backup og meta

အစာအိမ်နာတတ်သူတွေအတွက် အကောင်းဆုံး အစားအစာ ဘာတွေဖြစ်မလဲ

အစာအိမ်က အရေးကြီးတယ်ဆိုတာ လက်ခံကြတယ်ဟုတ်။ လူဆိုတာ မစားဘဲမှ မနေနိုင်တာ။ ဒီခန္ဓာကိုယ်က ဆက်လှုပ်ရှားနေနိုင်အောင် ပါးစပ်ကနေ လောင်စာဖြည့်သမျှ ဒီအစာအိမ်ထဲပဲရောက်တာကိုး။ ကိုယ်စားလိုက်တဲ့ အစားအစာတွေရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေကို အစာအိမ်က တိုက်ရိုက်လက်ခံရတာပါ။ အစာအိမ်ကို ဝေဒနာဖြစ်စေတာလည်း အစားအသောက်ကြောင့်ပါပဲ။

အစာအိမ်နာတတ်သူတွေအတွက် အကောင်းဆုံး အစားအစာ ဘာတွေဖြစ်မလဲ

မသန့်ရှင်းတာတွေ၊ အပူအစပ်တွေ၊ မလတ်ဆတ်တာတွေ၊ ဘက်တီးရီးယားပါနေတာတွေ ကြောင့် အစာအိမ်ကို ထိခိုက်စေပါတယ်။ ဒါပေမယ့် အစာအိမ်နာကိုသက်သာစေနိုင်တဲ့ အစားအသောက်တွေလည်းရှိနေတယ်ဆိုတာက ဝမ်းသာစရာတစ်ခုပါပဲနော်။

အစာအိမ်အတွက်ဆို ဒီအစားအစာတွေ စားပေးပါ –

(၁) ဒိန်ချဉ်

ဒိန်ချဉ်၊ ပဲပြား၊ ကင်ချီ၊ စတဲ့ အစားအစာတွေမှာ probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်ပါတယ်။ အဲဒီ probiotics လေးတွေက H. pylori ရောဂါပိုးကို ခုခံတိုက်ထုတ်ပေးတယ် ဒါမှမဟုတ် ကုသမှုတွေ၊ ဆေးတွေကို အာနိသင်ပိုထိရောက်အောင် ကူညီပေးတယ်ဆိုတော့ အစာအိမ်နာကိုသက်သာစေတာပေါ့။

(၂) ပန်းသီး၊သစ်တော်သီး

ပန်းသီး၊ သစ်တော်သီး၊ အုတ်ဂျုံ စတဲ့အစားအစာတွေမှာ အမျှင်ဓာတ်ပါဝင်မှုများပါတယ်။ အမျှင်ဓာတ်က အစာအိမ်ထဲမှာ အက်စစ်ထွက်ရှိမှုပမာဏကိုလျော့နည်းစေပြီး လေပွခြင်း၊ ဗိုက်အောင့်ခြင်းတွေကို သက်သာစေပါတယ်။ အစာအိမ်အနာကိုလည်း ကာကွယ်ပေးတယ်လို့ သုတေသနတွေက ဆိုပါတယ်။

(၃) ကန်စွန်းဥ

ဗီတာမင် A ကြွယ်ဝတဲ့ ကန်စွန်းဥက အစာအိမ်အနာတွေကိုတောင် သေးငယ်သွားစေနိုင်တယ်၊ မဖြစ်ခင်မှာလည်း ကြိုတင်ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။ ဟင်းနုနွယ်၊ မုန်လာဥနီ၊နဲ့ အမဲအသည်းတို့အပါအဝင် ဗီတာမင် A ကြွယ်ဝတဲ့တခြားအစားအစာတွေဟာလည်း အာနိသင်အလားတူပါပဲ။

(၄) အုန်းရည်

အုန်းစိမ်းရည် အေးအေးလေးက ရင်အေးစေရုံမက အစာအိမ်မှာဖြစ်တဲ့ရင်ပူနာကိုပါ သက်သာစေနိုင်ပါတယ်။ သူ့မှာ ချေဖျက်ရလွယ်တဲ့ ကာဗိုဟိုက်ဒရိတ်တွေက အချိုဓာတ်နဲ့ဓာတ်ဆားဓာတ်အသွင်နဲ့ ပါဝင်နေတာဖြစ်ပါတယ်။

(၅) ပဲအမျိုးမျိုး

ပဲအမျိုးမျိုးနဲ့ ပဲပိစပ်တို့က အသားဓာတ်အကောင်းဆုံးပေးနိုင်တဲ့ သက်သတ်လွတ်အရင်းအမြစ်တွေဖြစ်တဲ့အပြင် အစာခြေစနစ်အတွက်လည်း တကယ်အကျိုးများနိုင်ပါတယ်။  ပဲနို့က အစာအိမ်အနာကိုတောင် သက်သာစေနိုင်ပါတယ်တဲ့။

(၆) ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာပါဝင်တဲ့ sulphoraphane ဓာတ်က အစာအိမ်ကို ဒုက္ခပေးတဲ့ H. Pylori ပိုးကို သေစေနိုင်တယ်လို့ သုတေသနကအတည်ပြုထားပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အမျှင်ဓာတ်တွေအပြင် ဗီတာမင် စီနဲ့ ကေ၊ ဖောလိတ်၊ ပိုတက်ဆီယမ်တို့ပါဝင်ပြီး အစာခြေစနစ်အတွက် အကျိုးပြုပါတယ်။

(၇) ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကိုသေစေနိုင်တဲ့ အစွမ်းသတ္တိကြောင့် H. Pylori ပိုးကိုလည်းကာကွယ်တိုက်ဖျက်နိုင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.healthline.com/health/gastritis-diet

Accessed Date Nov 1, 2019.

https://www.medicalnewstoday.com/articles/317027.php

Accessed Date Nov 1, 2019.

 

ယခုပုံစံ

09/06/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်လေးနဲ့ပတ်သက်တဲ့ ယုံတမ်းစကားတချို့

ခရီးသွားတဲ့အခါ အစာအိမ်ပြဿနာ မပူရအောင် ဘာတွေသိထားရမလဲ



Yun Sandi Nan Mon မှ ရေးသားသည်။ · 09/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ