backup og meta

အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ

အသည်းရောင် အသားဝါရောဂါက အတော်လေး အဖြစ်များလာပါတယ်။ ကိုယ်တိုင်တောင် ရောဂါပိုး ရှိနေမှန်း မသိဘဲ အသည်းရောင်အသားဝါရောဂါပိုး ကူးစက်ခံထားရသူတွေ အများကြီးပါ။ ဒီတစ်ခေါက်တော့ အဖြစ်များလာတဲ့ အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ အကြောင်းကို ဒေါက်တာ သူရိန်လှိုင်ဝင်းက အခုလို ဖြေကြားပေးပါတယ်။

အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ

အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ

အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့မေးခွန်းများကတော့

Q1. အသည်းရောင် အသားဝါပိုး မရှိဘဲ အသည်းရောင်နိုင်သလား။

” အများအားဖြင့်တော့ အသည်းရောင်တာက အသည်းရောင် အသားဝါ ရောဂါပိုးတွေကြောင့် ဖြစ်တတ်ပေမယ့် အရက်သောက်တာ၊ ဆေးသုံးတာ၊ အဆိပ်သင့်တာနဲ့ ကိုယ်ခံအား ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ “

Q2. အသည်းရောင် အသားဝါပိုးတွေက ဘယ်လိုကူးစက်တတ်သလဲ။

” အသည်းရောင် အသားဝါ ရောဂါပိုး အမျိုးမျိုးရှိတဲ့အထဲ အများဆုံး ကူးစက်ကြတာကတော့ အသည်းရောင် အသားဝါပိုး အေ၊ ဘီ၊ စီ၊ ဒီ၊ အီး (A,B,C,D,E) တို့ပါ။ အဲဒီထဲမှာ အသည်းရောင်ပိုး အေနဲ့ အီး (A,E) က အစားအသောက်နဲ့ ရေတို့ကနေ တဆင့် ကူးစက်တယ်။

ကျန်တဲ့ ပိုးတွေကတော့ သွေး၊ တံတွေး၊ သုက်ရည် အစရှိတဲ့ ခန္ဓာကိုယ်ကနေ ထွက်တဲ့အရည်တွေ၊ ဆေးထိုးအပ်၊ ဆေးမင်ထိုးတဲ့အပ် အစရှိတာတွေနဲ့ လိင်ကနေတဆင့် ကူးစက်နိုင်တယ်။ ဘီပိုးက မိခင်ကနေ ကလေးကိုလည်း မွေးဖွားချိန်မှာ ကူးစက်တတ်ပါသေးတယ်။ “

Q3. ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကနေ ကလေးကို ဘီပိုး၊ စီပိုး မကူးအောင် ဘယ်လိုကာကွယ်မလဲ။

အသည်းရောင် အသားဝါ ဘီပိုးဟာ မိခင်ကနေ ကလေးကို ကူးစက်ဖို့အတွက် အရမ်းများတယ်။ အများအားဖြင့်တော့ မွေးဖွားချိန်မှာ အမေဆီက သွေးတွေ၊ အရည်တွေနဲ့ ထိမိတာကနေ ကူးစက်တယ်။ စီပိုးကတော့ အမေကနေ ကလေးကို ကူးစက်မှု အရမ်းမမြင့်ဘူး။

ဘီပိုး ကူးစက်မှုကို ကာကွယ်ဖို့အတွက် ကလေးကို မွေးတာနဲ့ ကာကွယ်ဆေး ထိုးရတယ်၊ ပြီးရင် နောက်ထပ် ၆လအတွင်း ၂ကြိမ် ထပ်ထိုးရမယ်။ မွေးတဲ့အချိန်မှာ ကာကွယ်ဆေးအပြင် ကိုယ်ခံအား ပဋိပစ္စည်း (Immunoglobulin) လည်း ထိုးနှံရပါတယ်။ “

Q4. အသည်းရောင် အသားဝါ ဘီပိုးကို ဘယ်လိုကုသနိုင်သလဲ။

ကာကွယ်ဆေး ရှိပေမယ့် အသည်းရောင် အသားဝါ ဘီပိုးကို လုံးဝ ပျောက်သွားအောင်တော့ ကုသလို့ရတဲ့နည်း အတိအကျ မရှိဘူး။ ကုသတဲ့ နည်းလမ်းတွေကလည်း တသက်လုံး လုပ်သွားရတာ များတယ်။

ရောဂါရဲ့ ပြင်းထန်မှု အခြေအနေပေါ် မူတည်ပြီး ဗိုင်းရပ်စ်သတ်ဆေး၊ ထိုးဆေးတွေ အသုံးပြုရနိုင်သလို တော်တော်ဆိုးရင် အသည်းအစားထိုးရတာလည်း ရှိနိုင်တယ်။ “

Q5. ဘယ်အသည်းရောင် အသားဝါပိုးတွေက ကာကွယ်ဆေး ရှိသလဲ။

” အသည်းရောင်ပိုးတွေထဲ ကူးစက်မှု အမြင့်ဆုံးဖြစ်တဲ့ အသည်းရောင် အသားဝါပိုး အေနဲ့ ဘီတို့အတွက် ကာကွယ်ဆေးတွေ ရှိပါတယ်။ ကျန်တဲ့ပိုးတွေအတွက်တော့ ကာကွယ်ဆေး မရှိသေးပါဘူး။ “

Hello ဆရာဝန် ပရိသတ်ကြီးအတွက် အမှာစကား

အမြဲမပြတ် သတိထား ရမှာက နေ့စဉ်နဲ့အမျှ ကိုယ်ရှူသွင်းသမျှ၊ သောက်သမျှ၊ စားသမျှ အားလုံးကို အသည်းက စုပ်ယူသန့်စင်ပေးနေတယ် ဆိုတာကိုပါ။ ဒါကြောင့် ကျန်းမာနေစေဖို့ ခန္ဓာကိုယ် အတွက် အရေးပါတဲ့ အသည်းကို သေချာလေး ဂရုစိုက်စေချင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

28/07/2022

Dr. Thurein Hlaing Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသည်းရောင် အသားဝါ Bပိုး ပျောက်အောင် ကုလို့ရသလား။

Stress Ulcer ဆိုတာ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 28/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ