အသည်းအဆီဖုံးတယ်ဆိုတဲ့ရောဂါဟာ အရက်ကြောင့်ဖြစ်တာလို့ လူသိများပါတယ်။ ဒါပေမယ့် အရက်တစ်ခုတည်းက အသည်းအဆီဖုံးစေတာမဟုတ်ပါဘူး။
အသည်းအဆီဖုံးတယ်ဆိုတဲ့ရောဂါဟာ အရက်ကြောင့်ဖြစ်တာလို့ လူသိများပါတယ်။ ဒါပေမယ့် အရက်တစ်ခုတည်းက အသည်းအဆီဖုံးစေတာမဟုတ်ပါဘူး။

ယေဘုယျအားဖြင့် အသည်းအဆီဖုံးတဲ့ ပြဿနာက လူတိုင်းနီးပါးမှာ ရှိနေတတ်ပြီး လက္ခဏာသိပ်မပြတတ်တဲ့ ရောဂါတစ်ခုပါ။ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း (Non-alcoholic Fatty Liver Disease – NAFLD) ဆိုတာကတော့ အရက်ကြောင့်မဟုတ်ပဲ အခြားအကြောင်းအရာတွေကြောင့် ဖြစ်ရတဲ့ အသည်းအဆီဖုံးခြင်းပါ။
တကယ်တမ်း အသည်းအဆီဖုံးတယ်ဆိုတာက အသည်းဆဲလ်တွေကြားထဲမှာ အဆီဆဲလ်တွေ အများကြီးရောက်နေတဲ့ ပြဿနာပါ။ သူ့ကြောင့် အသည်းရောင်လာပြီး သေချာမကုသတဲ့အခါ နောက်ပိုင်း တဖြည်းဖြည်း ကုသလို့မရတဲ့ ထိခိုက်မှုမျိုး အသည်းမှာ ဖြစ်သွားတတ်ပါတယ်။ အသည်းအဆီဖုံးတာကို သေချာမကုသရင် နောက်ပိုင်း အသည်းခြောက်တာနဲ့ အသည်းပျက်စီးတာတွေ ဆက်ဖြစ်သွားနိုင်ပါတယ်။
အကြမ်းဖျဉ်းအားဖြင့် အောက်ပါလူတွေမှာ အသည်းအဆီဖုံးနိုင်ပါတယ်။
တကယ်လို့များ ကိုယ့်က အသည်းအဆီဖုံးနေရင် ဒါမှမဟုတ် ဒီလိုဖြစ်နေနိုင်တယ်လို့ ယူဆချင်စရာဖြစ်နေရင် အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး သက်သာစေနိုင်ပါတယ်။ သိပ်ပြီးမရှုပ်ထွေးလှပဲ နေအိမ်မှာတင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။
American Association for the Study of Liver Diseases (AASLD) ရဲ့ လမ်းညွှန်ချက်အရဆိုရင် ကိုယ်အလေးချိန် လျှော့ချတာဟာ NAFLD လက္ခဏာတွေကို လျှော့ချနိုင်စေမယ့် အကောင်းဆုံးနည်းလမ်းလို့ဆိုပါတယ်။ ကိုယ်အလေးချိန်ရဲ့ ၃-၅% လောက်လျှော့ချနိုင်ရင်တောင် အသည်းပေါ်က အဆီတွေကို လျော့စေနိုင်ပြီး ၇-၁၀% လောက်လျှော့နိုင်ရင်တော့ အမာရွတ်တွေ၊ ရောင်ယမ်းတာတွေကိုပါ လျော့ပါးစေမှာပါ။
Mediterranean diet ဟာ အနောက်တိုင်းက ကိုယ်အလေးချိန် လျှော့ချသူတွေအကြားမှာ ခေတ်စားပါတယ်။ Mediterranean diet ဟာ ကိုယ်အလေးချိန် မကျရင်တောင် အသည်းပေါ်က အဆီပိုတွေကိုတော့ သေချာပေါက် လျှော့ချပေးပါတယ်။
၂၀၁၆ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ Trusted Source ရဲ့ လေ့လာချက်အရဆိုရင် သကြားမပါတဲ့ ကော်ဖီကို တစ်နေ့ကို တစ်ခွက်လောက် သောက်သုံးတာဟာ အသည်းကို အကျိုးဖြစ်ထွန်းစေတယ်လို့ ဆိုထားပါတယ်။ ကော်ဖီဟာ ယောင်ယမ်းမှုကို တားဆီးနိုင်တဲ့ enzymes တွေကို ထုတ်လုပ်နိုင်တာကြောင့်ပါ။
တက်ကြွတဲ့ လူနေမှုစတိုင်ဟာ ကျန်းမာရေးအတွက် အမြဲအထောက်အကူပြုပါတယ်။ တစ်ပတ်ကို မိနစ် ၁၅၀ (တစ်နေ့ကို ၁၅ မိနစ် နှစ်ကြိမ်နှုန်းနဲ့ တစ်ပတ် ၅ ရက်) လောက် လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် သွေးတိုး၊ ဆီးချိုနဲ့ အသည်းအဆီဖုံးဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။
သကြားဟာ NAFLD နဲ့ တိုက်ရိုက်ဆက်စပ်နေတတ်ပါတယ်။ အချိုတွေ၊ သကြားတွေ လျှော့စားခြင်းဟာ အသည်းအဆီဖုံးတာကို လျော့ပါးသက်သာစေနိုင်ပါတယ်။
NAFLD နဲ့ ကိုလက်စထရောဟာ ဆက်စပ်မှုရှိပါတယ်။ ကိုလက်စထရောက ကိုယ်တွင်းမှာ များလာလေလေ ထိမ်းချုပ်ရပိုခက်လေလေဖြစ်တာမို့ အလျှင်အမြန်တားဆီးသင့်တဲ့ ဓာတ်တစ်မျိုးပါ။ ကိုလက်စထရောတွေ အရမ်းများလာရင် နှလုံးရောဂါအန္တရာယ်လည်း ကြုံရနိုင်ပါသေးတယ်။
အဆီတိုင်းက လူကို ဆိုးကျိုးဖြစ်စေတာမဟုတ်ဘူးလို့ အာဟာရဗေဒ ပညာရှင်တွေက မကြာခဏပြောဆိုတတ်ပါတယ်။ Omega-3 ဟာ ဒီလိုအဆီအမျိုးအစားထဲမှာပါဝင်ပါတယ်။ အဆီများတဲ့ ပင်လယ်ငါးတွေနဲ့ အဆေ့အဆံတွေမှာ ပါရှိတတ်ပါတယ်။ ဒီဟာတွေဟာ NAFLD သမားတွေ များများစားပေးသင့်တဲ့ အစားအစာတွေပါ။
NAFLD ဟာ အရက်ကြောင့် ဖြစ်တာမဟုတ်ပါဘူး။ ဒါပေမယ့် အရက်ကိုလည်း ရှောင်ရပါမယ်။ စိတ်ဖိစီးမှုမရှိအောင်လည်း နေရပါမယ်။ ကိုယ်နဲ့ မသင့်လျော်တဲ့ အစားအစာတွေကိုလည်း ရှောင်နိုင်သမျှရှောင်ပါ။ စိတ်အလိုလိုက်ခြင်းဟာ ဘာမှ အကျိုးမဖြစ်ထွန်းစေလို့ပါ။
ဗီတာမင် E ဟာ Antioxidant တစ်မျိုးဖြစ်ပြီးတော့ NAFLD ကြောင့်ဖြစ်ပေါ်လာတဲ့ ယောင်ယမ်းခြင်းတွေကို သက်သာစေပါတယ်။ တစ်နေ့ကို ဗီတာမင် E ၈၀၀ ယူနစ်လောက် မှီဝဲပေးရင် အသည်းအဆီဖုံးနေပေမယ့် ဆီးချိုမဖြစ်ဖို့ ကူညီပါလိမ့်မယ်။
NAFLD ကို ကုစားဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ နေအိမ်မှာနေရင်း သက်သာစေဖို့ဆိုရင် နနွင်း၊ ဆူးလေရွက်နဲ့ လက်ဖက်စိမ်းတို့လို သဘာဝဓာတ်စာတွေ မှီဝဲပေးလို့ရပါတယ်။ ဒီလိုသဘာဝဓာတ်စာတွေ မစားခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့တော့ လိုအပ်ပါတယ်။