
တက်တူးထိုးမှာလား၊ နားပေါက်ဖောက်မှာလား။ အသည်းရောင်အသားဝါ ဘီနဲ့စီ ကူးစက်နိုင်ခြေနည်းချင်တယ်ဆိုရင် သန့်ရှင်းမှုနဲ့ ပိုးသတ်လုပ်ငန်းစဉ်ကိုဂရုစိုက်တဲ့ အလှပြင်ဆလွန်းတွေနဲ့ တက်တူးဆိုင်တွေကိုရွေးပါ။ အပ်တွေနဲ့ ကိရိယာ၊အသုံးအဆောင်တွေကနေ တစ်ယောက်နဲ့တစ်ယောက် ရောဂါမကူးစက်စေဖို့ အသုံးပြုသမျှအရာအားလုံး ပိုးသတ်သန့်စင်ထားမှဖြစ်မှာပါ။
တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို မျှသုံးတာ
သွားပွတ်တံ၊ မျက်နှာသုတ်ပဝါတို့အပါအဝင် တစ်ကိုယ်ရည်သုံးပစ္စည်းတွေ၊ အသုံးအဆောင်တွေကို အတူမျှသုံးခြင်းကနေ အသည်းရောင်ရောဂါတွေ ကူးစက်နိုင်ခြေများပါတယ်။ ဘလိတ်ဓါး၊ လက်သည်းညှပ်၊ လက်သုတ်ပဝါ၊ အပ် စတဲ့ ပစ္စည်းတွေပါဝင်ပါတယ်။