
ကြို့ထိုးတာနဲ့ စိမ်းတဲ့သူ ရှိမယ် မထင်ပါဘူး။ ကြို့ထိုးတယ်ဆိုတာ လူကိုလည်း ပင်ပန်းစေပြီး နေရလည်း ခက်စေတဲ့ အရာတစ်ခုပါ။ ခက်တာက သူ့ဘာသူ ဖြစ်ချင်တဲ့အချိန်ဖြစ် ပျောက်ချင်တဲ့အချိန် ပျောက်နေတော့ ကိုယ်က လိုက်ပြီး ထိန်းချုပ်လို့ မရတာကတော့ စိတ်ပျက်စရာပါ။ ကြို့ထိုးတယ်ဆိုတာ ဖြစ်တတ်တဲ့ သဘာဝတစ်ခုဖြစ်ပေမယ့် တစ်ချို့ရောဂါ ကြီးကြီးမားမား အခံကြောင့်လည်း ကြို့ထိုးနိုင်ပါတယ်။ ဒီတော့ ကြို့ထိုးတာကို ဖြစ်စေတဲ့ အကြောင်းတွေကို သိဖို့လိုလာပြီပေါနော် ။ ။
ကြို့ထိုးတာဟာ အသက်ရှူတဲ့ အချိန်မှာ အလုပ်လုပ်ရတဲ့ ရင်ဝမ်းခြားကြွက်သား ညှစ်လွန်းအားကြီးလို့ဖြစ်ရတာဖြစ်ပြီး တစ်ခါညှစ်တိုင်း အသံအိုးကို သွားသွားပိတ်လို့ “အစ်” ဆိုတဲ့ အသံလေးထွက်တာဖြစ်ပါတယ်။
ကြို့ထိုးခြင်းကို ဖြစ်စေတဲ့အကြောင်းတွေကို ဒီလို ခွဲလိုက်ကြရအောင်။ တစ်ချို့သူတွေ ကြို့ထိုးရင် မိနစ်ပိုင်းအတွင်းပဲ ပြန်ပျောက်သွားတယ် ရက်တောင် မကူးဘူးမလား။ တစ်ချို့ကျတော့လည်း တစ်ခါ ကြို့ထိုးရင် ၁ ရက် ၂ရက်တောင် မပျောက်ဘူးဆိုတော့ ၄၈နာရီအတွင်း ပျောက်တဲ့ ကြို့ထိုးတာနဲ့ ၄၈ နာရီကျော်မှ ပျောက်တဲ့ ကြို့ဆိုပြီး ၂ ပိုင်းခွဲလိုက်ရအောင်။ ဖြစ်စေတဲ့အကြောင်းအရင်းတွေကလည်း ကွဲပြားတယ်ဆိုတော့လေ။ ။
ပုံမှန်ဆို ကြို့ထိုးတာဟာ မိနစ်ပိုင်းအတွင်းပြန်ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ၄၈နာရီ (၂ ရက်) ထက်ကျော်လို့မှ ကြို့ထိုးတာ မပျောက်ဘူးဆိုရင် ရောဂါအခံတစ်ခုခုကြောင့် ဖြစ်တာဖြစ်နိုင်ပါတယ် ။ ။ အဲဒီရောဂါတွေကို အုပ်စုဖွဲ့ပြီး ကြည့်လိုက်ရအောင် ။ ။
၄၈ နာရီထက်ကျော်အောင် ထိုးနေတဲ့ ကြို့ဟာ ရင်ဝမ်းခြားကြွက်သားဆီ ထောက်ပံ့ပေးနေတဲ့ vagus nerves ( ဒါမှမဟုတ်) phrenic nerves ထိခိုက်သွားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီ အာရုံကြောကို ထိခိုက်စေတဲ့ ပြဿနာတွေကတော့
ပင်မအာရုံကြောကို ကင်ဆာအကျိတ်က သွားဖိတဲ့အခါမျိုး၊ အာရုံကြော ပိုးဝင်ပြီး ရောင်ရမ်းတဲ့ အခါမျိုးမှာ အချက်ပြစနစ်တွေ ရှုပ်ထွေးလို့ ကြို့ထိုးတဲ့ ပြဿနာလည်း ဖြစ်လာရတာ ဖြစ်ပါတယ်။ ။ ဒါတွေရဲ့ အရင်းခံ ပြဿနာတွေကတော့
ဇီဝကမ္မဖြစ်စဉ် ပုံမမှန်တော့တာနဲ့ ဆေးတွေကလည်း ကြာရှည်စွာ ကြို့ထိုးခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ပဲ ဖြစ်ပါတယ်။
အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုကြာကြာ ကြို့ထိုးတတ်ကြပါတယ်။ နောက်ပြီး စိတ်ဖိစီးမှု များတဲ့သူတွေ၊ စိုးရိမ်ပူပန်မှု လွန်ကဲနေတဲ့သူတွေ၊ မေ့ဆေးပေးပြီး ခွဲစိတ်ကုသမှုခံယူထားတဲ့သူတွေက ပိုဖြစ်တတ်ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။