brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Evening Primrose Oilလေးရဲ့ အသုံးဝင်ပုံ

လေဒီလေးတွေ တော်တော်များများ အလှအပအတွက် သောက်ကြတဲ့ Evening Primrose oil အကြောင်းလေး နည်းနည်းလောက် ပြောပြချင်တာပါ။ Evening Primrose oil က အလှအပအတွက်ပဲ အသုံးဝင်တာလား ဆိုတော့ မဟုတ်ပါဘူး။ အခြား အသုံးဝင်တာတွေလည်း ရှိပါသေးတယ်နော်။ ဒီဆောင်းပါးလေးကနေတဆင့် Evening Primrose oilလေးရဲ့ အသုံးဝင်ပုံ လေးကို ပြောပြပေးပါရစေနော်။

Evening Primrose Oilလေးရဲ့ အသုံးဝင်ပုံ

Evening Primrose Oil ကို ဘယ်ကရ

ပန်းဝါဝါလေးတွေ ပွင့်တဲ့ မြောက်အမေရိကမျိုးရင်းဝင် အပင်ရဲ့ အစေ့ကနေ ထုတ်ယူထားတဲ့ အဆီပါ။ လေဒီလေးတို့အတွက် သဘာဝကပေးတဲ့ ဆေးတစ်မျိုးပေါ့။ အများဆုံး တွေ့ရတာက Evening Primrose Oil ကို Omega 6 fatty acid နဲ့ ရောစပ်လို့ လေဒီလေးတို့ ကျန်းမာရေးအတွက် သောက်သုံးကြတာ များပါတယ်။ တကယ်တော့ Evening Primrose Oil က လေဒီလေးတို့ရဲ့ အလှအပအတွက်တင် မဟုတ်ဘဲ အခုလိုလေးတွေလည်း ဆေးဖက်ဝင်ပါသေးတယ်။

Evening Primrose Oilရဲ့ဆေးဖက်ဝင်ပုံက

သဘာဝအဆီအနှစ် တစ်ခုဖြစ်တဲ့ Evening Primrose Oilလေးရဲ့ အသုံးဝင်ပုံ က

  • ဆီးချိုရှိသူတွေမှာ အာရုံကြော ထိခိုက်ပျက်စီးတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်

ဆီးချိုရှိသူတွေ အနေနဲ့ နေ့စဉ် Evening Primrose Oil ကို တစ်လုံးစီ သောက်သုံးမယ်ဆိုရင် ဆီးချိုကြောင့် အာရုံကြောတွေ ထိခိုက်တာကို သိသိသာသာသက်သာလာစေမှာပါ။ ကာကွယ်ဖို့ အတွက်ရော ကုသဖို့ အတွက်ပါ အသုံးပြုလို့ ရပါတယ်။

ငါးကြီးဆီ၊ ကယ်လ်ဆီယမ်တို့ လိုမျိုးပဲ အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်ပါတယ်။ အသက်ကြီးတာကြောင့် ဖြစ်တဲ့ အရိုးဆုံးရှုံးမှုတွေကို ကာကွယ်ပေးသလို အရိုးပါးတာ၊ အရိုးပွတာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်နော်။

Evening Primrose Oil လေးရဲ့ အသုံးဝင်ပုံ

အရေပြားမှာ ဖြစ်တတ်တဲ့ ယားနာ၊ နှင်းခူတို့လိုမျိုး အရေပြားပြဿနာတွေကို သက်သာစေပြီး အသားအရေကို စိုပြည်လှပလာစေနိုင်ပါတယ်။ အသားလှချင်တဲ့လေဒီလေးတို့ အတွက်ကတော့ မိတ်ဆွေကောင်းပေါ့။

  • ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်တွေကိုလျော့ပါးစေတယ်

ဝက်ခြံတွေ ထွက်၊ ကုတ်မိဖဲ့မိလို့ အမာရွတ်တွေ ဖြစ်နေတာကြောင့် စိတ်ညစ်နေလား လေဒီ။ Evening Primrose Oil လေးရဲ့ အကူအညီ ယူလိုက်ပါနော်။ ဝက်ခြံတွေ ထွက်တာကို သက်သာစေပြီး ဝက်ခြံ အမာရွတ်တွေကို တဖြည်းဖြည်းချင်း လျော့ပါးလာစေမှာပါ။

သွေးမဆုံးခင်မှာ ခံစားရတဲ့ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ သွေးဆုံးအကြိုလက္ခဏာအနေနဲ့ ခံစားရလေ့ရှိတဲ့ အသားတွေ ပူစပ်ပူလောင်ဖြစ်တာ၊ အသားအရေနဲ့ ဆံသားခြောက်သွေ့တာတွေကိုပါသက်သာစေနိုင်တာပါ။

Evening Primrose Oil လေးရဲ့ အသုံးဝင်ပုံ

  • အိပ်ပျော်စားဝင်စေတယ်

ညညကောင်းကောင်းအိပ်မပျော်တာက အလှပျက်စေသလိုနေ့စဉ်လုပ်ဆောင်မှုတွေကိုလည် ထိခိုက်စေနိုင်ပါတယ်။ ဒီပြဿနာတွေက ကင်းဝေးပြီး ညတိုင်းကောင်းမွန်စွာ အိပ်ပျော်ချင်တယ်ဆိုရင်တော့Evening Primrose Oil လေးက အသုံးဝင်ပါတယ်။

ခေါင်းအစ ခြေအဆုံး လှပစေဖို့ Evening Primrose Oil လေးကို အသုံးပြုပြီး အခုပဲ အကောင်အထည်ဖော်လိုက်ရအောင်လား …………….

Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။