Celebrex (celecoxib) ဟာစတီးရွိုက်မပါဝင်တဲ့ အရောင်ကျဆေး (NSAID) အုပ်စုဝင်ဆေးဝါး ဖြစ်ပါတယ်။ Celecoxib ဟာရောင်ရမ်းခြင်းနဲ့ နာကျင်မှုဝေဒနာ ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကိုလျော့နည်းစေပါတယ်။
Celebrex ကိုအဆစ်ရောင်ရောဂါ၊ အရိုးကျီးပေါင်းရောဂါနဲ့အူလမ်းကြောင်းမှာ polyps ခေါ် အဖုများထွက်တဲ့ မျိုးရိုးလိုက်တဲ့ရောဂါတွေကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်ကိုက်ခဲမှုဝေဒနာနဲ့ ရောင်ရမ်းခြင်းတို့ သက်သာစေဖို့ အသုံးပြုကြသလိုအသက် ၂နှစ်နဲ့အထက် ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ လေးဘက်နာအဆစ်ရောင်ရောဂါကိုကုသရာမှာလည်းအသုံးပြုနိုင်ပါတယ်။
Celebrex ရဲ့ အခြားအသုံးဝင်ပုံတွေအကြောင်း သိရှိလိုပါကသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုမေးမြန်းပါ။
Celebrex (celecoxib) ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းအသုံးပြုပါ။ ကိုယ့်သဘောနဲ့ကိုယ် ဆေးအတိုးအလျော့လုပ်ခြင်း၊ စွဲသောက်ခြင်းမပြုလုပ်သင့်ပါ။
ဒီဆေးကိုကိုရေတစ်ဖန်ခွက်အပြည့်ဖြင့် မျှောချသောက်သုံးပါ။ ဆေးတောင့်ကိုချိုးချေသောက်ခြင်း၊ ဝါးစားခြင်း မပြုလုပ်ရပါ။
ဆေးအသုံးပြုပုံနဲ့ပတ်သက်ပြီးသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသေးစိတ်မေးမြန်းနိုင်ပါတယ်။
Celebrexကိုအခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Celebrexကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Celebrex ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Celebrexကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
အကယ်၍ သင့်မှာအောက်ဖော်ပြပါ အခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရရက်သတ္တပတ် ၃၀နဲ့အထက် ရှိနေပြီဖြစ်တဲ့ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cအဖြစ်သတ်မှတ်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါတယ်။
Celebrex ကြောင့် အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။
Celebrex သောက်သုံးပြီးအောက်ဖော်ပြပါ လက္ခဏာတစ်ခုခု ဖြစ်လာခဲ့ရင် ဆေးသောက်သုံးမှုကိုချက်ချင်းရပ်တန့်ပြီးအရေးပေါ်ဆေးကုသမှု အမြန်ဆုံးခံယူသင့်ပါတယ်။
ဒါ့အပြင် အရေပြားမှာအဖုအပိမ့်အနီကွက်များထွက်ခြင်း၊ အဖျားတက်ပြီးအရည်ကြည်ဖုထခြင်း ဖြစ်လာခဲ့ရင်လည်းဆေးသောက်သုံးမှုကိုချက်ချင်းရပ်တန့်ပစ်ဖို့ လိုအပ်ပါတယ်။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
Celebrex ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
Celebrex နဲ့ သက်ရောက်ဓါတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့
Celebrexက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
Celebrex ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် သင့်မှာအောက်ဖော်ပြပါ ရောဂါတွေရှိမယ်ဆိုရင် Celebrex မသောက်ခင် သင့်ဆရာဝန်ကို မဖြစ်မနေပြောပြဖို့ လိုအပ်ပါတယ်။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရိုးအဆစ်များရောင်ရမ်းခြင်း
၂၀၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် သို့မဟုတ် ၁၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ်
လေးဘက်နာအဆစ်ရောင်ရောဂါ
၁၀၀ မီလီဂရမ် မှ ၂၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ်
အရိုးကျီးပေါင်းရောဂါ
အရိုးကျီးပေါင်းရောဂါအတွက် ၂၀၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခွဲပြီးသောက်သုံးဖို့ လမ်းညွှန်ထားပါတယ်။
ရက်သတ္တပတ် ၆ပတ်ကြာပြီးတဲ့အထိအကျိုးရလဒ် ထူးခြားမလာခဲ့ရင် ၄၀၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် အစမ်းသောက်သုံးနိုင်ပါတယ်။
၄၀၀ မီလီဂရမ်သောက်သုံးပြီးနောက်ထပ် ရက်သတ္တပတ် ၆ပတ်ကြာတဲ့အထိထူးခြားမှုရှိမလာဘူးဆိုရင်တော့ အခြားဆေးဝါးတစ်မျိုးမျိုးကို ပြောင်းလဲအသုံးပြုဖို့ စဉ်းစားသင့်ပါတယ်။
ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာ
ကနဦးအနေနဲ့ Celebrex ၄၀၀ မီလီဂရမ် သောက်သုံးပြီးလိုအပ်ရင် ပထမဦးဆုံးဓမ္မတာလာတဲ့နေ့မှာနောက်ထပ် ၂၀၀ မီလီဂရမ် သောက်သုံးနိုင်ပါတယ်။
ကျန်နေ့တွေမှာတော့ ၂၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် သောက်သုံးဖို့ လမ်းညွှန်ထားပါတယ်။
ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ လေးဘက်နာအဆစ်ရောင်ရောဂါ
အသက် ၂နှစ်နဲ့အထက် ကလေးငယ်တွေမှာကိုယ်အလေးချိန်အပေါ်မူတည်ပြီးအောက်ပါအချိုးအစားအတိုင်းသောက်သုံးနိုင်ပါတယ်။
ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ် မှ ၂၅ ကီလိုဂရမ်အထိ – ၅၀ မီလီဂရမ် တစ်နေ့ ၂ကြိမ်
ကိုယ်အလေးချိန် ၂၅ ကီလိုဂရမ်အထက် – ၁၀၀ မီလီဂရမ် တစ်နေ့ ၂ကြိမ်
Celebrex ကို ၅၀ မီလီဂရမ်၊ ၁၀၀ မီလီဂရမ်၊ ၂၀၀ မီလီဂရမ် နဲ့ ၄၀၀ မီလီဂရမ် ပါဝင်တဲ့ ဆေးတောင့်ပုံစံများဖြင့် ရရှိနိုင်ပါတယ်။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
Celebrex ကိုသောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ