brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ ကျန်းမာနေစေဖို့

ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မှုပုံစံတွေကြောင့် မြန်မာနိုင်ငံမှာလည်း အသည်းရောဂါခံစားရသူဦးရေဟာ တစ်နှစ်ထက်တစ်နှစ်ပိုများလို့ လာပါတယ်။ အသည်းရောဂါတွေထဲမှာမှ အဖြစ်များတဲ့ အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ အနေနဲ့ ကျန်းမာနေစေဖို့ ဘာတွေကိုဂရုစိုက်ဖို့လိုမလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေ။

အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ ကျန်းမာနေစေဖို့

အသည်းရောင် အသားဝါ ဘီပိုး ဆိုတာဘာလဲ…..

ရောဂါပိုးကူးစက်ခံထားရသူရဲ့သွေးနဲ့ ထိတွေ့မိတာ၊ မျိုးပွားအင်္ဂါကထွက်တဲ့အရည် ၊ သုက်ပိုးနဲ့ ထိတွေ့မိတာတွေကြောင့် ကူးစက်နိုင်ပါတယ်။ အသည်းရောငအသားဝါ ဘီပိုးကူးစက်ခံရတဲ့အခါ အသည်းမှာ အမာရွတ်ဖြစ်တာ၊ အသည်းလုပ်ဆောင်ရည်ကျဆင်းသွားတာ၊ အသည်းကင်ဆာဖြစ်တာတွေ ခံစားရနိုင်ပါတယ်။သေချာမကုသဘဲထားမယ်ဆိုရင် အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ…

အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေမှာ

  • အသားဝါမယ်၊ မျက်လုံးအဖြူသားတွေ ဝါလာမယ်။
  • ဝမ်းအရောင်ဖျော့ဖျော့တွေ သွားမယ်
  • အဖျားတက်မယ်
  • ရက်ရှည်လများ ပင်းပန်းနုံးချိသလို ခံစားနေရမယ်
  • အစားစားချင်စိတ်မရှိဖြစ်မယ်၊ အော့အန်မယ်
  • ဗိုက်ထဲက အောင့်မယ် စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ ကျန်းမာနေစေဖို့ ဘယ်လိုနေထိုင်မလဲ………

အသည်းရောင်အသားဝါ ဘီပိုးရှိနေပေမယ့်လည်း ကျန်းမာနေစေဖို့ဆိုရင်

  • ဆရာဝန်နဲ့ ပုံမှန်ပြသပြီး လိုအပ်တဲ့ ကုသမှုခံယူပေးပါ။
  • အရက်ဖြတ်ပါ။
  • ဆေးလိပ်ဖြတ်ပါ။
  • သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်များများစားပေးပါ။
  • အသားစိမ်း၊ ငါးစိမ်းတွေရှောင်ပါ။
  • ကျက်အောင်ချက်ထားတဲ့ အစားအစာတွေကိုပဲစားပါ။
  • အချိုစာတွေ လျှော့စားပါ။
  • အဆီစားတာကို လျှော့ချပါ။
  • မလိုအပ်ဘဲ ဆေးတွေ မသောက်ပါနဲ့။ ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေသောက်တာ၊ သစ်ဥသစ်ဖုတွေ သောက်တာ ရှောင်ပါ။
  • ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေကိုရှောင်ပါ။
  • စားသုံးမယ့်အစားအစာတွေမှာ မှိုတွေရှိမနေစေဖို့ ဂရုစိုက်ပေးပါ။
  • ပရိုတင်းပြည့်ဝအောင် စားပါ။
  • လက်ဖက်စိမ်းရေနွေးကြမ်း သောက်ပါ။
  • အစားအစာကို ချင့်ချိန်စားသုံးပါ။
  • အမျှင်ဓာတ် ကြွယ်ဝအောင် စားသုံးပေးပါ။
  • အနံ့ပြင်းတဲ့ အိမ်သန့်ရှင်းရေးသုံး ပစ္စည်းတွေကိုရှောင်ပါ။
  • တဆင့်ခံဆေးလိပ်ငွေ့ကို ရှောင်ပါ။
  • ငါးစားသုံးပေးပါ။
  • လေ့ကျင့်ခန်းလုပ်ပါ။
  • စိတ်ဖိစီးမှုလျှော့ပါ။
  • ပြည့်ပြည့်ဝဝအနားယူပါ။
  • ဆီကြော်စာ တွေမစားပါနဲ့။

အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ ဘာတွေစားရမလဲ………

အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေအနေနဲ့ ခန္ဓာကိုယ်မှာ အာဟာရပြည့်ပြီး ကျန်းမာနေစေဖို့အတွက်

ဒါတွေအပြင် အမြဲမပြတ်သတိထားရမှာက နေ့စဉ်နဲ့အမျှ ကိုယ်ရှူသွင်းသမျှ၊ သောက်သမျှ၊ စားသမျှအားလုံးကို အသည်းက စုပ်ယူသန့်စင်ပေးနေတယ် ဆိုတာကိုပါ။ ဒါကြောင့် ကျန်းမာနေစေဖို့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အသည်းကို သေချာလေးဂရုစိုက်စေချင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/07/2022 ဖြစ်ပါသည်။