brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Morning sickness မဟုတ်ဘဲ မနက်ပိုင်း အန်ချင်နေတာ ဘာကြောင့်လဲ ........

မနက်ခင်း မှာ အော့ချင်သလို အန်ချင်သလို ဖြစ်တာက အခြားသူတွေအတွက် သိပ်စိတ်ပူစရာ မဟုတ်ပေမယ့် အိမ်ထောင်ရှင်မ လေဒီလေးတွေအတွက်တော့ စိတ်လှုပ်ရှားစရာ စိတ်ပူစရာ ကိစ္စနော်။ ဒါဆို မနက်ခင်းမှာ အော့အန်တာ ခေါင်းကိုက်တာ မအီမသာဖြစ်တာတွေက ကိုယ်ဝန်ရှိမှ ဖြစ်တတ်တာလားဆိုတော့ အဲ့လို တထစ်ချကြီး မှတ်ယူလို့ မရပါဘူး။

Morning sickness မဟုတ်ဘဲ မနက်ပိုင်း အန်ချင်နေတာ ဘာကြောင့်လဲ ........

မနက်ခင်းမှာ မကြည်မလင် နိုးထလာရတာ၊ ခေါင်းကိုက်တာ၊ အော့အန်တာတွေက ကိုယ်ဝန်ရှိမှ ဖြစ်တာ မဟုတ်ပါဘူး။ အခြား အကြောင်းအရင်းတွေကြောင့်လည်း မနက်ခင်းမှာ အခုလိုမျိုးတွေ ခံစားရနိုင်ပါတယ်။

Morning sickness မဟုတ်ဘဲ မနက်ပိုင်း အန်ချင်နေတာ ဘာကြောင့်လဲ ……..

Morning sickness ဖြစ်ရတဲ့ အကြောင်းအရင်းရဲ့ နောက်ခံ အကြောင်းအရာက ကိုယ်ဝန်ရှိတာ တစ်ခု တည်းကြောင့် မဟုတ်ပါဘူး။ မနက်ခင်းမှာ ပျို့အန်တာက အထက်လန်အောက်လျှော (stomach flu) ဒါမှမဟုတ် အစာအဆိပ်သင့်တာတွေကြောင့် Morning sickness မဟုတ်ဘဲ မနက်ပိုင်း အန်ချင်နေတာကို ခံစားရနိုင်ပါတယ်။

ဒါတွေအပြင် အခြားသော ကျန်းမာရေး အခြေအနေတွေကြောင့်လည်း မနက်ခင်းမှာ အန်ချင်တာကို ခံစားရနိုင်ပါတယ်။ အချို့သောအရာတွေက နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်တဲ့အခါ ရက်အနည်းငယ်အတွင်းမှာ သူ့အလိုလို သက်သာသွားတတ်ပါတယ်။

အိပ်ရေးပျက်တာ

ညဘက်တွေ အိပ်မပျော်တာ၊ ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန် မရှိတာတွေ၊ ညဘက်တွေမှာ ကောင်းမွန်စွာ အနားမယူတာတွေက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒီလို ထိခိုက်တဲ့အထဲမှာ အစာခြေစနစ်ကလည်း တစ်ခု အပါအဝင်ပါ။

လေ့လာမှုတွေအရ အိပ်စက်မှုကို ထိန်းညှိပေးထားတဲ့ circadian rhythms တွေက အစာခြေစနစ်နဲ့ ဆက်စပ်မှု ရှိနေတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ညဘက်မှာ အိပ်ချိန် ပြည့်ပြည့်ဝဝ မရှိတာ၊ အရွယ်ရောက်ပြီးသူ တစ်ယော်ကအနေနဲ့ တစ်ညကို ၇ နာရီကနေ ၉ နာရီအတွင်း အိပ်စက်ချိန် မရှိတာက အစာစားချင်စိတ် နဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေနိုင်သလို မနက်ခင်းမှာလည်း ပျို့အန်တာ၊ ခေါင်းကိုက်တာတွေကို ခံစားရနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် ကျဆင်းတာ

ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအစာတွေကို သကြားဓာတ်အဖြစ်ပြောင်းလဲပြီး တစ်နေ့တာလုံး ကောင်းစွာ လှုပ်ရှားနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ တကယ်လို့ တစ်နေ့တာမှာ စားသုံးရမယ့် အစားအစာ တစ်နပ်နပ်ကို မစားဘဲ နေလိုက်မယ်ဆိုရင် သွေးတွင်းသကြားဓာတ် ကျဆင်းသွားတာကြောင့် မနက်ခင်းမှာ မအီမသာဖြစ်တာ၊ အားနည်းတာတွေကို ခံစားရနိုင်သလို ပျို့အန်ချင်သလို ခံစားရနိုင်ပါတယ်။

ဒါ​ကြောင့် အစားအစာတွေကို ပုံမှန်စားပြီး ကိုယ်တွင်းမှာ အချိုဓာတ်ကျသွားတာမျိုး မဖြစ်အောင် ထိန်းဖို့လိုပါမယ်။ အလွယ်တကူ စားလို့ရတဲ့ မုန့်လေး ဆောင်ထားတာမျိုး ဖြစ်ဖြစ်ပေါ့။

မနက်ခင်းတိုင်းမှာ မအီမသာဖြစ်တာ၊ အားနည်းတာတွေ၊ ပျို့အန်ချင်တာ၊ ချွေးစေးတွေ ပြန်တာ၊ ကတုန်ကယင်ဖြစ်တာတွေကို ခံစားရမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိနိုင်ဖို့အတွက် ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။

အိပ်ခါနီးမှ အစာစားမိတာ

အိပ်ခါနီးမှာ အစာစားမိတာက မနက်ခင်း နိုးထမှုအပေါ်မှာ အတော်လေး သက်ရောက်နေပါတယ်။ ညအိပ်ခါနီးမှာ ကြေခဲတဲ့ အစားအစာတွေ စားမိတာက အစာခြေစနစ်ကို ဝန်ပိစေပြီး မနက်ခင်းမှာ မအီမသာ ခံစားရစေနိုင်ပါတယ်။

စားချဉ့်ရည် ပြန်ဆန်တက်တဲ့ ရောဂါ ရှိနေတာ (Acid Reflux)

အစာရေမျိုထဲကို အစာခြေအက်ဆစ်တွေ ပြန်ဆန်ျက်တဲ့အခါ အစာရေမျိုကို နာကျင်စေတာ မအီမသာဖြစ်စေတာမျိုး ခံစားရစေနိုင်ပါတယ်။ ဒီအခြေအနေကလည်း မနက်ခင်းမှာ မအီမသာဖြစ်တာ၊ အားနည်းတာတွေ၊ ပျို့အန်ချင်တာတွေ ခံစားရနိုင်ပါတယ်။

စိတ်ဖိစီးမှု များနေတာ

စိတ်ဖိစီးနေတာ၊ စိုးရိမ်စိတ် များတာတွေက မနက်ခင်းမှာ မအီမသာဖြစ်စွာနဲ့ နိုးထစေပါတယ်။ အထူးသဖြင့်တော့ ညဘက် အိပ်ခါနီးမှာ စိတ်ညစ်စရာ ကြုံရတဲ့အခါ ခန္ဓာကိုယ်က ထုတ်လွှတ်တဲ့ ဟော်မုန်းတွေနဲ့ ဓာတုပစ္စည်းတွေက အစာခြေစနစ်အပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ ဒီလို ဓာတုပစ္စည်းတွေ မျှတညီညွတ်မှု မရှိတာက မအီမသာဖြစ်တာအပြင် အစာအိမ်ပြဿနာတွေကိုပါ ခံစားရနိုင်ပါတယ်။

ကဲ……. Morning sickness မဟုတ်ဘဲ မနက်ပိုင်း အန်ချင်နေတာ ဒီအချက်တွေကြောင့်ပါနော်။

Dr. Htet Htet Zaw Win
Dr. Htet Htet Zaw Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 03/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။