ကိုယ်ခန္ဓာအနှံ့အပြားအကုန်လုံးမှာ ယားယံတဲ့ ပြဿနာဖြစ်နိုင်ပါတယ်။ အခန့်မသ့င်တာကြောင့်ဖြစ်တတ်သလို အခြားကျန်းမာရေး၊ အရေပြား ပြဿနာတွေကြောင့် လည်း ယားယံတာမျိုး ဖြစ်တတ်ပါတယ်။ ဒီအထဲမှာမှ အရေပြားမဟုတ်တဲ့ စအိုပတ်လည်မှာ ယားတာကရော ဘယ်လိုမျိုးကြောင့်ဖြစ်နိုင်လဲ။ ရောဂါတစ်ခုခုကြောင့်လား။ ဒီလိုပဲ ဖြစ်တတ်တာလား။ ။
ဆေးပညာအရ pruritus ani လို့ခေါ်တဲ့ စအိုပတ်လည်မှာ ယားယံတဲ့ပြဿနာဟာ လူကြားထဲမှာ ကုတ်မရ ဖဲ့မရနဲ့ အတော်ကို ကသိကအောက်ဖြစ်စရာကိစ္စတစ်ခုပါ။ သန့်ရှင်းရေးအားနည်းတာ ( ဒါမှမဟုတ်) အသန့်ရှင်းလွန်တာကြောင့် စအိုပတ်လည်ယားတတ်သလို၊ ကိုယ်စားလိုက်တဲ့အစားအသောက်တွေ၊ သောက်နေတဲ့ဆေးတွေ အရေပြားနဲ့ အခြား ကျန်းမာရေးပြဿနာတွေကြောင့်လည်း စအိုဝယားယံတာတွေဖြစ်တတ်ပါသေတယ်။ ဘာတွေလဲဆိုတာ ကြည့်ုလိုက်ရအောင်။ ။
စအိုဝဆိုတာက အစာခြေစနစ်ကြီးရဲ့ အဆုံးဖြစ်ပြီး အညစ်အကြေးတွေထုတ်ပေးနေတဲ့ အဓိက နေရာတစ်ခုပါ။ ယားယံတာ စအိုဝတည့်တည့်မှာလည်းဖြစ်နိုင်သလို စအိုပတ်လည်နေရာတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒီလို စအိုဝယားယံတာက ရောဂါတစ်ခု မဟုတ်ဘဲရောဂါ လက္ခဏာတစ်ခုသာဖြစ်ပြီး အရွယ်ရောက်ပြီး အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုခံစားရလေ့ရှိပါတယ်။
စအိုဝယားယံတဲ့ ပြဿနာတော်တော်များများက ဆေးကုသမှု မခံယူဘဲ သူကဘာသာ ပြန်ပျောက်သွားတာများပါတယ် ။ ဒါပေမယ့်
အိမ်မှာပဲ စအိုဝယားယံတာကို သက်သာအောင် လုပ်လို့ရပါတယ်။