Calcium chlorideကိုသွေးတွင်းကယ်လ်ဆီယမ်ဓါတ်နည်းခြင်းကြောင့်ဖြစ်သောကြွက်တက်ခြင်းအားအရေးပေါ်ကုသရာတွင်အသုံးပြုသည်။ ကြွက်တက်ခြင်း၏မူလအကြောင်းခံဇစ်မြစ်ပေါ်မူတည်၍ Calcium chloride အပြင်ဗီတာမင်ဒီသို့မဟုတ် parathyroid ဟော်မုန်းအစရှိသည်တို့ကိုလည်းတွဲဖက်ပေးရသည်။ အရေးပေါ်နှလုံးနှိုးခြင်းများတွင် (အထူးသဖြင့်နှလုံးခွဲစိတ်မှုအပြီးတွင်) epinephrine ကိုအသုံးပြုပြီးသော်လည်းနှလုံးကြွက်သားကောင်းစွာအလုပ်လုပ်ခြင်းမရှိသေးလျှင် Calcium chlorideကိုအသုံးပြုနိုင်သည်။Calcium chloride ၏အခြားသောအသုံးပြုပုံအသေးစိတ်တို့ကိုသင့်ဆရာဝန်နှင့်ဆွေးနွေးပါ။
Calcium chlorideကိုဆရာဝန်ညွှန်ကြားမှအသုံးပြုရပါမည်။ အသုံးပြုပုံနှင့်ပတ်သတ်၍မရှင်းလင်းသည်များရှိလျှင်သင့်ဆရာဝန်ကိုမေးမြန်းပါ။
ဆေးအများစုမှာအခန်းအပူချိန်တွင်သိုလှောင်ထားနိုင်ပါတယ်။
Calcium chlorideကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Calcium chlorideကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Calcium chlorideဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက်ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Calcium chlorideကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
ဆေးဝါးအများစုကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ။
Calcium chlorideကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက်ရေခဲအောင်မလုပ်ရပါ။
အောက်ပါအချက်များရှိနေလျှင်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအသိပေးပါ။
-ကိုယ်ဝန်ရှိနေလျှင်သို့မဟုတ်ကလေးနို့တိုက်နေလျှင်။ အဆိုပါအချိန်များတွင်ဆရာဝန်ညွှန်ကြားသောဆေးဝါးများကိုသာအသုံးပြုသင့်၍ဖြစ်သည်။
-အခြားသောဆေးများ ( ဆရာဝန်ညွှန်ကြားထားသော၊မညွှန်ကြားဘဲသောက်သုံးနေသောဆေးများ၊သဘာဝဆေးဘက်ဝင်ပစ္စည်းများ၊ ဖြည့်စွက်အားဆေးများအားလုံးပါဝင်ပါသည်)ကိုသုံးစွဲနေရလျှင်။
-သင့်တွင် Calcium chloride သို့မဟုတ် Calcium chlorideတွင်ပါဝင်သောပါဝင်ပစ္စည်းများသို့မဟုတ်အခြားဆေးဝါးများနှင့်ဓါတ်မတည့်မှုရှိလျှင်။
-ဓါတ်မတည့်သည့်လက္ခဏာများခံစားရဖူးလျှင်။(ဆေးသာမကအစားအသောက်၊ဆိုးဆေး၊အစားအစာများကိုတာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများသို့မဟုတ်တိရစ္ဆာန်များနှင့်ဓါတ်မတည့်ခြင်းများပါအကျုံးဝင်သည်)။
ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည်အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏သတ်မှတ်ချက်အရကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟုသတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။
ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။
Calcium chlorideကဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။
Calcium chloride သည်အောက်ပါဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။
-ဓါတ်မတည့်သည့်လက္ခဏာများ —->ယားယံခြင်း၊အနီစက်များထွက်ခြင်း၊အသက်ရှုရခက်ခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လည်ချောင်း၊လျှာများရောင်ရမ်းလာခြင်း။
-ပျို့ခြင်း၊ဗိုက်နာ/အောင့်ခြင်း၊ဝမ်းလျှောခြင်း၊ဝမ်းချုပ်ခြင်း၊လေထခြင်း၊အရေပြားတွင်အစက်များထွက်လာခြင်း၊ယားယံခြင်း၊သွေးတွင်းသို့မဟုတ်ဆီးထဲတွင်ကယ်လ်ဆီယမ်ဓါတ်များခြင်း။
ယခုဖော်ပြပါဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့်ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)
Calcium chlorideဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)
Calcium chloride သည်အောက်ပါဆေးဝါးများနှင့်ဓါတ်ပြုနိုင်သည်။
-ဗီတာမင်ဒီ
-နှလုံးဆေးများ (ဥပမာ။။digoxin, cardiac glycosides)
-Tetrcyclines
-Thiazide အုပ်စုဝင်ဆီးဆေးများ
-အရိုးရောဂါကုဆေးများ (ဥပမာ။။Biphosphonates, sodium fluorides)
Calcium chlorideကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
Calcium chlorideဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီပါတယ်။ အထူးသဖြင့်
-parathyroid ဂလင်းအလွန်အကျွံအလုပ်လုပ်ခြင်းသို့မဟုတ်ခန္တာကိုယ်တွင်းဗီတာမင်ဒီအလွန်များခြင်း။
-သွေးထဲ၊ဆီးထဲတွင်ကယ်လ်ဆီယမ်ဓါတ်များပြားခြင်း၊ဆီးကျောက်တည်ခြင်းနှင့်အခြားကျောက်ကပ် ပြဿနာများရှိခြင်း။
-Galactosaemiaခေါ်ခန္တာကိုယ်ထဲရှိသကြားဓါတ်ကိုမချေဖျက်နိုင်သောရှားပါးသည့်မွေးရာပါရောဂါတမျိုး။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
သွေးတွင်းကယ်လ်ဆီယမ်ဓါတ်နည်းခြင်းအတွက်အရေးပေါ်ကုသရန်
—->၅၀၀-၁၀၀၀မီလီဂရမ်ကိုအကြောသွင်းဆေးအဖြစ်၅မိနစ်မှ၁၀မိနစ်အတွင်းသွင်းရမည်။ ထို့နောက်လိုအပ်သလိုထပ်မံသွင်းနိုင်သည်။
နှလုံးခုန်အလွန်မြန်ခြင်းအတွက်အရေးပေါ်ကုသရန်
(ကယ်လ်ဆီယမ်နည်းခြင်း၊ပိုတက်ဆီယမ်များခြင်း၊မဂ္ဂနီဆီယမ်များခြင်းတို့နှင့်ဆက်စပ်သောနှလုံးခုန်အလွန်မြန်ခြင်းအတွက်)
—->၅၀၀-၁၀၀၀မီလီဂရမ်ကိုအကြောသွင်းဆေးအဖြစ်၅မိနစ်မှ၁၀မိနစ်အတွင်းသွင်းရမည်။
မဂ္ဂနီဆီယမ်များခြင်းအတွက်
—->၅၀၀-၁၀၀၀မီလီဂရမ်ကိုအကြောသွင်းဆေးအဖြစ်၂မိနစ်မှ၅မိနစ်အတွင်းသွင်းရမည်။ ထို့နောက်လူနာပြန်ကောင်းလာခြင်းရှိမရှိကိုစောင့်ကြည့်နေရမည်ဖြစ်ပြီးအာရုံကြောဆိုင်ရာလက္ခဏာများမသက်သာသေးလျှင်ထပ်မံပေးနိုင်သည်။
Calcium Channel Blocker ဆေးလွန်ခြင်းအတွက်
—->၁-၂ဂရမ်ကိုအကြောသွင်းဆေးအဖြစ်၁၀မိနစ်မှမိနစ်၂၀အတွင်းသွင်းရမည်။ လိုအပ်ပါကမိနစ်၂၀တခါနှုန်းဖြင့်၅ခါအထိထပ်သွင်းနိုင်သည်။
Beta-blocker ဆေးများလွန်ခြင်းအတွက်၊ Glucagon နှင့်Vasopressorဆေးများပမာဏများစွာပေးပြီးနောက်ပေးရန်အတွက်
—->၁၀၀၀မီလီဂရမ်ကိုအကြောသွင်းဆေးအဖြစ်လည်ပင်းသွေးကြောမှတဆင့်ပေးရမည်။
သိထားသင့်သောအချက်များ။။Calcuim chloride 10% solution ၁ဂရမ် (၁၀စီစီ)တိုင်းတွင်ကယ်လ်ဆီယမ်ဓါတ်အသားတင်၂၇၃မီလီဂရမ်ပါဝင်သည်။
သွေးတွင်းကယ်လ်ဆီယမ်ဓါတ်နည်းခြင်းအတွက်အရေးပေါ်ကုသရန်
မွေးကင်းစနှင့်လသားကလေးငယ်များ —–>အများဆုံး၇၅မီလီဂရမ်ကိုအကြောသွင်းဆေးအဖြစ်သွင်းရမည်။ လိုအပ်ပါကထပ်ပေးနိုင်သည်။
အခြားကလေးများ —–>၇၅-၅၁၉မီလီဂရမ်ကိုအကြောသွင်းဆေးအဖြစ်သွင်းရမည်။ လိုအပ်ပါကထပ်ပေးနိုင်သည်။
ကယ်လ်ဆီယမ်ဓါတ်နည်းခြင်းကြောင့်ကြွက်တက်ခြင်းအတွက်
Calcium chlorideကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။
100mg/ml (10%) အရည်
100mg/ml (10%) အရည်ကိုဆေးထိုးအပ်တွင်တခါတည်းပါဝင်သောပုံစံ။
အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။
Calcium chlorideကိုသောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
PasteTextHere Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ