backup og meta

Budd-Chiari Syndrome (Budd-Chaiari syndrome ဆိုတာ ဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်လက္ခဏာများအကြောင်းရင်းများဖြစ်နိုင်ခြေများရောဂါအဖြေရှာခြင်းနှင့် ကုသမှုလူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

အဓိပ္ပါယ်ဖွင့်ဆိုချက်

Budd-Chiari Syndrome (Budd-Chaiari syndrome ဆိုတာ ဘာလဲ) ကဘာလဲ။

အသည်းသွေးပြန်ကြောတွင် သွေးခဲဖြင့် ပိတ်ဆို့ခြင်း လို့လဲ သိကြပါတယ်။ ဒီလို အခြေအနေက အသည်းရဲ့ သွေးလှည့်ပတ်ခြင်းကို ပိတ်ဆို့လိုက်ပြီး နှလုံးဆီသို့ သွေးပြန်စီးမှုကို ဟန့်တားပါတယ်။ သွေးလည်ပတ်မှု မကောင်းတဲ့ အခါမှာ အသည်းအလုပ်လုပ်ဖို့လိုတဲ့ အောက်ဆီဂျင် ရရှိမှုလည်း နည်းသွားပါတယ်။ ၎င်းက အသည်းကို များစွာ ထိခိုက်စေပြီး အသည်း ပျက်စီး သွားခြင်းများ ဖြစ်ရပါတယ်။ ရောဂါ လက္ခဏာတွေကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ရောဂါ လက္ခဏာတွေကတော့ ဝမ်းဗိုက် ညာဘက် အထက်ပိုင်း နာကျင်ခြင်း၊ အသည်း ကြီးနေခြင်း၊ အစာအိမ်ကို ကာရံထားတဲ့ အလွှာထဲမှာ အရည်များ စုပြုံနေခြင်း တို့ဖြစ်ပါတယ်။ အချို့လူတွေမှာ သွေးခဲဖြင့် ပိတ်ဆို့မှုကြောင့် အသည်း မပျက်စီးသည့် တိုင်အောင် လက္ခဏာ မပြကြပါဘူး။

Budd-Chiari Syndrome (Budd-Chaiari syndrome ဆိုတာ ဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ

ယောကျာ်းနဲ့မိန်းမ ဖြစ်နိုင်ခြေ အတူတူပါပဲ။ အသက်နှစ်ဆယ်နဲ့လေးဆယ်ကြားမှာ အဖြစ်များပါတယ်။ ရောဂါကို ဖြစ်စေဖို့အားပေးတဲ့ အရာတွေကို ရှောင်ရင် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ် သိချင်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

လက္ခဏာများ

Budd-Chiari Syndrome (Budd-Chaiari syndrome ဆိုတာ ဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါဖြစ်စမှာတော့ သတိထားမိနိုင်လောက်တဲ့ လက္ခဏာကို လူတိုင်းဆီမှာတော့ မတွေ့တတ်ပါဘူး။ အတွေ့ရများတာတွေကတော့ ရေဖျင်းဆွဲခြင်း၊ အသည်း ကြီးခြင်းတို့ဖြစ်ပါတယ်။ သွေးလည်ပတ်မှု ပိတ်ဆို့ သွားတဲ့ အတွက် အသည်း ကြီးလာရတာ ဖြစ်ပါတယ်။

အခြားတွေ့ရများတာကတော့

ပျို့အန်ခြင်း၊

သွေးအန်ခြင်း၊

အလေးချိန် ကျခြင်း၊

ဘေလုံး ကြီးခြင်း၊

ခြေထောက်ရောင်ခြင်း၊

ဗိုက် ညာဘက် အပေါ်ပိုင်း နာကျင်ခြင်း၊

အသားဝါခြင်း၊ မျက်လုံး ဝါခြင်း၊

ဒီလက္ခဏာတွေ ခံစားရရင် ဆရာဝန် နဲ့တိုင်ပင်သင့်ပါတယ်။ မြန်ဆန်တဲ့ ကုသမှုက အသည်းပျက်စီးမှုကို ကာကွယ်ပါတယ်။ သေချာ ဂရုစိုက် ကုသ သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာ ရောဂါရှာဖွေပြီး ကုသမှုက ရောဂါ ပိုမဆိုးအောင် ထိန်းချုပ်ပါတယ်။ ရောဂါရဲ့ပြင်းထန်တဲ့ အခြေအနေကို ကာကွယ်ဖို့ဆရာဝန်နဲ့သေချာ ကုသပါ။

အထက်ပါ ရောဂါ လက္ခဏာတွေ ခံစားရရင် ဖြစ်စေ၊ မေးခွန်း မေးစရာရှိရင် ဖြစ်စေ ဆရာဝန်နှင့် ဆွေးနွေးပါ။ လူတွေရဲ့ခန္ဓါကိုယ် အလုပ်လုပ်ပုံက မတူညီကြပါဘူး။ သင်ကိုယ်တိုင် ခံစားနေရတာတွေကို ဆရာဝန်ကို ပြောပြ ဆွေးနွေးခြင်းက အကောင်းဆုံးပါ။

အကြောင်းရင်းများ

Budd-Chiari Syndrome (Budd-Chaiari syndrome ဆိုတာ ဘာလဲ) ကိုဘာတွေကဖြစ်စေသလဲ

အချို့ဆေးဝါးတွေ၊ ရောဂါတွေ၊ မျိးရိုးလိုက်မှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ အသည်း သွေးပြန်ကြောတွင်း သွေးခဲမှုကို ဖြစ်စေတဲ့ မည်သည့် အရာမဆို ဒီရောဂါကို ဖြစ်စေပါတယ်။

တွေ့ရများတဲ့ ဖြစ်စေတဲ့ အကြောင်းတွေကတော့

မျိုးရိုးစဉ်ဆက် ဖြစ်တဲ့ သွေးရောဂါများ၊

အသည်း ကင်ဆာ၊

အသည်းထိခိုက်မိခြင်း၊

ရောဂါပိုးဝင်ခြင်းများ၊

သွေးပြန်ကြော ရောင်ခြင်းများ၊

သန္ဓေတားဆေးများ၊

ကိုယ်ဝန်ဆောင်ခြင်း၊

ကိုယ်ခံအားချထားသည့် ဆေးများ၊

ကိုယ့်တစ်ရှူးကိုယ် ပြန်တိုက်သည့် ရောဂါများ၊

ရောင်ရမ်းသည့် ရောဂါများ၊

တွယ်ဆက် တစ်ရှူး ရောဂါများ၊

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Budd-Chiari Syndrome (Budd-Chaiari syndrome ဆိုတာ ဘာလဲ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ပိုဆိုးစေတဲ့ အခြေအနေတွေ ရှိပါတယ်။ အောက်ပါ အခြေအနေတွေ ကြုံနေရင် ဖြစ်စေ၊ အောက်ပါ ဆေးဝါးတွေ သုံးနေရင်ဖြစ်စေ၊ ရောဂါ ပိုဆိုးစေပါတယ်။

Dacarbazine

Alpha 1 anti trypsin ချို့တဲ့ခြင်း၊

ကပ်ပါးပိုး ဝင်ခြင်း၊

ထိခိုက်ဒဏ်ရာ ရရှိခြင်း၊

ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေး မွေးပြီးစ အချိန်၊

သန္ဓေတားဆေးများကို ပုံမှန်သုံးစွဲခြင်း၊

အထက်ပါ အခြေအနေတွေက သွေးခဲခြင်းနဲ့ဒီရောဂါကို ဖြစ်စေပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Budd-Chiari Syndrome (Budd-Chaiari syndrome ဆိုတာ ဘာလဲ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့် ဆရာဝန်က သင့်မှာ ဒီရောဂါရှိတယ်လို့သံသယ ရှိရင် စမ်းသပ်မှုတွေ လုပ်ပါလိမ့်မယ်။ စစ်ဆေးမှုတွေ လုပ်ဖို့ တိုက်တွန်းပါလိမ့်မယ်။ စစ်ဆေးမှုတွေကတော့

သွေးစစ်ခြင်း၊ ၎င်းက အသည်းပုံမှန် အလုပ် လုပ်မလုပ် ကို သိစေပါတယ်၊ အသည်း ပျက်စီးမှုကို ပြနေရင်တော့ နောက်ထပ် စစ်ဆေးမှုတွေ လုပ်ရပါမယ်။

ဆရာဝန်က အသည်းရဲ့အရွယ်အစားနဲ့ပျက်စီးမှု လက္ခဏာတွေကို စစ်ဆေးဖို့ultrasound ရိုက်ခိုင်းပါလိမ့်မယ်။ ပျက်စီးတဲ့ တစ်ရှူးတွေနဲ့ ပိတ်ဆို့နေတဲ့ နေရာတွေကို ရှာဖို့ကွန်ပျူတာ ဓါတ်မှန် ရိုက်ခိုင်းနိုင်ပါတယ်။

အသည်းရဲ့ပျက်စီးနေတဲ့ အပိုင်းတွေကို ရှာဖို့ အသည်းကနေ အသားစ ယူပြီး စစ်ဆေးပါလိမ့်မယ်။

ဆရာဝန်က သွေးပြန်ကြော အတွင်းက ဖိအားကိုလည်း တိုင်းပေးပါလိမ့်မယ်။ အသည်း သွေးပြန်ကြောအတွင်း ကို ပြွန်သေးသေးနဲ့ကိရိယာလေး ထည့်ပြီး တိုင်းပါတယ်။ အသည်းသွေးပြန်ကြောအတွင်း ပြွန်ထည့်ခြင်း လို့ခေါ်ပါတယ်။

Budd-Chiari Syndrome (Budd-Chaiari syndrome ဆိုတာ ဘာလဲ) ကို ဘယ်လိုကုသပါသလဲ

သွေးခဲခြင်းကို တားဆီးတဲ့ ဆေးတွေ သုံးပါတယ်။ သွေးခဲတွေကို ပျော်စေတဲ့ ဆေးတွေကို Fibrinolytic drug လို့ခေါ်ပါတယ်။ သွေးခဲခြင်းကို ကာကွယ်ဖို့အတွက် သွေးမခဲဆေးတွေကိုလည်း သုံးပါတယ်။

ခွဲစိတ်ခြင်း

ဆရာဝန်က သွေးလည်ပတ်မှု ကောင်းစေဖို့သွေးကြော ချဲ့ဖို့လည်း ရွေးချယ်ကောင်း ရွေးချယ်နိုင်ပါတယ်။ Percutaneous transluminal angioplasty လို့ခေါ်ပါတယ်။

ဒီနည်းကို လုပ်နေစဉ်မှာ ခွဲစိတ် ဆရာဝန်က ပိတ်နေတဲ့ သွေးပြန်ကြောထဲကို ပြွန်လေး ထည့်ပါလိမ့်မယ်။ ဒီပြွန်ရဲ့ထိပ်မှာ လေလျှော့ထားတဲ့ ပူဖောင်းလေး ပါ ပါတယ်။ သွေးပြန်ကြောထဲ ရောက်သွားမှသာ ဆရာဝန်က ပူဖောင်းကို ဖောင်းစေမှာပါ။ အဲ့လိုနဲ့ သွေးပြန်ကြောကို ချဲ့ပါတယ်။ ကျယ်သွားတဲ့ အခါ ဆန်ခါလေး ထည့်ပါတယ်။ ဆန်ခါက သွေးပြန်ကြောကို ပွင့်နေစေပါလိမ့်မယ်။

ဆရာဝန်က အသည်းထဲမှာ သွေးလွှတ်ကြောနဲ့သွေးပြန်ကြောကို ဆက်တဲ့ လမ်းကြောင်းတစ်ခု လုပ်ပါလိမ့်မယ်။ အသည်းထဲကို သွေးစီးဆင်းမှု လျှော့လိုက်တဲ့ အတွက် သွေးလွှတ်ကြောထဲက ဖိအားကို လျော့သွားစေပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

အောက်ပါနည်းလမ်းတွေက ဒီရောဂါကို ကာကွယ်နိုင်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စားပါ။

သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားပါ။

ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။

အရက်ကို အလွန်အကျွံ မသောက်ပါနှင့်။

ဆေးလိပ်မသောက်ပါနှင့်။

စိတ်ဖိအားတွေကို တတ်နိုင်သလောက် လျှော့ပါ။

အသက်ကို ဖြည်းဖြည်းမှန်မှန် ရှူပါ။

မေးချင်တဲ့ မေးခွန်း ရှိလျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။ ဒါက အကောင်းဆုံး အဖြေ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Budd-Chiari syndrome. https://rarediseases.org/rare-diseases/budd-chiari-syndrome/ . Accessed February 23, 2017.
Budd-Chiari syndrome. https://en.wikipedia.org/wiki/Budd%E2%80%93Chiari_syndrome . Accessed February 23, 2017.
Budd-Chiari syndrome. https://www.ncbi.nlm.nih.gov/pmc/articles/PMC4147117/ . Accessed February 23, 2017.

ယခုပုံစံ

19/01/2022

Dr.Aye Myat Myat Noe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖြည့်စွက်အားဆေးတွေ သောက်မယ်ဆိုရင်

Placebo ဆေးတွေအကြောင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ