brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင့်အသည်းအတွက် မရှိမဖြစ်အရေးပါတဲ့ဓါတ်ပစ္စည်းတစ်ခု

ဒီနေ့ခေတ်နေထိုင်စားသောက်မှုပုံစံတွေက ကျန်းမာရေးနဲ့မညီတာများလာတာနဲ့အမျှ အသည်းမှာဒဏ်ရာတွေဖြစ်လာတာအမှန်ပါပဲ။ အစားအသောက်မှာပါတဲ့ မှို၊ အရောင်ဆိုးဆေးတွေ နဲ့ အရက်တွေလိုမျိုး ကျန်းမာရေးအတွက်မကောင်းတဲ့အစား၊အသောက်တွေကို မစွန့်လွှတ်တာ၊ ကိုယ်လက်လှုပ်ရှားမှုမရှိတာ၊ အဝလွန်တာ၊ မူးယစ်ဆေးသုံးတာ အကုန်လုံးက အသည်းကိုဒုက္ခပေးပါလိမ့်မယ်။ ဒီလိုနဲ့ အသည်းက ပိုအလုပ်လုပ်ရပြီး အသည်းထိခိုက်ပျက်စီးမှုနဲ့ အသည်းရောဂါတွေ ခံစားရဖို့များလာပါရော။

သင့်အသည်းအတွက် မရှိမဖြစ်အရေးပါတဲ့ဓါတ်ပစ္စည်းတစ်ခု

အဖြစ်များကြတာက အသည်းအဆီဖုံးရောဂါအသည်းခြောက်ရောဂါအသည်းရောင်အသားဝါရောဂါ စုံလို့ပါပဲ။ အဲဒီအသည်းရောဂါတွေရဲ့အကြောင်းရင်းက နေထိုင်စားသောက်ပုံတွေကြောင့်ပဲ ဖြစ်ရတာများပါတယ်။ အသည်းအဆီဖုံးရောဂါဆိုရင် အဆီများတာတွေ၊ ဆီမသန့်တာတွေစားမယ်၊ လှုပ်ရှားမှုနည်းမယ်၊ ဆေးလိပ်သောက်တယ်၊ အရက်ေသာက်တယ် ဆိုတာတွေကြောင့်ပါ။

အရက်ကြောင့်ပဲဖြစ်ဖြစ် နေထိုင်စားသောက်မှုကြောင့်ပဲဖြစ်ဖြစ် အသည်းအဆီဖုံးဖြစ်ရင် အသည်းကိုရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းပျက်စီးခြင်းတွေအထိဖြစ်စေနိုင်ပါတယ်။ ဒါတွေအပြင် အသည်းအဆီဖုံးခြင်းက သွေးတိုးရောဂါအင်ဆူလင်မတုံ့ပြန်နိုင်ခြင်းနဲ့ အမျိုးအစား ၂ ဆီးချိုရောဂါတို့နဲ့ပါ ဆက်နွှယ်နေပါတယ်။

ဒါတွေကိုကာကွယ်နိုင်ဖို့ ဘာလုပ်ကြမလဲဆိုတော့ ဆင်ခြင်ပေါ့ လို့ပြောကြလိမ့်မယ်။ အစားအသောက်ဆိုင်ကောင်းကောင်းတွေ၊ ထိုင်လို့ကောင်းတဲ့ အဆင်ြ့မင့်ဘားတွေ ပေါနေတဲ့ဒီခေတ်ကြီးမှာ အပြင်စာမစားဘဲ၊ လုံးဝ အယ်လ်ကိုဟောမသောက်ဘဲနေနိုင်လို့လား။ အပြင်စာလုံးဝမစားပါဘူးဆိုတဲ့သူတွေမှာလည်း ဟင်းချက်တဲ့ငရုတ်သီးမှာပါလာနိုင်တဲ့ မမြင်ရတဲ့မှို၊ ဟင်းချက်ဆီ (ကျန်းမာရေးနဲ့မညီတဲ့ဆီအရောအနှော) တွေကို တော်လှန်နိုင်ဖို့ခက်ပါလိမ့်မယ်။ လူမှုဆက်ဆံရေးကျယ်ပြန့်တိုးတက်နေတဲ့ခေတ်မှာ ယောကျာ်းလေးတွေကြား အရက်၊ဘီယာမသောက်တတ်သူက နည်းပါတယ်။ ဒါ့ကြောင့် အသည်းကိုကာကွယ်ပေးမယ့် အသည်းအားဆေးတွေ ဈေးကွက်မှာ ရောက်ရှိလာတာဖြစ်ပါတယ်။ အသည်းပြန်လည်ကောင်းမွန်လာအောင် ကုစားပေးမယ့် အရာတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ Phosphatidylcholine လို့ခေါ်တဲ့ essential phospholipids တစ်မျိုးဖြစ်ပါတယ်။ အသည်းအတွက် မရှိမဖြစ် ဓါတ်တစ်ခုလို့တောင် ဆိုရပါလိမ့်မယ်။

Phosphatidylcholine ဆိုတာဘာလဲ

Phosphatidylcholine ဆိုတာ အသည်းအတွက်အရေးပါဆုံးဖြစ်ပြီး အသည်းကျန်းမာရေးအတွက်အကောင်းဆုံးအကျိုးပြုနိုင်တဲ့ဓါတ်တစ်မျိုးဖြစ်ပါတယ်။ choline ပါဝင်တဲ့ Phosphatidylcholine မှာ fatty acids၊ glycerol နဲ့ phosphorous တို့ပါဝင်ပါတယ်။

Phosphatidylcholine ဟာ ကြက်ဥ၊ ပဲပိစပ်၊ နေကြာစေ့ စတဲ့အစားအစာတချို့မှာပါဝင်တတ်သလို ခန္ဓါကိုယ်ရဲ့ဆဲလ်တွေထဲမှာ သဘာဝအလျောက်ရှိနေတဲ့မော်လီကျူးဖြစ်ပါတယ်။ သူက ဦးနှောက်ကျန်းမာရေးကို အကျိုးပြုတာဆိုပေမယ့် အသည်းရဲ့လုပ်ဆောင်ချက်တွေကိုလည်း ထောက်ပံ့ပေးပြီး ကိုလက်စထရောပမာဏကို ထိန်းညှိုလုပ်ဆောင်ပေးပါတယ်တဲ့။

အသည်းကျန်းမာရေးအတွက် ဘယ်လိုအရေးပါတာလဲ

  • ဆဲလ်အမြှေးပါးတွေ ဖွဲ့စည်းဖြစ်တည်မှုနဲ့ ပြန်လည်ကုစားရေးအတွက် Phosphatidylcholine ကို လိုအပ်သလို အသည်းရဲ့လုပ်ဆောင်ချက်တွေကောင်းမွန်ဖို့ တကယ်ကိုအရေးပါပါတယ်။
  • အသည်းရောဂါအမျိုးမျိုးကို ကာကွယ်၊ ကုသရာမှာ အကျိုးရှိထိရောက်စေနိုင်တယ်။
  • ဗိုင်းရပ်စ်ကြောင့် အသည်းဆဲလ်တွေထိခိုက်ပျက်စီးမှုကိုကာကွယ်ပေးတယ်။
  • အသည်းမှာဖြစ်တဲ့အမာရွတ်တွေကို လျော့ပါးသက်သာစေတယ်။
  • မူးယစ်ဆေး၊ အရက်နဲ့တခြားဓါတုအဆိပ်အတောက်တွေကြာင့် ဆဲလ်များသေဆုံးမှုကိုကာကွယ်ပေးတယ်။
  • နာတာရှည်အသည်းရောဂါရှိသူတွေမှာတောင် ရောဂါလျော့ပါးတဲ့လက္ခဏာသိသာစေတယ်လို့သိရပါတယ်။
  • ဓါတ်တိုးပစ္စည်းတွေကို လျော့ပါးစေတဲ့အစွမ်းကြောင့် အသည်းဆဲလ်တွေသေဆုံးမှုကိုလျော့စေပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။