ဖက်တီး လို့ ပြောရင် စိတ်ဆိုးတတ်ကြတယ်၊ ဘယ်သူမှ မကြိုက်ကြဘူးနော်။ ဒါပေမယ့် လူကို ပြောတာထက် အသည်း မှာ ဖက်တီးဖြစ်နေတာက အများကြီး ပိုဆိုးပါတယ်။ Fatty Liver Disease လို့ ခေါ်တဲ့ အသည်းအဆီဖုံးခြင်းက အသက်တိုစေမယ့် အန္တရာယ်တစ်ခု ဖြစ်နေလို့ပါပဲ။
ဖက်တီး လို့ ပြောရင် စိတ်ဆိုးတတ်ကြတယ်၊ ဘယ်သူမှ မကြိုက်ကြဘူးနော်။ ဒါပေမယ့် လူကို ပြောတာထက် အသည်း မှာ ဖက်တီးဖြစ်နေတာက အများကြီး ပိုဆိုးပါတယ်။ Fatty Liver Disease လို့ ခေါ်တဲ့ အသည်းအဆီဖုံးခြင်းက အသက်တိုစေမယ့် အန္တရာယ်တစ်ခု ဖြစ်နေလို့ပါပဲ။

အရက် သောက်တဲ့သူမှ မဟုတ်ပါဘူး။ အရက် မသောက်တဲ့သူတွေလည်း အသည်းအဆီဖုံးနိုင်ပါတယ်၊ အသည်းရောဂါ ဖြစ်နိုင်ပါတယ်နော်။
ဒါ့ကြောင့် အရက်မသောက်တတ်တဲ့ အမျိုးသားတွေမှာ အသည်းရောဂါ ဖြစ်တာတွေ့နေရတာပါ။ ဒီလူတွေမှာ ဘာတွေကြောင့် အသည်းအဆီဖုံး ရောဂါဖြစ်စေတာလဲ။ အများအားဖြင့် …
ရှိသင့်တဲ့ ခန္ဓာကိုယ် အလေးချိန်ထက် ကျော်လွန်နေတဲ့ အဝလွန်ခြင်း ကြောင့် လူကြီးတွေတင်မက ကလေးတွေမှာပါ အသည်းအဆီဖုံးရောဂါ ဖြစ်လာစေနိုင်ပါတယ်။
လူက မဝပေမယ့် အဆီများနေတဲ့ ဗိုက်ပူပူလေးတွေက ပေးတဲ့ ဆိုးကျိုး တစ်ခုပါပဲ။ ဒီအချက်ကြောင့်ပဲ ပုံမှန်ကိုယ်အလေးချိန် ရှိတဲ့သူတွေမှာတောင် အသည်းအဆီဖုံးခြင်း ဖြစ်လာနိုင်တာပါ။
အင်ဆူလင်မတုံ့ပြန်နိုင်ခြင်း နဲ့ အင်ဆူလင်မြင့်မားမှုကြောင့် အမျိုးအစား ၂ ဆီးချိုရောဂါရှိသူတွေမှာ အသည်းအဆီစုခြင်း ဖြစ်နိုင်ခြေ ပိုများစေပါတယ်။
သွေးတွင်းကိုလက်စထရော ပမာဏ များနေတဲ့သူတွေမှာ အသည်းအဆီဖုံးလေ့ ရှိပါတယ်။ ဒါ့ကြောင့် ဆီကြော်တွေ၊ ပြုပြင်စီမံထားတာတွေ၊ အဆီအဆိမ့်တွေ စတဲ့ ကျန်းမာရေးနဲ့မညီတဲ့ အစားအသောက်တွေကို များများစားတတ်တဲ့သူတွေ မှာ ဖြစ်နိုင်ခြေ များပါတယ်။
အချိုများတာ တွေ စားတယ်၊ အချိုရည်တွေ တအားသောက်တယ် ဆိုတဲ့သူတွေမှာ စားသောက်မှုပုံစံကိုပါ ပြောင်းလဲစေပြီး အဝလွန်ခြင်းဘက် တဖြည်းဖြည်း ဦးတည်လာတတ်ပါတယ်။ ကိုယ်အလေးချိန်များလာတာနဲ့ အမျှ၊ အဆီစုလာတာနဲ့အမျှ အသည်း အဆီဖုံး ဖြစ်နိုင်ခြေ တိုးလာပါလိမ့်မယ်။
အသည်းအဆီဖုံးတဲ့ အဆင့်ကနေ အဆီပိုများလာတာနဲ့အမျှ နောက်ဆက်တွဲ ပြဿနာအနေနဲ့ အသည်းရောင်ပြီး အသည်းဆဲလ်တွေ ပျက်စီးစေနိုင်တယ်။ နောက်ပိုင်းမှာ အသည်းဆဲလ်တွေ သေဆုံးပြီး အသည်းအရွတ်ဖြစ်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာတွေအထိ ဖြစ်လာနိုင်ပါတယ်။
ဒီလိုဖြစ်လာရင် အသည်းတင်မကဘဲ နှလုံးရောဂါတွေ၊ ဆီးချိုသွေးချိုရောဂါနဲ့ ကျောက်ကပ်ရောဂါတွေ အပါအဝင် တခြားရောဂါတွေ ဆက်ပြီးဖြစ်လာနိုင်ပါတယ်။
တကယ်တော့ အစောပိုင်းမှာ လက္ခဏာတွေ သိပ်မသိသာတာမို့ သတိမထားမိတာ များပါတယ်။ သွေးစစ်ကြည့်၊ ရောဂါရှာဖွေစစ်ဆေးကြည့်မှသာ အတိအကျ သိနိုင်ပါလိမ့်မယ်။ အများအားဖြင့် ဖြစ်တတ်တဲ့ လက္ခဏာတွေ အဖြစ် –
ပိုပြင်းထန်လာရင်တော့ –
အသီးအရွက်တွေ လောက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရာတွေ မရှိတာကြောင့် အသီးအရွက်တွေ များများစားပါ။ ဆီကြော်မုန့်တွေ အသားကရတဲ့ အဆီတွေ ရှောင်စားပါ။ အဆီများတာတွေ နဲ့ အချိုကဲတာတွေကို ရှောင်ဖို့ အရေးကြီးပါတယ်။
ကိုယ့်အရပ်နဲ့ ချိန်တွက်ရတဲ့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) ကိုအခြေခံပြီး ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားသင့်ပါတယ်။ ကိုယ်က အဝလွန်နေတဲ့သူ ဖြစ်ခဲ့မယ် ဆိုရင် တစ်နေ့စားတဲ့ ကယ်လိုရီတွေ ကို ချိန်စားပါ။ ထိုက်သင့်တဲ့ နည်းလမ်းနဲ့ အဆီချပါ။
တစ်ပတ်ကို ၅ ရက်လောက် လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ဒါမှမဟုတ် လမ်းလျှောက်ပါ၊ အိမ်အလုပ်လို အသေးအဖွဲတွေက စပြီး ကိုယ်လက်လှုပ်ရှားမှု တွေ နိုင်သလောက် လုပ်ပါ။ စားလိုက်တဲ့ ကယ်လိုရီကို ကိုယ်လက်လှုပ်ရှားမှုနဲ့ လောင်ကျွမ်းသွားပါစေ။
Hello ဆရာဝန် ပရိသတ်တို့ရေ…ကိုယ်က အရက် သောက်သောက်၊ မသောက်သောက် အသည်းရောဂါ ဖြစ်နိုင်ပါတယ်နော်။ ဒါ့ကြောင့် အသည်း လေးကို ဖက်တီး မဖြစ်အောင် ဂရုစိုက်ကြပါ၊ စောင့်ရှောက်ကြပါ လို့ သတိပေးလိုက်ပါရစေ။