆေးက
များသောအားဖြင့် တစ်သက်လုံးသောက်ရတာများပါတယ်။
Levothyroxineကို နာမည်မျိုးစုံနဲ့လာပါတယ်။ သင့်ဆရာဝန်
သို့မဟုတ ်ဆေးဝါးကျွမ်းကျင်သူကို မတိုင်ပင်ပဲနဲ့နာမည်
ပြောင်းသောက်တာမျိုးမလုပ်ပါနဲ့။
တစ်ချို့သောဆေးများဖြစ်တဲ့ (cholestyramine, colestipol,
Colesevelam, antacids, sucralfate, simethicone, iron,
Sodium polystyrene sulfonate, calcium supplements,
Orlistat) အစရှိသည်တို့က သင့်ခန္ဓါကိုယ်က သိုင်းရွိုက်ဟော်မုန်းစုပ်ယူခြင်းကို လျော့ကျစေပါတယ်။ တကယ်လို့ သင်က ဒီဆေးတွေသောက်နေပါက အပေါ်က
ပြောခဲ့တဲ့ဆေးတွေနဲ့အနည်းဆုံး ၄နာရီလောက်ခြားပါ။
သိုင်းရွိုက်ဟော်မုန်းပမာဏနည်းတာကြောင့်ဖြစ်တဲ့လက္ခဏာ
တွေကတော့ ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများ နာကျင်
ခြင်း၊ဝမ်းချုပ်ခြင်း၊ အရေပြားခြောက်ခြင်း၊ ဝိတ်တက်ခြင်း၊ နှလုံးခုန်နှေးခြင်း၊ အအေးဒဏ်မခံနိုင်ခြင်းတို့ဖြစ်ကြပါတယ်။
ဆေးသောက်ပြီး အပတ်များစွာကြာတဲ့ထိဒီလက္ခဏာတွေရှိ
နေသေးပါက သို့မဟုတ် ပိုဆိုးလာပါက သင့်ဆရာဝန်ကိုပြော
ပါ။
Levothyroxine ကိုနေအပူချိန်နဲ့မထိပဲအစိုဓါတ်မရစေပဲသာမန်အခန်းအပူချိန်မှာသိမ်းဆည်းထားနိုင်ပါတယ်။ ဆေးတွေပျက်စီးမှုမဖြစ်စေဖို့ သင်က Levothyroxine ကိုရေချိုးခန်းသို့မဟုတ် ရေခဲသေတ္တာထဲမှာမသိမ်းသင့်ပါဘူး။
Levothyroxineကိုကုမ္ပဏီအများကြီးကထုတ်ပြီးထိန်းသိမ်းဖို့လည်းနည်းမျိုးစုံရှိပါတယ်။ သင့်ရဲ့ ပစ္စည်းပေါ်ကအညွှန်းကိုဖတ်ပါ သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေး
မြန်းပြီးသိမ်းပါ။ လုံခြုံစိတ်ချရဖို့အတွက် သင်ကဆေးတွေ
အားလုံးကိုကလေးတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ဝေးရာကို
ထားရပါမယ်။
သင်က Levothyroxine ကို ညွှန်ကြားချက်မရှိပဲအိမ်သာထဲထည့်ခြင်းဆေးခြင်းများကိုမပြုလုပ်သင့်ပါဘူး။ ဆေးကဒိတ်ကုန်သွားပြီသို့မဟုတ် သုံးဖို့မလိုတော့ဘူးဆိုပါ
က သေချာစွာစွန့်ပစ်ဖို့လိုအပ်ပါတယ်။ သင့်ရဲ့ဆေးပစ္စည်းကို
ဘယ်လိုစွန့်ပစ်ရမလဲဆိုတာကိုအချက်အလက်တွေပိုသိရှိ
ဖို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်သူနဲ့ မေးမြန်းဆွေးနွေးပါ။
သင်က အောက်ပါအချက်တွေရှိပါက ဒီဆေးကို မသောက်
ခင်သင့်ဆရာဝန်ကိုပြောပါ။
-သင်က ကိုယ်ဝန်ရှိပါက သို့်မဟုတ် နို့်တိုက်နေပါက။ ဘာလို့
လဲဆိုတော့ သင်ကကလေးကိုနို့်တိုက်ရမယ်ဆို ကိုယ်ဝန်ရှိ
နေတယ်ဆိုပါကသင်က ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို
သာသောက်သုံးသင့်လို့ပါ။
-သင်ကတစ်ခြားဆေးတွေ သောက်နေတယ်ဆိုရင်။ ဆေးညွှန်းစာမပါပဲ သင်ဝယ်ယူနေတဲ့သောက်နေတဲ့ ဆေးတွေအကုန်လုံးပါပါတယ်။
-သင့်မှာ Levaquin သို့မဟုတ် တစ်ခြားဆေးတွေ သို့မဟုတ် တစ်ခြားဆေးဖက်ဝင်အပင်များနဲ့ ဓါတ်မတည့်မှု
တွေရှိနေပါက။
-တစ်ခြားသောဖျားနာမှုများ၊ ကျန်းမာရေးအခြေအနေများရှိ
နေပါက
တကယ်လို့သင်က အောက်ပါဆေးတွေကိုသောက်နေပါက
Antacid, calcium carbonate(Tums), cholestyramine
(Questran), colesevelam(Welchol), colestipol(Colestid), iron, orlistat( Alli,Xenical),
Simethicone(Phazyme, Gas X),sevelamer( Renvela,Renagel), sodium polystyrene sulfonate(
Kayexalate), or sucralfate(Carafate), သင်က levothyroxine သောက်ပြီး ၄နာရီ သို့မဟုတ ်မသောက်ခင်
၄နာရီလောက်ခြားပြီးမှသောက်သင့်ပါတယ်။
တကယ်လို့ သင်က ဆီးချိုရောဂါရှိခဲ့ဖူးပါက သို့မဟုတ် အခု
လက်ရှိဆီးချိုရောဂါရှိနေပါက၊ သွေးပြန်ကြောများမာခြင်း
(သွေးကြောများထူနေခြင်း)၊ကျောက်ကပ်ရောဂါ၊အသည်း
ရောဂါ၊ သို့မဟုတ် အသည်းရောင်ခြင်း၊ သွေးနဲ့ဆိုင်သော ပြသနာများ၊ porphyria( ပုံမှန်မဟုတ်သော ပစ္စည်းများက
သွေးကြောထဲမှာစုပုံလာပြီး အရေပြားနဲ့အာရုံကြောစနစ်ကို
ပြသနာများဖြစ်စေခြင်း)၊ နှလုံးသွေးကြောဆိုင်ရာရောဂါများ
ဖြစ်တဲ့ သွေးတိုးခြင်း၊ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်နှုန်း မမှန်
ခြင်း၊ သို့မဟုတ ်နှလုံးရုတ်တရက်ထိခိုက်ခြင်း၊ adrenal or
Pituitary အကြိတ်များ သိပ်ပြီးအလုပ်မလုပ်ခြင်း၊ သို့မဟုတ်
သင့်အတွက်မျိုချရခက်စေသော ဖြစ်စေနိုင်တဲ့ ခက်ခဲတဲ့အခြေအနေများရှိပါက သင့်ဆရာဝန်ကိုပြောပါ။
တကယ်လို့သင်က ကိုယ်ဝန်ရှိနေပါက သို့မဟုတ် ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိပါက သို့မဟုတ ်နို့တိုက်နေပါက
သင့်ဆရာဝန်ကိုပြောပါ။ တကယ်လို့ သင်က Levothyroxineသောက်နေစဉ်မှာ ကိုယ်ဝန်ရှိခဲ့ပါက သင့်ဆရာဝန်ကိုပြောပါ။
တကယ်လို့ သင်ကခွဲစိတ်မှုလုပ်ရခြင်း၊သွားနဲ့ဆိုင်တဲ့ခွဲစိတ်မှု
များအပါအဝင်လုပ်ရတာတွေရှိပါက သင့်ဆရာဝန် သို့မဟုတ်
သွားဆရာဝန်ကို သင် Levothyroxine သောက်နေကြောင်း
ပြောပါ။
ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ချိန်မှာအမျိုးသမီးတွေမှာဒီဆေးကိုသုံးဖို့ အန္တရာယ်ကင်းသလားဆိုတာကိုလေ့လာတဲ့
လုံလောက်တဲ့ လေ့လာစမ်းသပ်မှုတွေ မရှိသေးပါဘူး။ ဒီဆေး
သုံးခြင်းရဲ့ကောင်းကျိုးကဆိုးကျိုးထက် ပိုရဲ့လားဆိုတာကိုချိန်ဆဖို့ သင့်ဆရာဝန်နဲ့အမြဲတိုင်ပင်ဆွေးနွေးပါ။Levothyroxine
ကို ကိုယ်ဝန်သည်တွေမှာ အန္တရာယ်ရှိတဲ့ အမျိုးအစားAကို
ပေးထားပါတယ် အမေရိကန်နိုင်ငံရဲ့ အစားအသောက်နဲ့
ဆေးဝါးကွပ်ကဲရေး ဌာနကအတိုင်းဖြစ်ပါတယ်။
အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာနရဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အန္တရာယ်ရှိနိုင်တဲ့အမျိုးအစားများကို
အောက်ပါအတိုင်းပြောထားပါတယ်။
A=အန္တရာယ်မရှိ။
B=တစ်ချို့သောလေ့လာမှုတွေမှာ အန္တရာယ်မရှိ။
C=အန္တရာယ်တစ်ချို့ရှိနိုင်ခြင်း။
D=အန္တရာယ်ရှိတယ်လို့ ပြထားခြင်း။
X=ရှောင်ကိုရှောင်ရပါမယ်။
N=မသိ။
Levothyroxine နဲ့ဓါတ်မတည့်တဲ့အခြေအနေတွေရှိပါက
သင့်မှာ အဖုအပိန့်ထခြင်း၊ အသက်ရှုရခက်ခြင်း၊ မျက်နှာ၊
နှုတ်ခမ်း၊လျှာ သို့မဟုတ်လည်ပင်းရောင်လာခြင်းတို့ဖြစ်လာ
နိုင်ပါတယ်။
တကယ်လု့ိအောက်ပါ ပြောပြမယ့်အရမ်းဆိုးတဲ့ဘေးထွက်
ဆိုးကျိုးတွေ တွေ့ကြုံရပါက သင့်ဆရာဝန်ကိုချက်ခြင်းအသိ
ပေးပါ။
-နှလုံးခုန်နှုန်း မြန်ခြင်း သို့မဟုတ် ပုံမှန်မဖြစ်ခြင်း
-ဖျားခြင်း၊ပူခြင်းအေးခြင်း၊ ချွေးထွက်ခြင်း
-အိပ်စက်ခြင်းဆိုင်ရာပြသနာများ(ညဘက်အိပ်မပျော်ခြင်း)
-ဓမ္မတာမမှန်ခြင်း
-အန်ခြင်း
-ဝမ်းလျှောခြင်း
-အစားအသောက်ပျက်ခြင်း
-ကိုယ်အလေးချိန်အပြောင်းအလဲဖြစ်ခြင်း
အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့
-ခြေထောက်များကြွက်တက်ခြင်း
-ကြွက်သားများအားနည်းခြင်း
-ခေါင်းကိုက်ခြင်း
-စိတ်လှုပ်ရှားခြင်း သို့မဟုတ် စိတ်ဆတ်ခြင်းများခံစားရခြင်း
-ဝမ်းလျှောခြင်း
-အရေပြားမှာ အနီစက်များဖြစ်ခြင်း
-ဆံပင်ကျွတ်ခြင်း
လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကိုခံစားရတာ
မျိုးမဟုတ်ပါဘူး။ အပေါ်မှာမပြောခဲ့တဲ့ဘေးထွက်ဆိုးကျိုး
တွေ ရှိနိုင်ပါသေးတယ်။ သင့်မှာစိုးရိမ်စရာရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားနေရတယ်ဆိုပါကသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းပါ။
Levothyroxine က သင်လက်ရှိသောက်နေတဲ့ဆေးများနဲ့
ဓါတ်ပြုတုန့်ပြန်မှုဖြစ်နိုင်ပြီး သင့်ဆေးတွေရဲ့အ
လုပ်လုပ်ပုံကို ပြောင်းလဲစေခြင်းနဲ့ ဘေးထွက်
ဆိုးကျိုး အန္တရာယ်တွေကို ပိုဆိုးစေခြင်းတွေ ဖြစ်နိုင်ပါတယ်။
သင့်မှာ အဲ့လိုမျိုးတွေမဖြစ်အောင်လို့ လက်ရှိသောက်လက်စ
ဆေးတွေအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်း
ကျင်သူကို အကုန်ပြောပြရပါမယ်။ သင့်အတွက်စိတ်ချရစေ
ရန်အတွက် သင့်ဆရာဝန်ရဲ့ထောက်ခံမှုမပါပဲနဲ့ဆေးပမာဏ
များကို လျှော့ခြင်း တိုးခြင်း ရပ်ခြင်းများမပြုလုပ်ရပါဘူး။
ဒီဆေးနဲ့ဓါတ်ပြုတုန့်ပြန်မှုဖြစ်နိုင်တဲ့ဆေးများကတော့
-Calcium carbonate( Alka-Mints, Calcium Oyster Shell, Caltrate, Os-Cal, Oyster Shell Calcium, Rolaids
Soft Chew, Tums and others)
-Cholestyramine, colestipol
-Ferrous sulfate iron supplement
-Sucralfate
-Sodium polystyrene sulfonate ( Kalexate, Kayexalate, Kionex)
-antacids –aluminium, magnesium ,acid gone,
Gaviscon, Maalox, Milk of magnesia, Mintox, Mylanta, Pepcid Complete and others တို့ဖြစ်ကြပါတယ်။
Levothyroxineကအစားအသောက် သို့မဟုတ် အရက်နဲ့ ဓါတ်ပြုမှုဖြစ်နိုင်ပြီးဆေးအလုပ်လုပ်ပုံပြောင်းလဲခြင်းသို့မဟုတ်ဆိုးရွားတဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်ခြင်းတွေရှိနိုင်ပါတယ်။ ဒီဆေးကိုမသုံးစွဲခင်မှာသင့်ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအစားအသောက်သို့မဟုတ် အရက်နဲ့ဓါတ်ပြုနိုင်ခြင်းရှိမရှိကိုဆွေးနွေးတိုင်ပင်ပါ။
Levothyroxine ကသင့်ကျန်းမာရေးအခြေအနေနဲ့ ဓါတ်ပြုမှုတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုတုန့်ပြန်ဓါတ်ပြုမှု
ကြောင့် သင့်ကျန်းမာရေးအခြေအနေတွေ ပိုဆိုးလာခြင်းသို့မဟုတ် ဆေးရဲ့
အလုပ်လုပ်ပုံတွေပြောင်းလာခြင်း ဖြစ်နိုင်ပါတယ်။ သင့်မှာ
ဘယ်လိုကျန်းမာရေးအခြေအနေတွေရှိတယ်ဆိုတာကိုသင့်
ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူတွေ ကိုပြောပြ
ဖို့လိုအပ်ပါတယ်။
ဒီဆေးနဲ့ဓါတ်ပြုတုန့်ပြန်မှုဖြစ်နိုင်တဲ့ဆေးတွေကတော့
-adrenal gland ကသိပ်ပြီးအလုပ်မလုပ်ခြင်း( underactive
Adrenal gland)
-နှလုံးရောဂါ၊ ရုတ်တရက်ဖြစ်ခြင်း သို့မဟုတ် သိပ်မကြာသေး
ခင်ကမှဖြစ်ခြင်း
-thyrotoxicosis( overactive thyroid)
-adrenal problems
-သွေးအားနည်းခြင်း
-angina( ရင်ဘတ်အလွန်အမင်းအောင့်ခြင်း)
-သွေးနဲ့ဆိုင်ရာ သွေးခဲခြင်း ပြသနာများ
-ဆီးချိုရောဂါ
-နှလုံး သို့မဟုတ် သွေးကြောဆိုင်ရာ ရောဂါများ(ဥပမာ
နှလုံးသွေးကြောကျဉ်းဆိုင်ရာရောဂါများ)
-နှလုံး ခုန်နှုန်းဆိုင်ရာပြသနာများ(ဥပမာ နှလုံးစည်းချက်မမှန်
ခြင်း၊ နှလုံးခါနေခြင်း)
-အရိုးပွခြင်း
-pituitary gland ပြသနာများ
-ဆေးလုံးကို မျိုမချနိုင်သော လူနာများ။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
Hypothyroidism အတွက် ပုံမှန်လူကြီးဆေးပမာဏ။
စစချင်းဆေးပမာဏကတော့ တစ်ရက်ကို တစ်ကြိမ် ပါးစပ်မှ
သောက်တာကို 12.5 to 50mcg ဖြစ်ပါတယ်။ ဆေးကို၂
ပတ် မှ ၄ပတ်လောက်မှာ 12.5 to 25mcg/dayလောက်ထိ
တိုးပြီးပေးလို့ရပါတယ်။
နှလုံးသွေးကြောဆိုင်ရာရောဂါရှိတဲ့ အသက်ကြီးတဲ့လူနာများ သို့မဟုတ် အသက်ငယ်တဲ့လူနာတွေ မှာ ဆေးပမာဏကို
၃ပတ်မှ ၆ပတ်လောက်မှာ 12.5 to 25mcgလောက်စီတိုး
လို့ရပါတယ်။
TSH suppression အတွက်ပုံမှန်လူကြီးဆေးပမာဏ။
စစချင်းဆေးပမာဏကတော့ တစ်ရက်ကို တစ်ကြိမ် ပါးစပ်မှ
သောက်တာကို 50mcg ဖြစ်ပါတယ်။ ဆေးကို၂
ပတ် မှ ၄ပတ်လောက်မှာ 25 to 50mcg/dayလောက်ထိ
တိုးပြီးပေးလို့ရပါတယ်။ တောက်လျှောက်ပေးသွားရမယ့်
ဆေးပမာဏကတော့ 100 to 200mcg တစ်ရက်ကိုတစ်
ကြိမ် ပါးစပ်ကသောက်ခြင်းဖြစ်ပါတယ်။
Thyroid Suppression test အတွက် ပုံမှန်လူကြီးဆေးပမာဏ။
2.6mcg/kg/day ကို ၇ရက်မှ ၁၀ရက်အတွင်းပေးခြင်း။
Myxedema Coma အတွက်ပုံမှန်လူကြီးဆေးပမာဏ။
စစချင်းဆေးပမာဏ။ 300 to 500 mcg ကို အကြောမှ
တစ်ကြိမ်တည်းထိုးခြင်း။
Hypothyroidism အတွက်ကလေးဆေးပမာဏ။
Congenital hypothyroidism
မွေးကင်းစကလေးတွေမှာ
-သောက်ဆေး။ 10 to 15mcg/kg/day တကယ်လို့နှလုံး
ပြသနာရှိနိုင်တဲ့လူနာဆိုပါက ဆေးကို ပမာဏနည်းနည်းက
စတာကောင်းပါတယ်။ အရမ်းဆိုးတဲ့ hypothyroidism
(T4 less than 5mcg/dL) ဆိုရင်တော့စစချင်းဆေးပမာဏ
ကို 12 to 17 mcg/kg/day ကို စဉ်းစားသင့်ပါတယ်။
-အကြောဆေး သို့မဟုတ် အသားဆေး ဆိုပါက သောက်
ဆေးရဲ့ 50% မှ 75% လောက်ကိုပေးပါတယ်။
-၀ မှ ၃လ
သောက်ဆေး။ 10 to 15mcg/kg/day တကယ်လို့နှလုံး
ပြသနာရှိနိုင်တဲ့လူနာဆိုပါက ဆေးကို 25mcg/dayနဲ့ ပမာဏနည်းနည်းက
စတာကောင်းပါတယ်။ အရမ်းဆိုးတဲ့ hypothyroidism
(T4 less than 5mcg/dL) ဆိုရင်တော့စစချင်းဆေးပမာဏ
ကို 50mcg/day လောက်နဲ့စပြီးမြှင့်ပြီးပေးသင့်ပါတယ်။
၃လမှ ၆လ
-8 to 10mcg/kg or 25 to 50mcg ကို တစ်ရက်ကို တစ်
ကြိမ် ပါးစပ်မှပေးခြင်း
၆လမှ ၁၂လ
-6 to 8mcg/kg or 50 to 75mcg ကို တစ်ရက်ကိုတစ်ကြိမ်
ပါးစပ်မှသောက်ခြင်း။
၁နှစ်မှ ၅နှစ်။
-5 to 6mcg/kg or 75 to 100mcg ကို တစ်ရက်ကိုတစ်ကြိမ် ပါးစပ်မှသောက်ခြင်း။
၆နှစ်မှ ၁၂နှစ်။
-4 to 5mcg/kg or 100 to 125mcg ကိုတစ်ရက်ကိုတစ်
ကြိမ် ပါးစပ်မှသောက်ခြင်း။
၁၂နှစ်။
-2 to 3 mcg/kg or > or equal to 150mcg ကိုတစ်ရက်မှ
တစ်ကြိမ် ပါးစပ်မှသောက်ခြင်း။
ကြီးထွားမှုနဲ့ အပျိုဖော် လူပျိုဖော်ရောက်ပြီးသားလူနာများ
အတွက် 1.7 mcg/kg ကိုတစ်ရက်ကို တစ်ကြိမ် ပါးစပ်မှပေး
ခြင်း။
Chronic or severe hypothyroidism။ 25mcg ကို တစ်ရက်ကိုတစ်ကြိမ်ပေးခြင်းနဲ့ လိုအပ်သလို ဆေးပမာဏကို
၂ပတ် မှ ၄ပတ်တစ်ခါ 25mcg လောက်ထိတိုးပြီး လိုချင်တဲ့
အကျိုးအာနိသင်ရတဲ့အထိ တိုးနိုင်ပါတယ်။
Levothyroxine ကိုအောက်ပါ ပမာဏ၊ ဆေးညွှန်းနဲ့ ပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။
-ထိုးဆေး
-ဆေးပြား
တကယ်လို့အရေးပေါ်အခြေအနေတွေဆေးသောက်တာ လွန်သွားတာတွေမှာဆိုပါကသင်နဲ့အနီးဆုံးအရေးပေါ်ဌာနကိုဆက်သွယ်ခြင်းနဲ့ အနီးဆုံးကျန်းမာရေး
စောင့်ရှောက်မှုရှိရာကိုသွားပါ။
တကယ်လို့သင်ကLevothyroxineဆေးညွှန်းကိုသုံး ်ဖို့တစ်ခါမေ့သွားတယ်ဆိုပါက သတိရရချင်း တစ်ခါသုံးလိုက်ပါ။ သို့သော်လည်းနောက်တစ်ခါသုံးဖို့အချိန်နဲ့ကပ်နေရင်တော့မေ့သွားတဲ့ဆေးအချိန်ကိုကျော်လိုက်ပြီးပုံမှန်အတိုင်းဆက်လုပ်သွားပါ။ ဆေးပမာဏနှစ်ဆကိုတော့လုံးဝမသုံးပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ