brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Autoimmune Hepatatis (မိမိကိုယ်ခံအားကြောင့် အသည်းရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Autoimmune Hepatatis (မိမိကိုယ်ခံအားကြောင့် အသည်းရောင်ခြင်း) ကဘာလဲ။

မိမိခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ဟာ အသည်းဆဲလ်တွေကို တိုက်ခိုက်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးပေမယ့် မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင် အခြေအနေတွေက ဖြစ်ပွားစေတယ်လို့ ယူဆရပါတယ်။

မကုသဘဲ နေသွားရင် အသည်းခြောက်ပြီး အသည်းပျက်စီးခြင်း ဖြစ်နိုင်ပါတယ်။ စောစီးစွာ သိရှိထားပြီး ကိုယ်ခံအားကိုနှိမ့်ပေးတဲ့ဆေးတွေနဲ့ ကုသရင် အသည်းရောင်ခြင်းပြသနာကို ထိန်းချုပ်နိုင်ပါတယ်။

Autoimmune Hepatatis (မိမိကိုယ်ခံအားကြောင့် အသည်းရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

မိသားစုတွင်းမှာ ဖြစ်ပွားနိုင်ပါတယ်။ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်ပါတယ်။ ငယ်ရွယ်တဲ့ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေမှာ ဖြစ်ပွားတတ်ပါတယ်။

ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Autoimmune Hepatatis (မိမိကိုယ်ခံအားကြောင့် အသည်းရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လက္ခဏာတွေဟာ သာမန်လောက်ကနေ ဆိုးရွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ အစောပိုင်းမှာ လက္ခဏာတွေ မပြနိုင်ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ လက္ခဏာတွေ ရုတ်တရက်ပေါ်လာပြီး ပိုဆိုးလာနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဖြည်းဖြည်းချင်း ဆိုးလာနိုင်ပါတယ်။

အောက်ပါလက္ခဏာတွေ တွေ့နိုင်ပါတယ်။

  • အသည်းကြီးခြင်း
  • အရေပြားပေါ်ရှိသွေးကြောများ ပုံမှန်မဟုတ်ခြင်း
  • ဝမ်းဗိုက်ပူလာခြင်း
  • ဆီးမည်းခြင်း
  • ဝမ်းအရောင်ဖျော့ခြင်း

တခြားလက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • အသားနှင့်မျက်လုံးဝါခြင်း
  • သည်းခြေဓါတ်များ စုဝေးလာ၍ ယားယံခြင်း
  • မောပန်းခြင်း
  • အစားပျက်ခြင်း
  • ပျို့အန်ခြင်း
  • အဆစ်အမြစ်နာခြင်း
  • ဝမ်းဗိုက်တွင် မအီမသာဖြစ်ခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေပိုဆိုး မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Autoimmune Hepatatis (မိမိကိုယ်ခံအားကြောင့် အသည်းရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ကိုယ်ခန္ဓါရဲ့ ကိုယ်ခံအားစနစ်ဟာ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား စတဲ့ရောဂါပိုးတွေကို တိုက်ရမယ့်အစား အသည်းဆဲလ်တွေကို တိုက်ခိုက်လို့ ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်တဲ့အခါ အသည်းဆဲလ်တွေ ရောင်ရမ်းပြီး အသည်းကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကို မသိရပေမယ့် ကိုယ်ခံအားစနစ်ကို ထိန်းချုပ်တဲ့ မျိုးရိုးဗီဇနဲ့ ဗိုင်းရပ်စ်တွေ၊ ဆေးဝါးတွေကို ထိတွေ့မှုကြောင့်လို့ ယူဆကြပါတယ်။

ဒယနေ့မြှတော့ ကိုယ်ခံအားကြောင့် အသည်းရောင်ခြင်းကို ၂မျိုး သတ်မှတ်ထားပါတယ်။

  • ကိုယ်ခံအားကြောင့်အသည်းရောင်ခြင်း အမျိုးအစား (၁)။ တွေ့ရအများဆုံး အမျိုးအစား ဖြစ်ပါတယ်။ ဘယ်အသက်အရွယ်မဆို ဖြစ်နိုင်ပါတယ်။ အမျိုးအစား (၁) ဖြစ်သူများရဲ့ တဝက်လောက်ဟာ ကိုယ်ခံအားနဲ့ဆိုင်တဲ့ တခြားရောဂါတွေ ဥပမာ celiac ရောဂါ၊ လေးဘက်နာအဆစ်ရောင်ခြင်း၊ အူအနာဖြစ်ရောင်ရမ်းခြင်း စတာတွေ ရှိနိုင်ပါတယ်။

ကိုယ်ခံအားကြောင့်အသည်းရောင်ခြင်း အမျိုးအစား (၂)။ ကလေးတွေ ငယ်ရွယ်သူတွေမှာ အများဆုံးတွေ့ရပေမယ့် အရွယ်ရောက်သူတွေမှာလည်း တွေ့ရပါတယ်။ တခြား ကိုယ်ခံအားနဲ့ ဆိုင်တဲ့ပြသနာတွေ ရှိပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Autoimmune Hepatatis (မိမိကိုယ်ခံအားကြောင့် အသည်းရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • မိသားစုရာဇဝင်ရှိခြင်း
  • အမျိုးသမီးဖြစ်ခြင်း
  • ဘက်တီးရီးယား၊ ဗိုင်းရပ်စ် ကူးစက်ဖူးခြင်း
  • ဆေးဝါးအချို့ ဥပမာ minocycline သုံးစွဲနေရခြင်း

ကိုယ်ခံအားနဲ့ဆိုင်တဲ့ တခြားရောဂါတွေဟာလည်း အသည်းကို ဒုက္ခပေးနိုင်ပြီး ကိုယ်ခံအားတိုက်ခိုက်လို့ အသည်းရောင်ခြင်း ဖြစ်နိုင်ပါတယ်။ အောက်ပါရောဂါတွေကြောင့် ဖြစ်ပါတယ်။

  • Grave ရောဂါ
  • သိုင်းရွိုက်ရောင်ခြင်း
  • အူအနာဖြစ်ရောင်ရမ်းခြင်း
  • ဆီးချို အမျိုးအစား (၁)
  • လေးဘက်နာကြောင့် အဆစ်ရောင်ခြင်း
  • အရေပြားမာ၍တွန့်ခေါက်သည့်ရောဂါ
  • အူလမ်းကြောင်းရောင်ရမ်းခြင်း
  • Systemic lupus erythematosus
  • SjĂśgren ရောဂါလက္ခဏာစု

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Autoimmune Hepatatis (မိမိကိုယ်ခံအားကြောင့် အသည်းရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီရောဂါရှိတယ်လို့ သံသယရှိရင် စမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။ အောက်ပါ စမ်းသပ်မှုတွေ ပါဝင်ပါတယ်။

  • သွေးစစ်ခြင်း။ ခုခံပစ္စည်းတွေပါဝင်တဲ့ သွေးနမူနာယူပြီး စစ်ဆေးရင် ကိုယ်ခံအားကြောင့် အသည်းရောင်ခြင်းလား၊ ဆင်တူတဲ့ တခြားလက္ခဏာတွေလားဆိုတာ ခွဲနိုင်ပါတယ်။ ရောဂါအမျိုးအစားကိုလည်း သိနိုင်ပါတယ်။
  • အသည်းမှ အသားစယူစစ်ဆေးခြင်း။ အသားစယူ စစ်ဆေးခြင်းဟာ ရောဂါကို အတည်ပြုနိုင်ပြီး အသည်းပျက်စီးမှု အခြေအနေကို သိနိုင်စေပါတယ်။ သေးငယ်တဲ့ အပ်နဲ့ အရေပြားကတဆင့် အသည်းထဲ ထိုးသွင်းပြီး အသားစယူပြီး ဓါတ်ခွဲခန်းကိုပို့ကာ စစ်ဆေးပါလိမ့်မယ်။ အသားစယူတဲ့အခါ နေရာသိရအောင် အာထရာဆောင်းကို အသုံးပြုပါလိမ့်မယ်။

Autoimmune Hepatatis (မိမိကိုယ်ခံအားကြောင့် အသည်းရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုဟာ အသည်းပျက်စီးမှုကို နှေးကွေး၊ ရပ်တန့်ပြီး တခါတရံမှာ ပြန်ကောင်းနိုင်ပါတယ်။

  • ဆေးဝါးကုသခြင်း။ ကိုယ်ခံအားကို နှိမ့်ပေးတဲ့ ဆေးတွေဟာ ကိုယ်ခံအားစနစ်က တိုက်ခိုက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ 6-mercaptopurine နဲ့ azathioprine စတဲ့ဆေးတွေ ပါဝင်ပါတယ်။ ဒါပေမယ့် အဲ့ဒီဆေးတွေဟာ ကိုယ်ခန္ဓါရဲ့ တခြားရောဂါပိုးတွေကို တိုက်ခိုက်နိုင်စွမ်းလည်း ကျဆင်းစေပါတယ်။
  • ခွဲစိတ်ခြင်း။ အသည်းအစားထိုး ကုသနိုင်ပါတယ်။ ဒါပေမယ့် အသည်းအစားထိုးပြီးရင်တောင် ရောဂါပြန်ဖြစ်နိုင်ပါတယ်။ အသည်းအစားထိုးပြီး တနှစ်ရှင်နိုင်ခြေ ၉၀%ရှိပြီး ၅နှစ်ရှင်နိုင်ခြေ ၇၀-၈၀%ရှိတယ်လို့ သိရပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက မိမိကိုယ်ခံအားကြောင့် အသည်းရောင်ခြင်းအတွက် အထောက်အကူ ပြုသလဲ

မကာကွယ်နိုင်ပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကို သိထားခြင်းဟာ ရောဂါကို စောစီးစွာ ကုသနိုင်စေပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. Thant Zin
Dr. Thant Zin
Written byDr. Thant Zinအထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy
25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။