အဆိပ်တွေရဲ့ ဆိုးကျိုးတွေကနေကာကွယ်ပေးနိုင်ဖို့အတွက် ကျွန်ုပ်တို့ရဲ့ အသည်းဟာနေ့စဉ်နေ့တိုင်းပြင်းပြင်းထန်ထန်အလုပ်လုပ်နေရပါတယ်။ ကျွန်ုပ်တို့ရဲ့ကျန်းမာရေးကိုထိန်းသိမ်းပေးနိုင်ဖို့အလုပ်ပိုရတာတွေလည်းမကြာခဏဖြစ်ရပါတယ်။ သို့ဖြစ်၍ အလုပ်ကြိုးစားရသောသင့်အသည်း၏ ကျန်းမာရေးအတွက် နေ့စဉ်အစားအစာထဲတွင် အောက်ပါ အစားအစာ၇မျိုး ကိုထည့်စားသင့်ပါတယ်။
သင့်ရဲ့ခန္ဓါကိုယ်နဲ့ အသည်းကျန်းမာဖို့အတွက် အစားအစာကအလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ဘာစားရမယ်ဆိုတာမသိဘူးဆိုရင် သင့်အတွက်အညွှန်းရှိပါတယ်။ အသည်းကျန်းမာစေတဲ့အစားတွေကများသောအားဖြင့် အသီးအနှံ၊ဟင်းသီးဟင်းရွက်တွေဆိုပေမဲ့ သင်ကအသားကြိုက်တတ်သူဆိုရင် အဆီမပါတဲ့အသားတွေနဲ့ ပင်လယ်စာတွေကိုရွေးချယ်နိင်ပါတယ်။
ကြက်သားဆလပ်ရွက်ထုပ်
လိုအပ်တာတွေကတော့
- သံလွင်ဆီစားပွဲတင်ဇွန်း
- ကြက်သားတစ်ပေါင် (အဆီနည်းချင်ရင် ကြက်ရင်အုံသား)
- နုပ်နုပ်စဉ်းပြီးသားကြက်သွန်ဖြူလေးညှင်း
- ကြက်သွန်နီတစ်ခြမ်း(တုံးတစ်ပြီး)
- Hoisinငံပြာရည်ခွက်လေးပုံတစ်ပုံ
- ပဲငံပြာရည်စားပွဲတင်ဇွန်း၂ဇွန်း
- ဆန်ဝိုင်ရှာလကာရည်ရည်စားပွဲတင်ဇွန်း၁ဇွန်း
- လတ်လတ်ဆတ်ဆတ်ခြစ်ထားတဲ့ ဂျင်းစားပွဲတင်ဇွန်း၁ဇွန်း
- ငရုတ်သီးလက်ဖက်ရည်ဇွန်း၁ဇွန်း
- ကြိတ်ပြီးသားသစ်အယ်သီးရေတစ်ဘူး
- အစိမ်းရောင်ကြက်သွန်နီနှစ်ဥ( ပါးပါးလှီးပြီး)
- မုန်လာဉနီနှစ်ဥ (အခွံခွာနုပ်နုပ်စဉ်းပြီး
- အရသာရှိစေရန် ဂျူးဆားငရုပ်ကောင်းနက်
- ထောပတ်သုတ်ထားတဲ့ဆလပ်
အဆင့်၁ ။ အိုးမကပ်အောင်မီးအသင့်အတင့်ပေးထားတဲ့
ဒယ်ပြားထဲကိုသံလွင်ဆီထည့်ပါ။ ပူလာတဲ့အခါမှာနုပ်နုပ်စဉ်းထားတကြက်သားထည့်ပြီးကြေမွသွားအောင်မွှေပါ။ အသားအဝါရောင်သန်းလာတဲ့အထိ ၃မိနစ်ကနေ ၅မိနစ်ထိမွှေပေးပါ။ ထွက်လာတဲ့အဆီတွေကိုသွန်ပစ်ပါ။
အဆင့်၂ ။ ခုနကဒယ်ပြားကိုသုံးပြီးတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ hoisinငံပြာရည်၊ ပဲငံပြာရည်၊ ရှာလကာရည်၊ ဂျင်း၊ ငရုတ်သီးတို့ကို ကြက်သွန်နီတွေပျော်သွားတဲ့အထိ ၁မိနစ်၂မိနစ်ကြာထည့်မွှေပါ။ ပါဝင်ပစ္စည်းတွေကို သင်လိုချင်တဲ့အရသာအတိုင်းညှိပါ။
အဆင့်၃ ။ ရေသစ်အယ်သီး၊ အစိမ်းရောင်ကြက်သွန်တို့ကိုကြက်သားရောထဲကိုထပ်ပေါင်းလိုက်ပါ။ မာလာတဲ့အထိ၁မိနစ်၂မိနစ်ကြာမွှေပါ။ ကြက်သားနဲ့ရောထားတာတွေအကုန် ဆလပ်ရွက်ထဲကိုထည့်ပြီးနုပ်နုပ်စဉ်းထားတဲ့မုန်လာဥနီနဲ့ရောလိုက်ပါ။ ကြက်သွန်မြိတ်လေးတွေဖြူးလိုက်မယ်ဆိုရင်တော့ လှပတဲ့ဟင်းပွဲလေးတစ်ခုရရှိမှာ ဖြစ်ပါတယ်။
Teriyaki halibutငါး (တယ်ရီယာကီဟယ်လီဘက် ငါး)
ပင်လယ်စာများသည် အိုမီဂါ၃ဖက်တီးအက်ဆစ်အပြည့်ဝဆုံးပါဝင်ပါတယ်။ ဒီအက်ဆစ်ဟာသင့်အသည်းကျန်းမာရေးအတွက် အံ့ဖွယ်တစ်ပါးဖြစ်ပါတယ်။ ငါးနဲ့ပတ်သက်ရင် အဆီအများကြီးပါဝင်တဲ့ အရေခွံကိုခွာဖို့တော့လိုပါလိမ့်မယိ။
လိုအပ်တာတွေကတော့
- သံပရာသီး (သို့) သံပရိုသီးနှစ်လုံး (အရည်)
- Teriyakiငံပြာရည်စားပွဲတင်ဇွန်း၂ဇွန်း (၃၀ မီလီလီတာ)
- သံလွင်ဆီစားပွဲတင်ဇွန်း၂ဇွန်း(၁၀ မီလီလီတာ)
- ငရုပ်ကောင်းနက်စားပွဲတင်ဇွန်းလေးပုံတစ်ပုံ(၁ မီလီလီတာ)
- အရောင်တင်ပန်းငရုတ်မှုန့် စားပွဲတင်ဇွန်းလေးပုံတစ်ပုံ (၁ မီလီလီတာ)
- စမုန်စပါးစားပွဲတင်ဇွန်းတစ်ဇွန်း(ကြိတ်ပြီးသား)
- အရေခွံခွာထားတဲ့ halibutငါးလေးကောင်
- တရုတ်ဂေါ်ဖီတစ်ပွင့် ( အရွက်တွေကိုပင်စည်ကနေဖယ်ပြီးတစ်လက်မအရွယ်လှီးထားပြီး)
အဆင့်၁။ ငါးကိုသံပရာရည်ထဲတွင် စိမ်ပါ။ အရသာစိမ့်ဝင်မှုကောင်းစေရန် တစ်လွှာတည်းစိမ်ပါ။ ပန်းကန်ပြားနဲ့အုပ်ပြီးရေခဲသေတ္တာထဲတွင် တစ်နာရီခန့်ထားပါ။
အဆင့်၂ ။ သံပရာရည်၊ Teriyakiငံပြာရည်၊ ဆီ၊ ငရုပ်ကောင်း၊ အရောင်တင်ပန်းငရုတ်မှုန့်၊ စမုန်စပါးတွေကိုရောပြီးဟင်းအနှစ်ပြုလုပ်ပါ။
အဆင့်၃ ။ဒယ်အိုးကို၄၅၀ ဒီဂရီအပူကြိုပေးပါ။ အရသာထည့်ထားတဲ့ ငါးကိုထည့်ပြီး မိနစ်၂၀ကြာထားပါ။
အဆင့်၄ ။ ငါးကိုဖုတ်ထားစဉ်အတွင်းဂေါ်ဖီကိုသံလွင်ဆီနဲ့ချက်ပါ။ အရသာရှိအောင် ဆားထပ်ထည့်ပါ။ အရွက်တွေပျော့သွားတဲ့အထိထားပါ။ ဂေါ်ဖီတွေကိုပန်းကန်ပြားပေါ်တင်ခင်းပြီးအပေါ်မှာငါးထားလိုက်ပါ။ လှပတဲ့ဟင်းပွဲလေးဖြစ်အောင်ပြင်ဆင်ချင်တယ်ဆိုရင်တော့ နံနံပင်လေးတွေထပ်အုပ်နိုင်ပါတယ်။
ရေခဲချောင်း
နည်းလမ်းလေးကရိုးစင်းတဲ့အတွက်ကြောင့် ကလေးတွေတောင်လုပ်နိုင်ပါတယ်။ အသီးအနှံတွေစားနေကျနေရာမှာအသီးအနှံရေခဲချောင်းလေးကိုအစားထိုးနိုင်ပါတယ်။
လိုအပ်တာတွေကတော့ ။ ။
အရည်ဖျော်ပြီးခဲထားတဲ့ သင်ကြိုက်နှစ်သက်တဲ့အသီးများကိုသုံးနိုင်ပါတယ်။ ဒီမှာသုံးထားတာကတော့ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ချယ်ရီ( လှပတဲ့အခင်းအကျင်းရအောင် ဖြစ်ပါတယ်။)
အသီးဖျော်ရည်(အခဲခံထားတဲ့အသီးတွေကိုပဲသုံးနိုင်ပါတယ်။)
အဆင့်၁ ။ အသီးတွေကိုသစ်သီးဖျော်စက်ထဲထည့်ကြိတ်ပါ။
အဆင့်၂ ။ကြိတ်နေစဉ်အတွင်းဖျော်ရည်ကိုထည့်ပြီးသမအောင်မွှေပါ။
အဆင့်၃ ။အရောကိုရေခဲချောင်းပုံစံခွက် သို့ ပလတ်စတစ်စက္ကူခွက်ထဲကိုထည့်ပါ။ တုတ်တံလေးကိုလည်းထိုးစိုက်လိုက်ပါ။
၅နာရီကြာအခဲခံပြီး (သို့) တစ်ညလုံးအခဲခံထားပြီးထုတ်လိုက်တဲ့အခါမှာအရောင်အသွေးစုံလင်တဲ့ အသီးရေခဲချောင်းလေးရမှာဖြစ်ပါတယ။်
အမျိုးမျိုးသောအာဟာရတွေပါဝင်တဲ့ အစားအစာတွေကိုစားခြင်းကအသည်းရောဂါလက္ခဏာတွေကိုသက်သာစေပါတယ်။ ခွဲစိတ်ပြီးချိန် နဲ့ အသည်းအစားထိုးကုသပြီးချိန်တွေမှာလည်းအမြန်ဆုံးပြန်သက်သာလာနိုင်စေပါတယ။်
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။