backup og meta

အသည်းအားဖြည့်ဆေးများက အသည်းရောင်အသားဝါ ရောဂါဘီ အတွက် အကျိုးရှိနိုင်သလား။

အသည်းရောင် ရောဂါများ

အသည်းကို ရောင်ရမ်းစေတဲ့ အခြေအနေကို အသည်းရောင်ရောဂါလို့ ခေါ်ပါတယ်။ အဖြစ်အများဆုံးအကြောင်းရင်းကတော့ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးတွေထဲမှာမှ အဖြစ်အများဆုံး ဗိုင်းရပ်စ်ပိုးတွေကတော့ အသည်းရောင်အသားဝါ ရောဂါပိုး အေ၊ ဘီ၊ စီ၊ ဒီ နဲ့ အီး ရောဂါပိုးတွေ (Hepatitis A, B, C, D and E) ဖြစ်ကြပါတယ်။ ဒီရောဂါပိုးတွေအနက် အသည်းရောင်ရောဂါ အေနဲ့ အီးတို့က အသည်းရောင်တာ ခဏတာပဲဖြစ်နိုင်ပြီး ဘီ၊ စီနဲ့ ဒီတို့ကတော့ နာတာရှည်အသည်းရောင်တာတွေဖြစ်ပေါ်နိုင်ပါတယ်။

အသည်းအားဖြည့်ဆေးများက အသည်းရောင်အသားဝါ ရောဂါဘီ အတွက် အကျိုးရှိနိုင်သလား။

အသည်းရောင် အသားဝါ ရောဂါဘီ (Hepatitis B)

အသည်းရောင် အသားဝါရောဂါဘီဆိုတာက သင့်ရဲ့အသည်းကို ရောဂါပိုးကူးစက်ခံရခြင်းဖြစ်ပါတယ်။ ဒီရောဂါပိုးက အသည်းကို အမာရွတ်တွေဖြစ်စေပြီး အသည်းပျက်စီးတာနဲ့ ကင်ဆာတွေထိဖြစ်နိုင်ပြီး ကုသမှုမခံယူဘူးဆိုရင် သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ အသည်းရောင် အသားဝါရောဂါ ဘီပိုးရှိတဲ့သူဆီကနေ သွေး ဒါမှမဟုတ် ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေကနေတဆင့် ကူးစက်ခံရပါတယ်။ ကူးစက်ခံရပြီးနောက် ပျောက်သွားတာမျိုးရှိသလို ၆လကြာတဲ့အထိမှ မပျောက်ကင်းဘူးဆိုရင်တော့ ပိုးသယ်ဆောင်သူအဖြစ်သတ်မှတ်ပါတယ်။ ရောဂါလက္ခဏာတွေမပြရင်တောင်မှ ဘီပိုးသယ်ဆောင်သူတွေဟာ သူများတွေကို ကူးစက်နိုင်ခြေရှိပါတယ်။ အသည်းရောင်အသားဝါဘီရောဂါပိုးက ကာကွယ်ဆေးထိုးနှံမယ်ဆိုရင် ကာကွယ်နိုင်တာကြောင့် ဖြစ်ပွားမှုနှုန်းလျော့ကျလာနေပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘီပိုးသယ်ဆောင်သူ သန်းနဲ့ချီပြီးရှိလိမ့်မယ်လို့ ယူဆရပါတယ်။

သူ့ရဲ့ရောဂါလက္ခဏာတွေကတော့

  • အသားဝါတာ၊ မျက်လုံး ဝါတာ
  • ဝမ်းအရောင်ဖျော့တာ
  • အဖျားရှိတာ
  • လနဲ့ချီပြီး ပင်ပန်းနွမ်းနယ်နေတာ
  • မစားချင်မသောက်ချင်ဖြစ်တာ၊ မူးဝေ ပျို့အန်တာ
  • ဗိုက်အောင့်တာတွေဖြစ်တတ်ပါတယ်။

အသည်းအားဖြည့်ဆေးများက အသည်းရောင်အသားဝါ ရောဂါဘီ အတွက် အကျိုးရှိနိုင်သလား။

အသည်းအားဖြည့်ဆေးများက အသည်းရောင်အသားဝါ ရောဂါဘီ အတွက် အကျိုးရှိနိုင်သလား။အသည်းရောင် အသားဝါဘီရောဂါကြောင့် အသည်းရောင်ရမ်းတာနဲ့ ဆက်စပ်ရောဂါဝေဒနာတွေ ဖြစ်ပေါ်နေသူတွေ ဒါမှမဟုတ် ဘာလက္ခဏာမှ မပြဘဲ အသည်းရောင် အသားဝါရောဂါဘီရှိနေသူတွေအတွက် အကျိုးရှိတယ်လို့ သက်သေပြချက်တွေရှိတဲ့အရာတွေရှိပါတယ်။

အသည်းရောင်ရောဂါပိုးရှိသူတွေမှာ Essential Phospholipids (EPL) တွေရဲ့ အခန်းကဏ္ဍ

Phospholipids တွေကခန္ဓာကိုယ်ထဲက ဆဲလ်တွေရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုအတွက် အလွန်အရေးပါပါတယ်။ သူတို့က ဆဲလ်တွေရဲ့ အရေပြားလိုမျိုး နံရံတွေဖြစ်ကြတယ်။ ပြင်ပက အရာဝတ္ထုတွေကြောင့် ဆဲလ်တွေ မပျက်စီးရအောင်၊ အန္တရာယ်ပေးနိုင်တဲ့ ရောဂါပိုးတွေ မဝင်ရောက်လာနိုင်အောင် ကာကွယ်ပေးထားပါတယ်။ ခန္ဓာကိုယ်က ဇီဝရုပ်ဖြစ်ပျက်မှုတွေနဲ့ ရောဂါပိုးတွေ၊ အန္တရာယ်ရှိတဲ့အရာတွေနဲ့ ထိတွေ့မှုကြောင့် ပျက်စီးရတဲ့ ဆဲလ်တွေကိုပြန်လည်ပြုပြင်ဖို့အတွက် Phospholipids တွေက နေ့စဉ်လိုအပ်ပါတယ်။ ဒီထဲက တချို့ကိုတော့ ခန္ဓာကိုယ်က သူ့ဘာသာ ထုတ်လုပ်ပြီး ထုတ်လုပ်လို့မရတဲ့ Phospholipids အမျိုးအစားတွေကတော့ အစားအသောက်ကနေတဆင့် ရရှိပါတယ်။ အဲဒါတွေကို Essential Phospholipids တွေလို့ခေါ်ပါတယ်။

EPL တွေဟာ အသည်းရောဂါတွေကို ကုသတဲ့နေရာမှာ ကောင်းကျိုးများပြီး ဆိုးကျိုးမရှိသလောက်ဖြစ်တယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေအများအပြားရှိပါတယ်။ EPL ကိုဖြည့်စွက်အနေနဲ့ အသုံးပြုတဲ့အခါမှာ ရောင်ရမ်းခြင်းကိုလျော့ကျစေမှု၊ ဓာတ်တိုးဆန့်ကျင်မှု၊ အမာရွတ်ဖြစ်ပေါ်မှုကို ဟန့်တားစေမှု ကောင်းကျိုးတွေကို တွေ့ရှိရပြီး အသည်းဆဲလ်တွေကို မပျက်စီးအောင် ကာကွယ်ပေးနိုင်တယ်ဆိုတာကို တွေ့ရှိရပါတယ်။ ဒီအစွမ်းသတ္တိတွေက အသည်းရောင် အသားဝါရောဂါပိုးဘီကြောင့်ဖြစ်ပေါ်တဲ့ အသည်းပျက်စီးမှုတွေကို တန်ပြန်နိုင်စွမ်းရှိတယ်လို့ တွေ့ရှိရပါတယ်။

ဗီတာမင်ဘီတွေရဲ့ အခန်းကဏ္ဍ (Vitamin Bs)

နာတာရှည် အသည်းရောင် အသားဝါရောဂါဘီပိုးရှိသူတွေမှာ ဓာတ်တိုးပစ္စည်းတွေနဲ့ ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေ မြင့်တက်မှု ဖြစ်ပေါ်လာနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေ ခန္ဓာကိုယ်ထဲမှာ များနေခြင်းက ကင်ဆာဖြစ်စေနိုင်ခြေကို မြင့်တက်စေပါတယ်။ ဗီတာမင်ဘီဝမ်း (Vitamin B1) က ဒီဓာတ်တိုးပစ္စည်းတွေကိုဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဒါ့အပြင် နာတာရှည် အသည်းရောင် အသားဝါရောဂါဘီက သွေးနီဥတွေ ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ ဗီတာမင်ဘီတူး (Vitamin B2) နဲ့ ဘီဆစ် (B6) ဓာတ်တွေကိုလျော့နည်းစေတဲ့အတွက်ကြောင့် သွေးအားနည်းတာကို ခံစားရနိုင်ခြေရှိပါတယ်။ ဒီအတွက် လျော့နည်းသွားတဲ့ Vitamin B2 နဲ့ B6 ဓာတ်တွေကို ဖြည့်တင်းခြင်းကလည်း အသည်းအတွက် ကောင်းကျိုးတွေရှိပါတယ်။ ယေဘူယျအားဖြင့် ခြုံပြောမယ်ဆိုရင် အသည်းရောင်ပိုးကြောင့် နာတာရှည်အသည်းရောဂါရှိသူတွေနဲ့ အသည်းခြောက်သူတွေမှာ ဗီတာမင်ဘီဓာတ်များချို့တဲ့ပြီး ရောဂါဝေဒနာတွေ ဖြစ်ပေါ်တတ်တဲ့အတွက်ကြောင့် ဗီတာမင်ဘီဓာတ်များပြန်လည်ဖြည့်တင်းခြင်းက ကောင်းကျိုးများပါတယ်။

ဗီတာမင်အီးနဲ့ အသည်းရောင်အသားဝါဘီ (Vitamin E)

အသည်းရောင် အသားဝါရောဂါဘီပိုးကြောင့် အသည်းရောဂါခံစားရတဲ့သူတွေမှာ ဓာတ်တိုးပစ္စည်းတွေဖြစ်ပေါ်နေပြီး ဒါတွေက အသည်းခြောက်တာနဲ့ ကင်ဆာဖြစ်နိုင်ခြေတွေကို တိုးပွားစေပါတယ်။ ဒါ့အပြင် နာတာရှည် အသည်းရောဂါတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ဗီတာမင်အီးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဂုဏ်သတ္တိကြွယ်ဝတဲ့ ဗီတာမင်အဖြစ်ထင်ရှားပြီး အသည်းရောင် အသားဝါဘီရောဂါရှိသူများကို ဗီတာမင်အီး ပေးမယ်ဆိုရင် တိုးပွားနေတဲ့ ဓာတ်တိုးပစ္စည်းတွေကို ဖယ်ရှားပေးတဲ့အတွက်ကြောင့် နာတာရှည်အသည်းရောဂါနဲ့ အသည်းပျက်စီးတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/hepatitis/digestive-diseases-hepatitis-b#1 Accessed 08/08/2018

https://www.ncbi.nlm.nih.gov/pmc/articles/PMC4861608/ Accessed 08/08/2018

https://www.ncbi.nlm.nih.gov/pubmed/21184088 Accessed 08/08/2018

https://www.livestrong.com/article/357739-silymarin-vitamin-b-complex-in-hepatitis/# Accessed 08/08/2018

http://www.lifeextension.com/Protocols/Infections/Hepatitis-B/Page-08 Accessed 08/08/2018

https://www.livonlabs.com/essential-phospholipids/ Accessed 08/08/2018

https://www.ncbi.nlm.nih.gov/pubmed/17628189

ယခုပုံစံ

23/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသည်းကျန်းမာဖို့စားသင့်သောအစားအစာများ

အသည်းရောင် အသားဝါဘီပိုးရှိသူ ပြုလုပ်သင့်သော အရာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ