Abomacetin ဟာ erythromycin နဲ့ ကုသနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကူးစက်ရောဂါတွေ (ဥပမာ ဆုံဆို့နာ၊ကြက်ညှာ၊မျက်ခမ်းစပ်ရောဂါ၊ တိရ စ္ဆာန်မှတဆင့် လူသို့ကူးစက်သော ဘရူဆယ်လိုးစစ် ရောဂါ၊Legionnaires အမည်ရှိ ရောဂါတမျိုး၊လည်ချောင်းနာခြင်း၊နားပြည်ယိုခြင်း၊သည်းခြေအိတ်ရောင်ခြင်း၊နမိုးနီးယား အဆုတ်ရောင်ရောဂါ၊ဆီးပူညောင်းကျရောဂါ၊ကာလသားရောဂါ စသည်) ကို ကုသဖို့အတွက် အများဆုံး အသုံးပြုလေ့ရှိပါတယ်။ ဒါ့အပြင် ပင်နီဆလင်၊tetracycline၊chloramphenicol၊ streptomycin စတဲ့ ဆေးတွေမတိုးတဲ့ ဘက်တီးရီးယားပိုးတွေ (ဥပမာ staphylococci)ကြောင့် ဖြစ်ပေါ်လာတဲ့ ကူးစက်ရောဂါတွေကို ကုသဖို့အတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။
အသုံးပြုနိုင်တဲ့ပုံစံနှစ်မျိုးရှိပါတယ်။
erythromycin ကို ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း အတိအကျ သောက်ရပါမယ်။ ဆေးညွှန်းမှာပါဝင်တဲ့ လမ်းညွှန်ချက်တွေကိုလည်း လိုက်နာရပါမယ်။ အာနိသင်အကောင်းဆုံးရရှိစေဖို့အတွက် သင့်ဆရာဝန်က ဆေးပမာဏကို အခါအားလျော်စွာ လိုအပ်သလို ချိန်ဆပေးပါလိမ့်မယ်။ သတ်မှတ်ထားတဲ့ပမာဏထက် ပိုသောက်ခြင်း၊လျှော့သောက်ခြင်း ဒါမှမဟုတ် ညွှန်ကြားထားတဲ့ ကာလထက် ပိုသောက်ခြင်း စတာတွေကို မပြုလုပ်ရပါဘူး။ တကယ်လို့ ဒီဆေးကို ကလေးတွေမှာ အသုံးပြုတယ်ဆိုရင် ကလေးရဲ့ ကိုယ်အလေးချိန်အပြောင်းအလဲ ဖြစ်လာခဲ့သည်ရှိသော် ဆရာဝန်ကို အသိပေးရပါမယ်။Erythromycin ဆေးပမာဏဟာ ကလေးတွေရဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပါတယ်။ ကြာရှည်စွာ အာနိသင်ပြတဲ့ ဆေးတောင့် ဒါမှမဟုတ် ဆေးပြားတွေကို ဝါးစားခြင်း၊ချိုးပစ်ခြင်း စတာတွေကို မပြုလုပ်ဘဲ တခါတည်း မြိုချရပါမယ်။
ဆေးရည်ကို အသုံးပြုမယ်ဆိုရင် ဆေးပုလင်းနဲ့အတူပါလာတဲ့ ဆေးထိုးပြွန်၊ချင်တွယ်ခွက်၊ဇွန်း စတာတွေကို အသုံးပြုပြီး ဆေးပမာဏကို တိကျစွာ တိုင်းတာရပါမယ်။ တကယ်လို့ သင့်မှာ ချင်တွယ်စရာ ပစ္စည်းကိရိယာမရှိဖူးဆိုရင် ဆေးဆိုင်ကနေ တောင်းယူနိုင်ပါတယ်။ ဆေးကို ဆရာဝန်ညွှန်ကြားထားတဲ့ ကာလအတိုင်း ဆေးပတ်လည်အောင် သောက်ပါ။ ရောဂါရာနှုန်းပြည့်မပျောက်ကင်းခင်မှာ သင့်ရောဂါလက္ခဏာတွေ သက်သာလာပါလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ ဆေးသောက်ရပ်လိုက်ခြင်းအားဖြင့် ဆေးယဉ်ပါးမှု ဖြစ်လာစေနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတွေ (သာမန်အအေးမိခြင်း၊တုပ်ကွေးဖျားခြင်း စသည်)ကိုတော့ Erythromycin က မကုသပေးနိုင်ပါဘူး။
[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Abomacetin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Abomacetin ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Abomacetin ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)
Abomacetin ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)
Abomacetin ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
ဆေးရည်ကို သိုလှောင်သိမ်းဆည်းရန်
ဆေးရည်ကို ရေခဲသေတ္တာထဲမှာ သိုလှောင်သိမ်းဆည်းရမှာဖြစ်ပြီး ဆေးဗူးမှာပါတဲ့ ညွှန်ကြားချက်တွေကို ဂရုတစိုက်လိုက်နာ သိမ်းဆည်းရမှာပါ။ ဆေးရည်တွေဟာ ကာလတိုအတွင်းမှာ ရက်လွန်သွားလေ့ရှိပါတယ်။ အသုံးမပြုလိုက်ရဘဲ ရက်လွန်သွားတဲ့ ဆေးရည်တွေကို ညွှန်ကြားထားတဲ့အတိုင်း စနစ်တကျစွန့်ပစ်ပါ။
ဆေးကို မသုံးစွဲခင် အောက်ပါအချက်တွေရှိရင် ဆရာဝန်ကို ကြိုပြောပါ။
အောက်ပါအခြေအနေတွေကိုလည်း သတိချပ်ရပါမယ်။
သင့်ကို ကုသပေးတဲ့ ဘယ်ဆရာဝန်ကိုမဆို သင့်အနေနဲ့ erythromycin သုံးစွဲလျက်ရှိကြောင်း ကြိုတင် အသိပေးပါ။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။)
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။
ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့
erythromycin နဲ့ ဓါတ်မတည့်တဲ့ အောက်ဖော်ပြပါ လက္ခဏာတွေ ပေါ်လာခဲ့ရင် အရေးပေါ်ဆေးဝါးကုသမှုကို အမြန်ခံယူပါ။
အောက်ပါ လက္ခဏာတွေကို ခံစားရရင် ဆရာဝန်ကို အမြန်ဆုံးအကြောင်းကြားပါ။
erythromycin ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို အသက်ကြီးသူတွေ ပိုမိုခံစားရနိုင်ပါတယ် (ဥပမာ အကြားအာရုံဆုံးရှုံးခြင်း၊အသက်အန္တရာယ်ရှိလောက်သည်အထိ နှလုံးခုန်မြန်ခြင်း)။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
Abomacetin ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)
Abomacetin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
Abomacetin ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အောက်ပါရောဂါတွေရှိရင် ဆရာဝန်ကို ကြိုတင်အသိပေးပါ။
အီးစီဂျီ ဆွဲသောအခါ long QT syndrome ဟုခေါ်သော မူမမှန်အနေအထားရှိဖူးခြင်း။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
ပိုးကူးစက်ခံရတဲ့နေရာ၊ပြင်းထန်မှု၊ဘက်တီးရီးယားရဲ့ ခံနိုင်ရည်ရှိမှု စတာတွေပေါ် မူတည်ပြီး ဆေးပမာဏပြောင်းလဲနိုင်ပါတယ်။
အရွယ်ရောက်ပြီးသူတွေအတွက် သတ်မှတ်ထားတဲ့ ဆေးပမာဏကတော့
ဆေးရည်ကို ပိုးကူးစက်ခံရတဲ့ နေရာပေါ်လိမ်းပေးနိုင်ပြီး မျက်စိကူးစက်ပိုးဝင်ခြင်းအတွက် အောက်မျက်ခမ်းအနောက်ဖက်ကို ထည့်ပေးနိုင်ပါတယ်။ ဆေးပမာဏ၊သုံးစွဲရမယ့် အကြိမ်ရေနဲ့ ကာလ စတာတွေက တဦးနဲ့တဦးတူညီမှာ မဟုတ်ပါဘူး။
အသက်သုံးနှစ်အောက်ကလေးများအတွက် : တနေ့ကို 20-40 mg / kg ပမာဏ ၊အသက် လေးလမှ အသက်ဆယ့်ရှစ်နှစ်အထိ ကလေးများအတွက် : တနေ့ကို 30-50 mg / kg ပမာဏ သုံးစွဲရမှာဖြစ်ပြီး တနေ့ကို လေးကြိမ်ခွဲသောက်နိုင်ပါတယ်။
ဆေးသောက်ရမယ့် ကာလက ၅ – ၁၄ ရက်ဖြစ်ပြီး ရောဂါလက္ခဏာတွေ လုံးဝပျောက်ကင်းသွားရင်တောင် နောက်ထပ်နှစ်ရက်လောက် ဆေးကို ဆက်သောက်ရပါဦးမယ်။
အစာမစားခင် တနာရီလောက်ကြိုသောက်နိုင်သလို အစာစားပြီး နှစ်နာရီသုံးနာရီလောက်အကြာမှာလည်း သောက်နိုင်ပါတယ်။
ဆေးရည်ကို ပိုးကူးစက်ခံရတဲ့ နေရာပေါ်လိမ်းပေးနိုင်ပြီး မျက်စိကူးစက်ပိုးဝင်ခြင်းအတွက် အောက်မျက်ခမ်းအနောက်ဖက်ကို ထည့်ပေးနိုင်ပါတယ်။ ဆေးပမာဏ၊သုံးစွဲရမယ့် အကြိမ်ရေနဲ့ ကာလ စတာတွေက တဦးနဲ့တဦးတူညီမှာ မဟုတ်ပါဘူး။
Abomacetin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
Abomacetin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ