Cervagemကို ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ခွဲစိတ်ကုသမှုတွေ မပြုလုပ်ခင် သားအိမ်ခေါင်းကျယ်ပြီးပျော့လာစေဖို့၊ ဒါမှမဟုတ် (မိခင်ရဲ့ကျန်းမာရေးအတွက်) ကိုယ်ဝန်ပျက်စေဖို့ အဓိကအသုံးပြုတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာဖော်ပြမထားတဲ့ အခြားရည်ရွယ်ချက်တွေအတွက်လည်းအသုံးပြုနိုင်ပါတယ်။
ဒီဆေးကို ဆရာဝန်ကိုယ်တိုင်ညွှန်ကြားထားတဲ့ ဆေးစာပါမှသာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။
Cervagemကို ဆရာဝန် သို့မဟုတ် သူနာပြုကိုယ်တိုင် မိန်းမကိုယ်ထဲထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။
Cervagemကိုရေခဲမှတ်အောက် ၁၀ ဒီဂရီစင်တီဂရိတ် (အနုတ် ၁၀ ဒီဂရီစင်တီဂရိတ်) မှာအမြဲရှိနေအောင် မူလထုပ်ပိုးမှုပုံစံ အတိုင်းရေခဲသေတ္တာထဲထည့်ပြီး သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။
ဆေးထုပ်ကိုဖွင့်လိုက်ပြီး ၁၂ နာရီအတွင်းအသုံးမပြုဖြစ်ရင် အထဲမှာပါတဲ့ဆေးတောင့်ကိုစွန့်ပစ်ရမှာ ဖြစ်ပါတယ်။
အကယ်၍ သင့်မှာအောက်ဖော်ပြပါ အခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။
နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်မိခင်တွေ သားအိမ်ခေါင်းပျော့အောင်၊ ဗိုက်နာလာအောင် Cervagemကိုအသုံးမပြုသင့်ပါဘူး။
ရက်လွန်နေတဲ့ ဆေးတောင့်တွေကိုလည်း လုံးဝအသုံးမပြုသင့်ပါဘူး။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးအသုံးမပြုမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
Cervagem (gemeprost) ရဲ့ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့
ဒါ့အပြင် Cervagemအသုံးပြုပြီးပန်းနာရင်ကြပ်၊ အသက်ရှူသံရွှီရွှီမြည်ခြင်း၊ မောခြင်း၊ မျက်နှာ၊ နှုတ်ခမ်း နှင့်လျှာတို့ ရောင်ရမ်းခြင်း၊ အသက်ရှူရခက်ခြင်း၊ မျိုချရခက်ခြင်း၊ အင်ပြင်ထခြင်း၊ ယားယံခြင်း၊ အရေပြားပေါ် အဖုအပိမ့် အနီကွက်များထွက်ခြင်း၊ သတိလစ်ခြင်းစတဲ့ ဓါတ်မတည့်မှုလက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင် ဆွေးနွေးမှုများပြုလုပ်ပါ။
Cervagem (gemeprost)ဟာ သင်အခုလောလောဆယ် သောက်သုံးနေတဲ့ တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
Cervagemက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
Cepastatဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။
Cervagemeနဲ့ သက်ရောက်ဓါတ်ပြုနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေကတော့
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
သားအိမ်ခေါင်းပျော့ပြီးကျယ်လာစေရန်
ခွဲစိတ်ကုသမှုမပြုလုပ်မီ ၃နာရီအလိုမှာ မိန်းမကိုယ်အနောက်ဘက်ထဲCervagemတစ်တောင့် ထည့်ပေးရမှာ ဖြစ်ပါတယ်။
မိခင်၏ကျန်းမာရေးအတွက် ကိုယ်ဝန်ပျက်စေရန်
မိန်းမကိုယ်အနောက်ဘက်ထဲ၃နာရီခြားတစ်ကြိမ် Cervagemတစ်တောင့်နှုန်းဖြင့် အများဆုံး ၅ကြိမ်အထိ ထည့်ပေးရမှာ ဖြစ်ပါတယ်။
ပထမဦးဆုံးဆေးတောင့်ထည့်ပြီးနောက် ၂၄နာရီအကြာမှာ အဆိုပါကုသမှုကိုဒုတိယတစ်ကြိမ် ပြန်လည်စတင်နိုင်ပါတယ်။ ဆေးတောင့် ၁၀တောင့်ထည့်ပြီးချိန်အထိ ကိုယ်ဝန်မပျက်ခဲ့ဘူးဆိုရင်တော့ ဆေးတောင့်ထပ်မထည့်တော့ဘဲအခြားနည်းလမ်းတစ်ခုခုကိုအသုံးပြုဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်။
သားအိမ်တွင်းသန္ဓေသားသေဆုံးမှု
မိန်းမကိုယ်အနောက်ဘက်ထဲ ၃နာရီခြားတစ်ကြိမ် Cervagemတစ်တောင့်နှုန်းဖြင့် အများဆုံး ၅ကြိမ်အထိ ထည့်ပေးရမှာ ဖြစ်ပါတယ်။
ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် အသုံးပြုဖို့စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ
Cervagemကို ၁မီလီဂရမ်ပါဝင်တဲ့ ဆေးတောင့်ပုံစံနဲ့ ရရှိနိုင်ပါတယ်။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ
သင့်ကျန်းမာရေးစောင့်ရှောက်သူအနေနဲ့ Cervagemထည့်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) သတိရတဲ့အချိန်မှာအမြန်ဆုံးထည့်ပေးဖို့ လိုအပ်ပါတယ်။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးတောင့်ထည့်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲထည့်ပေးမှာ ဖြစ်ပါတယ်။ ဆေးပမာဏကို နှစ်ဆတိုးထည့်တာမျိုး မပြုလုပ်သင့်ပါဘူး။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ