backup og meta

အသည်းကို သန့်စင်ပေးမယ့် Detox water အချို့

အရက်ကို ကြိုက်လို့ပဲ​ သောက်သောက်၊ မိတ်ဖြစ်ဆွေဖြစ်ပဲ သောက်သောက်၊ အလုပ်သဘောအရပဲ သောက်သောက် အသည်းကို ထိခိုက်စေတာကတော့ အမှန်ပါပဲ။ ဒီတော့ ကြာလာတဲ့အခါ အသည်းကို ထိခိုက်လာပြီး အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။ ဒီတော့ အသည်းကို သန့်စင်ပေးနိုင်မယ့် နည်းလမ်းလေးတွေပြောပြချင်ပါတယ်။ ဒါကတော့ လုပ်ရတာလည်း လွယ်ကူတဲ့ အသည်းကို သန့်စင်ပေးမယ့် Detox water လေးတွေပါ။

အသည်းကို သန့်စင်ပေးမယ့် Detox water အချို့

အရက်ကြောင့် အသည်းကို ဘယ်လိုထိခိုက်နိုင်လဲ……

အရက်သောက်တဲ့အခါ အချိန်ကြာလာနဲ့အမျှ

အသည်းကို အယ်လ်ကိုဟော​ကြောင့်ထိခိုက်တာတွေကနေ သက်သာစေဖို့ ဘာလုပ်မလဲ…….

အသည်းကို အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကနေ ကာကွယ်ပေးဖို့ဆိုရင် အသည်းကို သန့်စင်ပေးလို့ရပါတယ်။ ဒီတော့ မေးစရာရှိလာနိုင်တာက ဘယ်လိုသန့်စင်ပေးရမလဲလို့ပေါ့။ နေ့စဉ် စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲတာက အသည်းကို အကောင်းဆုံး သန့်စင်ကာကွယ်တာပါပဲ။ ဒါကြောင့် ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံလေးပြောင်းလို့ အသည်းကို စောင့်ရှောက်စေချင်ပါတယ်။

အသည်း ကျန်းမာစေမယ့် Detox Water တွေကဘာတွေများလဲ…..

အသည်းကျန်းမာစေဖို့ အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့အခါ အလွယ်ကူဆုံးနည်းလမ်းက Detox Water သောက်သုံးတာပါ။

စတော်ဘယ်ရီDetox Water

စတော်ဘယ်ရီ Detox Water

စတော်ဘယ်ရီ Detox Waterလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက အရမ်းမများပါဘူး။ စတော်ဘယ်ရီ နဲ့ ရေသန့်ပဲလိုမှာပါ။

အရင်ဆုံး ရေတစ်လီတာဗူးထဲကို ရေစင်အောင် ဆေးထားတဲ့ စတော်ဘယ်ရီသီး အရွယ်တော် ၅ လုံးကနေ ၇ လုံးလောက်ထည့်စိမ်ပြီး ရေခဲသေတ္တာထဲမှာ ၃ နာရီလောက်စိမ်ထားပေးပါ။ ပြီးရင် သောက်လို့ရပါပြီ။ တစ်နေ့ကို တစ်ဗူးကုန်အောင်သောက်ပေးရုံပါ။

ပန်းသီး၊ သစ်ကြံပိုးခေါက်Detox Water

ပန်းသီး၊ သစ်ကြံပိုးခေါက် Detox Water

ပန်းသီး၊ သစ်ကြံပိုးခေါက် Detox Waterလုပ်ဖို့ဆိုရင် ပန်းသီးအရွယ်တော်တစ်လုံး၊ သစ်​ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ၊ ရေသန့်တစ်လီတာလောက် လိုအပ်ပါတယ်။

အရင်ဆုံး ရေထဲကို ရေစင်​အောင်ဆေးပြီး စိတ်ထားတဲ့ ပန်းသီးလေးတွေထည့်ပါ။ ပြီးရင် သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း တဝက်စာထည့်ပါ။ သမအောင်မွှေလို့ ရေခဲသေတ္တာထဲမှာ ၃ နာရီကြာစိမ်းထားပါ။ ပြီးရင်တော့ သောက်လို့ရပါပြီ။

သခွားသီး၊ ရှောက်ချိုသီးDetox Water

ပန်းသီး၊ သစ်ကြံပိုးခေါက် Detox Water

သခွားသီး၊ ရှောက်ချိုသီး Detox Waterလုပ်ဖို့ဆိုရင် သခွားသီးအရွယ်တော်တစ်လုံး၊ ရှောက်ချိုသီး အရွယ်တော်တစ်လုံး၊ ပူစီနံအနည်းငယ် နဲ့ ရေသန့်တို့လိုမှာပါ။

သခွားသီး နဲ့ ရှောက်ချိုသီးကို ရေစင်အောင်ဆေးပါ။ ပြီးရင် မထူမပါး အကွင်းလေးတွေလှီးပါ။ ပူစီနံရွက်လေးတွေကို စိတ်လို့ ရေစင်အောင်ဆေးပြီး ရေဗူးထဲမှာ ရေနဲ့အတူ ရောထည့်လိုက်ပါ။ ၃ နာရီလောက် ရေခဲသေတ္တာထဲမှာ စိမ်ထားပြီးရင် သောက်လို့ရပါပြီ။

ခရင်ဘယ်ရီ၊ သံပရာ Detox Water 

ပန်းသီး၊ သစ်ကြံပိုးခေါက် Detox Water

ခရင်ဘယ်ရီ၊ သံပရာ Detox Waterလုပ်ဖို့ဆိုရင် သကြားမပါတဲ့ ခရင်ဘယ်ရီသီးဖျော်ရည်အဆီ ထမင်းစားဇွန်း တစ်ဇွန်းစာ၊ သံပရာသီး တစ်ခြမ်း နဲ့ ရေသန့်တို့ လိုအပ်မှာပါ။

အရင်ဆုံးရေထဲကို ခရင်ဘယ်ရီသီးဖျော်ရည် အဆီထည့်ပါ။ သံပရာသီးကို ညှစ်ပြီး အခွံကိုပါထည့်စိမ်ပါ။ ရေခဲသေတ္တာထဲ ၃ နာရီကြာထည့်စိမ်ထားပြီးရင် သောက်လို့ရပါပြီ။

ဖရဲသီး၊ ပူစီနံ Detox Water

ပန်းသီး၊ သစ်ကြံပိုးခေါက် Detox Water

ဖရဲသီး၊ ပူစီနံ Detox Waterလုပ်ဖို့ ဖရဲသီးတစ်စိတ်၊ ပူစီနံရွက်အနည်းငယ်နဲ့ ရေသန့်တို့လိုအပ်မှာပါ။

အရင်ဆုံး ဖရဲသီးလေးတွေကို အရွယ်တော်လေးတွေ တုံးပါ။ ပူစီနံရွက်တွေကိုခြွေပြီး ရေစင်အောင်ဆေးပါ။ ပြီးရင် ရေဗူးထဲရေပါအကုန်ရောထည့်လို့ ၃ နာရီကြာစိမ်ထားပါ။ ရေခံသေတ္တာထဲ ထည့်ထားပေးဖို့မမေ့ပါနဲ့။ ပြီးရင် သောက်လို့ရပါပြီ။

အရေးကြီးတာက Detox Waterပဲ သောက်ပြီး အစာမစားတာမျိုး မလုပ်ဖို့ပါပဲ။ Detox Waterတွေမှာ ရေနဲ့ အသီးပဲ ပါတာကြောင့် တစ်နေ့တာ အာဟာရလိုအပ်ချက်ကို မဖြည့်ပေးနိုင်ပါဘူး။ ဒါကြောင့် ဘာမှမစားဘဲ ဒါပဲ သောက်နေရင် အာဟာရချို့တဲ့ လာပါလိမ့်မယ်။

နောက်တစ်ချက်က Detox Waterတွေက အသည်းကို သန့်စင်ပေးနိုင်တယ်လို့ တိကျတဲ့ အထောက်အထား မရှိပါဘူး။ အသည်းကိုယ်တိုင်ကလည်း အထူးတလည် detox လုပ်စရာ မလိုတာလည်း ပါပါတယ်။ ဒါကြောင့် Detox Waterကိုပဲ အားမကိုးဘဲ အသည်းကို ထိခိုက်စေတဲ့ အပြုအမူတွေကိုပါ ရှောင်ကြဉ်ဖို့ လိုပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

7 DAY DETOX DRINK RECIPE AS RECOMMENDED BY JILLIAN MICHAELS https://sofabfood.com/jillian-michaels-7-day-detox-drink-recipe/ Accessed Date 17 January 2020

How Do You Flush Out Your Liver? https://www.medicinenet.com/how_do_you_flush_out_your_liver/article.htm  Accessed Date 17 January 2020

 

ယခုပုံစံ

25/08/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဆီကျစေမယ့် Detox Waterတွေ ကိုယ်တိုင်လုပ်မယ်

ကိုယ်အလေးချိန် ကျချင်တဲ့ ပျိုမေတွေအတွက် Detox Water



Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ