Esomeprazole ကိုအစာအိမ်နှင့် အစာပြွှန်ရောဂါများအတွက် အသုံးပြုပါသည်။ Proton Pump Inhibitors အမျိုးအစားဖြစ်ပါသည်။
Esomeprazole သည် အစာအိမ်တွင်းရှိအက်ဆစ်ဓါတ်များလျှော့ချပေးသည်။ ရင်ပူခြင်း၊ အစာမြိုရခက်ခဲခြင်း၊ အဆက်မပြတ်ချောင်းဆိုးခြင်းများအတွက် အသုံးပြုပါသည်။
Esomeprazole သည် အက်ဆစ်ဓါတ်ကိုထိန်းညှိခြင်းအားဖြင့် အစာအိမ်နှင့် အစာအိမ်ပြွှန်အတွင်း အနာများမဖြစ်ပေးရန် ကင်ဆာများမဖြစ်ပွားရန် ကူညီပေးပါသည်။
ဆရာဝန်ညွှန်ကြားသည့် အတိုင်းသောက်သုံးရပါမည်။ ထမင်းမစားမီ ၁ နာရီ တွင်သောက်သုံးနိုင်ပါသည်။ မိမိရောဂါပေါ်မူတည်၍ ဆေးပမာဏနှင့် ကြာချိန်ကွာပါသည်။
ဆေးကိုဝါး၍မစားရပါ။ အတောင့်လိုက်မြိုချရပါမယ်။ ထိုသို့ မြိုချရန်အခက်အခဲရှိပါက ဆေးတောင့်ကိုဖွင့်၍ အမှုန့်ကို ဇွန်းထဲထည့်၍သောက်သုံးနိုင်ပါသည်။ မသောက်သေးဘဲ နဲ့ ဆေးကို ကြိုမဖွင့်ထားပါနှင့် ဆေး၏အကျိုးသက်ရောက်မှုကို ထိခိုက်နိုင်ပါသည်။
လိုအပ်လျှင် အခြားသော အစာအိမ်ဆေးများနှင့် တွဲ၍ သောက်သုံးနိုင်ပါသည်။ Sucralfate ဆေးသောက်သုံးနေလျှင် ထိုဆေးမသောက်မီ နာရီဝက်ခြားပြီးမှ Esomeprazole ကိုသောက်သုံးရပါမည်။
အချိန်မှန်သောက်သုံးရပါမည်။
မိမိရောဂါလက္ခဏာသက်သာသွားသည့်တိုင်ဆေးကို သတ်မှတ်ထားသောရက်အတိုင်းပုံမှန်သောက်သုံးရပါမည်။
အခြေအနေဆိုးလာလျှင် ဆရာဝန်ဆီသွားပါ။
ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်
Esomeprazole ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လEsomeprazoleကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Esomeprazole ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။
Esomeprazole ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
ဆေးမသုံးမီ
cilostazol (Pletal)၊ clopidogrel (Plavix)၊ diazepam (Valium)၊ digoxin (Digitek, Lanoxicaps, Lanoxin)၊ ဆီးဆေး၊ သံဓါတ်အားဆေး၊ HIV ရောဂါဆေးအချို့ နဲ့ methotrexate (Rheumatrex, Trexall)
ဆရာဝန်က သင့် ဆေးဝါးများကို ပြောင်းလဲခြင်း၊ ဆေးပမာဏ အတိုးအလျှော့ လုပ်ပေးခြင်းများကို ပြုလုပ်ပေးပါလိမ့်မယ်။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
Esomeprazole က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။
ဓါတ်မတည့်သောရောဂါလက္ခဏာများဖြစ်သော အရေပြားအနီကွက်များဖြစ်ခြင်း အသက်ရှူရခက်ခဲခြင်း မျက်နှာ နှုတ်ခမ်းနှင့် လျှာတို့ရောင်ရမ်းလာလျှင် အရေးပေါ်ကုသမှုရယူပါ။
မဂ္ဂနီဆီယမ်ဓါတ်နည်းသော ရောဂါလက္ခဏာများဖြစ်သော
ထိုသို့သောဘေးထွက်ဆိုးကျိုးများသည်လူတိုင်းတွင်မတွေ့ရ တတ်ပါ။ ဘေးထွက်ဆိုးကျိုးလက္ခဏာများပေါ်ပေါက်ခဲ့လျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။
Esomeprazole ဟာ သင်အခု လောလောဆယ် သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။
မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
Esomeprazole ကို Rilpivirine နှင့် တွဲမသုံးရပါ။ မိမိဆရာဝန်သည် Esomeprazole ဆေးသုံးသင့် မသုံးသင့် ပြောင်းသင့် မပြောင်းသင့်ဆုံးဖြတ်ပေးပါလိမ့်မည်။
အောက်ဖော်ပြပါဆေးများနှင့်လည်းတွဲသုံး၍မရပါ။ Atazanavir, Bosutinib, Citalopram, Clopidogrel, Dabrafenib, Dasatinib, Erlotinib, Eslicarbazepine Acetate, Ketoconazole, Ledipasvir, Methotrexate, Mycophenolate Mofetil, Nelfinavir, Nilotinib, Pazopanib, Posaconazole, Saquinavir, Tacrolimus, Thiopental, Vismodegib
ဆေးနှစ်မျိုးလုံးတွဲ၍သုံးလျှင်သင့်ဆရာဝန်က ဆေးပြောင်းပေးပါလိမ့်မည်။
Cranberry, Levothyroxine, Risedronate, Warfarin စသောဆေးများနှင့်တွဲသုံးပါက ဘေးထွက်ဆိုးကျိုးများပို၍ များပြားလာနိုင်ပါသည်။ ဆေးနှစ်မျိုးလုံးတွဲ၍သုံးလျှင် မိမိဆရာဝန်က ဆေးပြောင်းပေးပါလိမ့်မည်။
Esomeprazole က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
Esomeprazole ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။
အထူုးသဖြင့်
ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
စားချဉ့်ပြန်သောရောဂါများအတွက်
အစာအိမ်နာရောဂါများအတွက်
Helicobacter Pylori အစာအိမ်အနာဖြစ်စေသော ရောဂါများအတွက်
NSAID (စတီးရွိုက်မပါသော အရောင်ကျဆေး) ကြောင့်ဖြစ်သော အစာအိမ်အနာများအတွက်
Zollinger-Ellison Syndrome: (အက်ဆစ်များခြင်းကြောင့်ဖြစ်ပေါ်လေ့ရှိသော အစာအိမ်နာရောဂါ ) အတွက်
ပုံမမှန် အက်ဆစ် အများအပြားထွက်သောကြောင့် ဖြစ်သော ရောဂါများအတွက်
အူသိမ်အနာ ကာကွယ်ရန်အတွက်
Esomeprazole Sodium
အစာအိမ်နာရောဂါကာကွယ်ရန်
Esomeprazole Sodium – အစာမြိုပြွန်ရောင်ရမ်းနာအတွက်
ကလေးငယ်များတွင် Esomeprazole Strontium သုံးရန်မသင့်တော်ပါ။
အစာမြိုပြွန်ရောင်ရမ်းနာရောဂါများအတွက်
Esomeprazole Magnesium – အနာကျက်ခြင်းအတွက်
အက်ဆစ်ထွက်ခြင်းကြောင့်ဖြစ်သော အစာအိမ်တိုက်စားခြင်းရောဂါအတွက်
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ
ဆေးကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ