Cetirizine စီထရစ်ဇင်း ဆိုတာ အုပ်စုဝင်ဆေးတစ်မျိုးဖြစ်ပြီး ဓါတ်မတည့်ခြင်းကြောင့်ရတဲ့ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။
မျက်ရည်ထွက်ခြင်း၊ နှာရည်ကျခြင်း၊ မျက်လုံးနှာခေါင်းယားယံခြင်း၊ နှာချေခြင်း၊ အင်ပြင်များထခြင်း၊ ယားယံခြင်းတို့ဖြစ်တယ်။ ခန္ဓါကိုယ်အတွင်းမှ ဓါတ်မတည့်ခြင်းဖြစ်ပေါ်လျှင် ထုတ်လုပ်တတ်သော သဘာဝပစ္စည်းတစ်မျိုးဖြစ်သည့် ထွက်ခြင်းကိုတားဆီးပေးတယ်။
Cetirizine ဟာ အင်ပြင်ကို မကာကွယ်နိုင်သလို တခြားပြင်းထန်တဲ့ ဓါတ်မတည့်ခြင်းတွေကိုလည်း ကုသဖို့မစွမ်းနိုင်တဲ့အတွက် တကယ်လို့ Ephinephrine ကိုဆရာဝန်ကညွှန်းပါက ထို Ephinephrine ထိုးဆေးကို ကိုယ်နဲ့မကွာဆောင်သွားဖို့ လိုပါလိမ့်မယ်။ Cetirizine အစားသုံးလို့မရနိုင်ပါဘူး။
တကယ်လို့ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိမိဖာသာဆေးဆိုင်ကနေဝယ်ပြီး အသုံးပြုတာဆိုရင် ရေးထားတဲ့အညွှန်းတွေကို သေချာဖတ်ပြီးမှသုံးပါ။ သိလိုသည်ရှိပါက ဆေးပေးသူကိုမေးပါ။ တကယ်လို့ ဆရာဝန်ညွှန်းတာဆိုလျှင်တော့ ညွှန်းသည့်အတိုင်း အတိအကျသုံးပါ၊ များသောအားဖြင့် တစ်ရက်တစ်ကြိမ် ဖြစ်တတ်ပါတယ်။
ဝါးစားလို့ရတဲ့ဆေးပြားတွေသုံးတာဆိုရင် ဝါးစားပြီးမျိုချပါ။ အလွယ်တကူပျော်လွယ်သော ဆေးပြားများဆိုရင် လျှာပေါ်မှာအရည်ပျော်စေပြီးမှမျိုချပါ။ ဆေးရည်ဆိုပါက ပမာဏအတိအကျကို တိုင်းတာသည့်ခွက်၊ ဇွန်းတို့နဲ့ ချိန်တွယ်ပြီးမှသောက်ပါ၊ ပမာဏတွေလွဲနိုင်တာကြောင့် အိမ်သုံးဇွန်းမသုံးုပါနဲ့။
အသက်၊ ကျန်းမာရေးအခြေအနေ၊ ကုသမှုအပေါ်တုံ့ပြန်ခြင်း တို့အပေါ်ပမာဏမူတည်နိုင်ပါတယ်။ ညွှန်းတာထက်ပို၊ လျော့ မသောက်ပါနဲ့။
ဓါတ်မတည့်ခြင်းလက္ခဏာတွေ မသက်သာပါက ဆရာဝန်ကိုပြန်ပြောပါ။ ကုသမှုပြီးသုံးရက်ကြာသည်ထိ အင်ပြင်များမသက်သာပါက၊ သို့ ခြောက်ပတ်ထက်ပိုကြာနေပါက ဆရာဝန်ကိုပြန်ပြောပါ။ လက္ခဏာတွေပိုဆိုးလာပါက ဆရာဝန်ဆီပြန်သွားပါ။
တိုက်ရိုက်အလင်းရောင်၊ စိုစွတ်မှုနဲ့ မထိတွေ့ဘဲ သာမန်အခန်းအပူချိန်မှာဘဲ သိမ်းထားတာအကောင်းဆုံးဖြစ်ပါတယ်။ ရေခဲသေတ္တာ၊ ရေချိုးခန်းတို့မှာ မသိမ်းပါနဲ့။ ဆေးအမျိုးအမည်အမျိုးမျိုးရှိနိုင်ပြီး သိမ်းဆည်းသင့်တဲ့ပုံစံ အမျိုးမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆေးအမျိုးအမည်ပေါ်မူတည်ပြီး သိမ်းဆည်းဖို့အညွှန်းကိုသေချာဖတ်သင့်ပါတယ်၊ ဆေးဝါးကျွမ်းကျင်သူတွေကိုမေးလို့လည်းရပါတယ်။ ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များမှ ဝေးရာတွင်ထားပါ။
ဆေးတွေကိုအိမ်သာထဲသွန်ပစ်ခြင်းမျိုးမလုပ်ပါနဲ့။ ရက်လွန်သွားလျှင်လည်း သေချာစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစွန့်ပစ်ရမလဲ ဆေးရောင်းသူကိုမေးနိုင်ပါတယ်။
Cetirizine နဲ့ဆေးမတည့်ခြင်းရှိပါက မသုံးပါနဲ့။
ဆေးမသောက်ခင် ကျန်းမာရေးအခြေအနေအားလုံးကို ပြောပြပါ။
အသက်ကြီးသူတွေက ပုံမှန်ပမာဏထက်လျော့သောက်သင့်ပါတယ်။ ညွှန်ကြားသည့်အတိုင်းလိုက်နာပါ။
တကယ်လို့ပုံမှန်စွဲသောက်နေသည့် အိပ်ငိုက်စေသောဆေးများရှိပါက ဆရာဝန်ကိုပြောပြပါ။ (ဥပမာ- အအေးမိခြင်း၊ ဓါတ်မတည့်ခြင်းအတွက် ဆေးများ၊ အနာပျောက်ခြင်း၊ အိပ်ဆေး၊ အတက်ကျဆေး၊ စိတ်ဓါတ်ကျခြင်းအတွက်ဆေးများ)။ Cetirizine ကြောင့် ပိုအိပ်စေနိုင်တာကြောင့်ပါ။
Cetirizine က သင့်တွေးခေါ်ခြင်း၊ တုံ့ပြန်ခြင်းတွေအပေါ် ဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်။ ဒါကြောင့် နိုးကြားနေရမည့်အလုပ်မျိုး ဥပမာ- ကားမောင်းခြင်း၊ အတွက်သတိထားပါ။ အရက်မသောက်ရပါ။ အရက်သောက်ခြင်းက ရဲ့ဘေးထွက်ဆိုးကျိုးတွေကို တိုးစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေနဲ့ ပတ်သတ်ပြီး သေချာလေ့လာထားတာမျိုးတော့မရှိသေးပါဘူး။ ဒါကြောင့် ရနိုင်တဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကို ချိန်ဆကြည့်နိုင်ဖို့အတွက် ဆရာဝန်နဲ့သေချာအရင်တိုင်ပင်ပါ။
FDA အရတော့ ကိုယ်ဝန်သည်တွေအတွက် အန္တရာယ်ရှိနိုင်တဲ့ဆေးအမျိုးအစားမှာ B အနေနဲ့ရှိနေပါတယ်။
FDA မှထုတ်ပြန်ထားသော ဆေးစာရင်းကအောက်ပါအတိုင်းဖြစ်တယ်-
A-အန္တရာယ်မရှိပါ
B-တချို့လေ့လာမှုတွေမှာအန္တရာယ်မရှိပါ
C-အန္တရာယ်အနည်းငယ်ရှိနိုင်သည်
D-အန္တရာယ်ရှိသည်ဟုသက်သေရှိသည်
X-လုံးဝမမှီဝဲသင့်ပါ
N-အခြေအနေမသိသေးပါ
တကယ်လို့ ဆေးမတည့်မှုလက္ခဏာများ- အင်ပြင်များပေါ်လာခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ နှုတ်ခမ်း လျှာ၊ လည်ချောင်းများ ရောင်ရမ်းလာခြင်း- တို့ဖြစ်ပါက ချက်ခြင်းဆေးရုံသွားပါ။
အောက်ပါလက္ခဏာတွေဖြစ်လာပါကလည်း ဆရာဝန်ဆီချက်ခြင်းသွားပါ-
သိပ်မပြင်းထန်သော ဘေးထွက်ဆိုးကျိုးတွေကတော့-
လူတိုင်းက ထိုဘေးထွက်ဆိုးကျိုးတွေမရပါဘူး။ ဖော်ပြထားတာတွေထဲမပါတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သတ်လို့ စိတ်ပူတာတွေရှိရင် ဆရာဝန်၊ ဆေးပေးသူတို့ကို ပြောပြတိုင်ပင်နိုင်ပါတယ်။
သင်အခုသောက်နေတဲ့ဆေးတွေနဲ့ Cetirizine ဓါတ်ပြုတုံ့ပြန်ခြင်းတွေရှိနိုင်ပါတယ်။ ဒါဟာဆေးအလုပ်လုပ်ပုံကိုပြောင်းလဲစေတာ၊ ဒါမှမဟုတ် ဘေးထွက်ဆိုးကျိုးတွေကိုပိုဆိုးစေတာမျိုး ဖြစ်စေကောင်းဖြစ်စေပါလိမ့်မယ်။ ဒါတွေကိုရှောင်ဖို့အတွက် ခုသုံးစွဲနေတဲ့ဆေးတွေအကုန်လုံးကို ဆရာဝန် သို့မဟုတ် ဆေးပေးသူကိုပြောပြရပါမယ်။ ဘေးကင်းဖို့အတွက် ဆရာဝန်ညွှန်ပြချက်မရှိဘဲ ဆေးတွေရပ်လိုက်တာ၊ ပြောင်းလိုက်တာမျိုးမလုပ်ပါနဲ့။
Cetirizine ဟာ အစားအစာတချို့၊ အရက်တို့နဲ့ ဓါတ်ပြုတုံ့ပြန်ပြီး ဆေးအလုပ်လုပ်ပုံပြောင်းစေတာ၊ ဘေးထွက်ဆိုးကျိုးတွေပိုများစေတာမျိုး ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ဆေးစမသောက်ခင် ဆရာဝန်၊ ဆေးပေးသူတို့နဲ့ တိုင်ပင်ပါ။
သင့်ကျန်းမာရေးအခြေအနေတချို့ကို ပိုဆိုးကောင်းဆိုးတာ၊ ဒါမှမဟုတ် ဆေးရဲ့အလုပ်လုပ်ပုံတွေပြောင်းသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်မှာဖြစ်နေတဲ့ ကျန်းမာရေးအခြေအနေအားလုံးကို ဆရာဝန်ကိုပြောပြသင့်ပါတယ်။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
Adults and Children 12 Years and Older: The recommended initial dose of ZYRTEC (cetirizine) is 5 mg or 10 mg per day in adults and children 12 years and older, depending on symptom severity. Most patients in clinical trials started at 10 mg. ZYRTEC (cetirizine) is given as a single daily dose. The time of administration may be varied to suit individual patient needs.
Children 6 to 11 Years: The recommended initial dose of ZYRTEC (cetirizine) in children aged 6 to 11 years is 5 mg or 10 mg once daily depending on symptom severity. The time of administration may be varied to suit individual patient needs.
Children 2 to 5 Years: The recommended initial dose of ZYRTEC (cetirizine) in children aged 2 to 5 years is 2.5 mg (½ teaspoon) syrup once daily. The dosage in this age group can be increased to a maximum dose of 5 mg per day given as 1 teaspoon syrup once a day or one ½ teaspoon syrup given every 12 hours, or one 5 mg chewable tablet once a day.
Children 6 months to <2 years: The recommended dose of ZYRTEC (cetirizine) syrup in children 6 months to 23 months of age is 2.5 mg (½ teaspoon) once daily. The dose in children 12 to 23 months of age can be increased to a maximum dose of 5 mg per day, given as ½ teaspoon (2.5 mg) every 12 hours. Syrup is recommended for children under the age of 2 years
သောက်ဆေးပြား-10mg
ဆေးရည်-1mg/ml.
ဆေးပမာဏများသွားသော အရေးပေါ်အခြေအနေမှာဆိုရင် ဆေးရုံကားချက်ခြင်းခေါ်တာဖြစ်ဖြစ်၊ အနီးဆုံးအရေးပေါ်ဖြစ်ဖြစ် ချက်ခြင်းသွားသင့်ပါတယ်။
တကယ်လို့ ဆေးသောက်ရန်ကျော်သွားပါက သတိရရချင်း ချက်ခြင်းသောက်ပါ။ နောက်ထပ်သောက်ချိန်နဲ့ကပ်နေပါက လွတ်သွားသောအကြိမ်ကိုကျော်လိုက်ပြီး ပုံမှန်အတိုင်းပဲဆက်သောက်ပါ။ ဆေးနှစ်ကြိမ်ပေါင်းသောက်တာမျိုး လုံးဝမလုပ်ပါနဲ့
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ