Celexa ဟာ စိတ်ကျဝေဒနာကို သက်သာစေတဲ့ ဆေးဝါးတစ်မျိုး ဖြစ်ပါတယ်။
Celexa ကိုသောက်သုံးခြင်းအားဖြင့် အားအင်ပြည့်ဖြိုးပြီးနေထိုင်ကောင်းတဲ့ ခံစားချက်မျိုးရရှိစေပါတယ်။
ဒီဆေးဟာ SSRI အုပ်စုဝင်ဆေးဝါးဖြစ်ပြီးဦးနှောက်ထဲက serotonin လို့အမည်ရတဲ့ သဘာဝဓါတ်တစ်မျိုးကို မျှတစေပါတယ်။
Celexa ကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်းတိတိကျကျ လိုက်နာသောက်သုံးပါ။ ဒီဆေးကိုပုံမှန်အားဖြင့် အစာနဲ့တွဲပြီးဖြစ်စေ ခြားပြီးဖြစ်စေ၊ နံနက်ပိုင်းမှာဖြစ်စေညနေပိုင်းမှာဖြစ်စေတစ်နေ့တစ်ကြိမ် သောက်သုံးနိုင်ပါတယ်။
ဆေးစတင်သောက်သုံးချိန်ကနေရောဂါလက္ခဏာတွေ သက်သာလာချိန်အထိရက်သတ္တပတ် ၄ပတ်ခန့် ကြာမြင့်နိုင်ပါတယ်။ ဒါကြောင့် ဆေးသောက်ပြီးအချိန်တိုအတွင်းထူးခြားမှုမရှိခဲ့ရင် ဆေးသောက်တာကိုရပ်မပစ်ဘဲ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းပုံမှန်ဆက်လက်သောက်သုံးဖို့ အရေးကြီးပါတယ်။
အကယ်၍ ဆေးရည်ပုံစံနဲ့လာတဲ့ Celexa ကိုသောက်သုံးမယ်ဆိုရင် ဆေးပမာဏကိုအတိအကျ ချိန်ဆနိုင်တဲ့ ဆေးထိုးပြွန်၊ ဇွန်း၊ ခွက် စတာတွေကိုအသုံးပြုသင့်ပါတယ်။ ဆေးပုလင်းမှာဆေးချိန်ဆဖို့ ပစ္စည်းတစ်ခုခုပါမလာခဲ့ရင် ဆေးဝါးကျွမ်းကျင်ပညာရှင်ဆီမှာတောင်းယူဖို့ မမေ့ပါနဲ့။
Celexa (citalopram)ကိုအခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Celexa (citalopram)ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Celexa (citalopram) ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Celexa (citalopram)ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
အကယ်၍ သင့်မှာအောက်ဖော်ပြပါ အခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။
အကယ်၍ သင်ဟာ pimozide သို့မဟုတ် methylene blue ထိုးဆေးအသုံးပြုနေရတယ်ဆိုရင် Celexa သောက်သုံးဖို့ မသင့်တော်ပါဘူး။
ပြီးခဲ့တဲ့ ၁၄ရက်အတွင်း isocarboxazid, linezolid, methylene blue ထိုးဆေး, phenelzine, rasagiline, selegiline, tranylcypromine စတဲ့ MAOI အုပ်စုဝင်ဆေးတစ်မျိုးမျိုးအသုံးပြုထားမယ်ဆိုရင်လည်း Celexa အသုံးမပြုသင့်ပါဘူး။
အချို့သူတွေဟာ စိတ်ကျဝေဒနာသက်သာဆေး စတင်သောက်သုံးချိန်မှာမိမိကိုယ်ကိုယ် အဆုံးစီရင်လိုတဲ့ အတွေးတွေ ဖြစ်ပေါ်တတ်ကြပါတယ်။ သင့်ဆရာဝန်အနေနဲ့ ရက်ချိန်းပုံမှန်ခေါ်ယူပြီးသင့်အခြေအနေကိုစစ်ဆေးအကဲခတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အကယ်၍ သင့်မှာစိတ်ခံစားချက် ပြောင်းလဲမှု တစ်စုံတစ်ရာဖြစ်လာခဲ့မယ်၊ အန္တရာယ်ရှိတဲ့ လက္ခဏာတစ်ခုခု ပြလာခဲ့မယ်ဆိုရင်လည်းသင့်မိသားစုဝင်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေကိုအသိပေးသင့်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ Celexa လို SSRI အုပ်စုဝင်ဆေးဝါးတွေကို သောက်သုံးခြင်းအားဖြင့် ကလေးငယ်မှာ ပြင်းထန်တဲ့အဆုတ်ရောဂါနဲပအခြားနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်းဆေးသောက်တာကိုချက်ချင်းရပ်လိုက်ရင် စိတ်ကျဝေဒနာ နောက်တစ်ကြိမ်ပြန်ဖြစ်လာနိုင်ချေ ရှိတဲ့အတွက် သင့်မှာ ကိုယ်ဝန်ရှိမှန်းသိသိချင်း သင့်ဆရာဝန်ကို ပြောပြဖို့ လိုအပ်ပါတယ်။ ဒီဆေးဝါးကို သင့်ဆရာဝန်က အကြံမပေးဘဲ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ့်သဘောနဲ့ကိုယ် စတင်သောက်သုံးတာ၊ ရပ်လိုက်တာမျိုးမလုပ်သင့်ပါဘူး။
Celexa ရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ Citalopram ဟာမိခင်နို့ရည်ကတဆင့် ရင်ခွင်ပိုက်ကလေးငယ်ဆီရောက်ရှိပြီးဘေးဥပါဒ်ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ဒီဆေးသောက်သုံးနေသမျှ ကာလပတ်လုံးမိမိရင်သွေးငယ်ကိုမိခင်နို့ မတိုက်ကျွေးသင့်ပါဘူး။
Celexa ကိုအသက် ၁၈နှစ်အောက် မည်သူမဆို ဆရာဝန်ညွှန်ကြားချက်မပါဘဲမသောက်သုံးသင့်ပါဘူး။ ဒီဆေးကိုကလေးငယ်တွေမှာအသုံးပြုဖို့ စိတ်ချရခြင်းရှိမရှိ အတည်မပြုရသေးပါဘူး။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရရက်သတ္တပတ် ၃၀နဲ့အထက် ရှိနေပြီဖြစ်တဲ့ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cအဖြစ်သတ်မှတ်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါတယ်။
Celexaရဲ့ ဖြစ်လေ့ဖြစ်ထအများဆုံးဘေးထွက်ဆိုးကျိုးတွေကတော့
အကယ်၍ Celexa သောက်သုံးပြီးအောက်ဖော်ပြပါလက္ခဏာတစ်ခုခု ဖြစ်လာခဲ့ရင် သင့်ဆရာဝန်ကို အမြန်ဆုံးအကြောင်းကြားပါ
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
Celexa ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသောဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
Celexaနဲ့ သက်ရောက်ဓါတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့
သွေးခဲမှုကိုဟန့်တားသည့်ဆေးဝါးများ (ဥပမာclopidogrel)၊ NSAID များ (ဥပမာ ibuprofen)၊ သွေးကျဲဆေးများ (ဥပမာ warfarin) တို့ပဲ ဖြစ်ပါတယ်။
Celexa (citalopram)က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
Celexa (citalopram)ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။
Celexa နဲ့ သက်ရောက်ဓါတ်ပြုမှုရှိနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေကတော့
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
စိတ်ကျဝေဒနာ
ကနဦးသောက်သုံးရမည့်ပမာဏ – ၂၀ မီလီဂရမ်၊ တစ်နေ့ ၁ကြိမ်
ရေရှည် သောက်သုံးရမည့်ပမာဏ – ၂၀ မီလီဂရမ် မှ ၄၀ မီလီဂရမ်၊ တစ်နေ့၁ကြိမ်
အများဆုံးသောက်သုံးနိုင်သည့်ပမာဏ – တစ်နေ့လျှင် ၄၀ မီလီဂရမ်
အသက် ၆၀ အထက် – ၂၀ မီလီဂရမ်၊ တစ်နေ့ ၁ကြိမ်
ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ
Celexa ကို Citalopram hydrobromide ၁၀ မီလီဂရမ်ပါဝင်တဲ့ အပေါ်ခွံပါဝင်တဲ့ဆေးပြား ပုံစံဖြင့် ရရှိနိုင်ပါတယ်။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ် ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ
Celexa ကိုသောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ