backup og meta

အသားဝါဖြစ်နေရင် ဒါတွေရှောင်ပါ

မျက်လုံး အဖြူသားတွေ ဝါနေတယ်၊ အသားတွေ ဝါနေတယ်ဆိုရင် သေချာတာကာ အသားဝါရောဂါ ခံစားနေရတာပါ။ ဒီ အခြေအနေကို သက်သာစေဖို့ ဘာတွေစားရမလဲ။ ဘာတွေ ရှောင်ရမလဲ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

အသားဝါဖြစ်နေရင် ဒါတွေရှောင်ပါ

ဘာကြောင့် အသားဝါတာလဲ။

စားလိုက်သမျှ အစားအစာတွေ သောက်လိုက်တဲ့ အရည်တိုင်းကို အသည်းက စစ်ထုတ်လုပ်ဆောင် ပေးပါတယ်။ အသည်းက စားလိုက်တဲ့ အစားအစာ​တွေထဲက အာဟာရတွေကို စုပ်ယူပြီး အင်အားအဖြစ် ပြောင်းလဲပေးဖို့ လုပ်ဆောင်ပေးပါတယ်။ အသည်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ၊ သွေဆဲလ် အဟောင်းတွေ နဲ့ ပျက်စီးနေတဲ့ သွေးဆဲလ်တွေကို ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးတာပါ။ အသည်းက ပုံမှန် လည်ပတ်မှု မရှိတော့ဘဲ ဟန်ချက် ပျက်သွားမယ်ဆိုရင် အသည်းမှာ စွန့်ထုတ်ပစ်ရမယ့် အရာဖြစ်တဲ့ bilirubin တွေ စုပုံသွားပါလိမ့်မယ်။ ဒီ ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲ အနေနဲ့ အသားဝါတာမျိုး ဖြစ်လာပါလိမ့်မယ်။

စားလိုက်သမျှ သောက်လိုက်သမျှ အရာတိုင်းက အသည်းရဲ့ လုပ်ဆောင်မှုတွေ အပေါ် တိုက်ရိုက် သက်ရောက်မှု  ရှိနေပါတယ်။ ကျန်းမာအောင် စားသောက်မယ်ဆိုရင် အသည်းက လုပ်ဆောင်ချက်တွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှာ ဖြစ်သလို  ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံး  ဖယ်ရှားပေးနိုင်မှာပါ။

အသားဝါနေတယ် ဘာတွေ စားလို့ ရမလဲ။

အသားဝါနေတာကို သေချာ ဂရုစိုက်မယ်ဆိုရင် သက်သာပျောက်ကင်း နိုင်ပါတယ်။ ဒါကြောင့် အသားဝါ သက်သာစေဖို့ဆိုရင်

  • တစ်နေ့ကို ရေ ၈ ခွက်သောက်ပါ။ ရေက အသည်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။
  • အုန်းစိမ်းရည် သောက်ပေးပါ။
  • သံပုရာရည် သောက်ပေးပါ။
  • လတ်ဆတ်တဲ့ သစ်သီးတွေ နဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။
  • ကော်ဖီ (သဘာဝ ကော်ဖီမှုန့် စစ်စစ်ကို ဖျော်ထားတဲ့ ကော်ဖီ) နည်းနည်းလောက် သောက်ပေးပါ။
  • အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်တဲ့ (Milk thistle) သောက်ပါ။
  • သဘာဝ အစာခြေအင်ဇိုင်း ပါတဲ့ ပျားရည်၊ နာနတ်သီး၊ သရက်သီး စတာတွေကို စားသုံးပေးပါ။
  • Bilirubin ကို စုပ်ယူပေးနိုင်တဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးတွေ စားပေးပါ။

ဒါတွေကိုတော့ ရှောင်ပေးပါ။

အသားဝါနေချိန်မှာ ဒါတွေကိုတော့ ရှောင်သင့်ပါတယ်။

  • ယ်လ်ကိုဟောကို ချေဖျက်တာက အသည်းကို ပိုထိခိုက်စေနိုင်တာကြောင့် အယ်လ်ကိုဟော ရှောင်ပါ။
  • ပြည့်ဝဆီ (တိရစ္ဆာန် အဆီ) တွေက ချေဖျက်ဖို့ ခက်ခဲတာကြောင့် အသားဝါနေချိန်မှာ ရှောင်ပါ။
  • သန့်စင်ပြုပြင်ထားတဲ့ သကြား နဲ့ ဆိုဒီယမ် တို့ကို ရှောင်ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Diet for Jaundice: What Should I Add or Remove? https://www.healthline.com/health/food-nutrition/diet-for-jaundice Accessed Date 27 July 2020

5 Important Dietary Tips When Diagnosed With Jaundice https://www.practo.com/healthfeed/5-important-dietary-tips-when-diagnosed-with-jaundice-32275/post Accessed Date 27 July 2020

Diet Chart For Jaundice https://www.lybrate.com/topic/jaundice-diet Accessed Date 27 July 2020

ယခုပုံစံ

25/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသည်းအားဖြည့်ဆေးများက အသည်းရောင်အသားဝါ ရောဂါဘီ အတွက် အကျိုးရှိနိုင်သလား။

Obstructive jaundice (ပြွန်ပိတ်အသားဝါရောဂါ)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ