brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသည်းရောင်ရောဂါ(ဘီ)ပိုးသယ်ဆောင်သူကမွေးကင်းစကလေးကိုရောဂါပိုးမကူးအောင် ဘယ်လိုကာကွယ်မလဲ။

အသည်းရောင်ရောဂါ(ဘီ)သည် ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပွားနေပြီး မိခင်မှကလေးသို့ ကူးစက်ခြင်းသည် အများဆုံးဖြစ်ပါသည်။ အကယ်၍ သင်သည်ကိုယ်ဝန်ရှိပြီး အသည်းရောင်ရောဂါဘီရှိနေလျှင် မမွေးရသေးသော ကလေးအတွက်ေ ရာဂါမှကာကွယ်ရန် ပြောပြပါမည်။

အသည်းရောင်ရောဂါ(ဘီ)ပိုးသယ်ဆောင်သူကမွေးကင်းစကလေးကိုရောဂါပိုးမကူးအောင် ဘယ်လိုကာကွယ်မလဲ။

အသည်းရောင်ရောဂါဘီဆိုသည်မှာဘာလဲ

အသည်းရောင်ရောဂါဘီပိုးကြောင့် အသည်းရောင်ခြင်းဖြစ်သည်။ ၎င်းပိုးသည် သင့်သွေးနှင့် ခန္ဓါကိုယ်အရည်များတွင် ရှိနေသော်လည်း အသည်းကို အထိခိုက်ဆုံးဖြစ်သည်။ ရောဂါကူးစက်သည်ဆိုခြင်းမှာ ဘီပိုးသည် သင်၏ခန္ဓါကိုယ်ထဲတွင် သင်၏ကျန်သက်တမ်းတစ်လျောက် နေထိုင်နိုင်၍ဖြစ်သည်။

အချို့လူများတွင် ရောဂါရှိသော်လည်း ရောဂါလက္ခဏာမပြသပေ။ တုပ်တွေးကဲ့သို့ လက္ခဏာပြသခြင်း၊ မျက်လုံးနှင့်အရေပြားများဝါလာခြင်းတို့ဖြစ်နိုင်သည်။ ရောဂါရှိမရှိသိနိုင်သော တစ်ခုတည်းသောနည်းမှာ သွေးစစ်ခြင်းဖြစ်သည်။

ကလေးများတွင်အသည်းရောင်ရောဂါဘီဘာလို့ဆိုးဝါးသလဲ

အသည်းရောင်ရောဂါဘီသည် သင်၏ကိုယ်ဝန်အပေါ် အကျိုးသက်ရောက်မှုမရှိပါ။ သို့သော် ကလေးမွေးနေစဉ် သင့်ကလေးသည် ရောဂါပိုးကူးစက်နိုင်သည်။ ရိုးရိုးမွေး (သို့) ဗိုက်ခွဲမွေးသည့်အခါဖြစ်နိုင်သည်။

သင့်ကလေးရောဂါကူးစက်ခံရလျှင် အလွန်အန္တရာယ်ရှိသည်။ သင်၏ကလေးနာတာရှည်ရောဂါရရန် ၉၀ရာခိုင်နှုန်းဖြစ်နိုင်သည်။ လူကြီးများတွင် နာတာရှည်အသည်းရောင်ရောဂါရှိသည့် ၄ယောက်တွင်တစ်ယောက်က ဆိုးရွားသော ကျန်းမာရေးရှိနိုင်သည်။ အကယ်၍ သင့်ကလေးကို ဘီပိုးမှကာကွယ်မထားလျှင် အသည်းပျက်စီးခြင်း၊ အသည်းကင်ဆာတို့ကို အသက်ကြီးလာသည်နှင့်အမျှတွေ့ကြုံနိုင်ပါသည်။ ကလေးမှတစ်ဆင့် မိသားစုဝင်များနှင့် အနီးနားမှလူများအား ရောဂါကူးစက်စေနိုင်သည်။

မွေးကင်းစကလေးကိုဘယ်လိုကာကွယ်မလဲ

ကိုယ်ဝန်ဆောင်စဉ် မိမိကျန်းမာရေးကို စစ်ဆေးပါ။ အသည်းရောင်ရောဂါဘီပိုးရှိလျှင် အသည်းအထူးကူ (သို့) ဆရာဝန်နှင့် ကျန်မာရေးစစ်ဆေးမှု ပြုလုပ်သင့်သည်။ ဤစစ်ဆေးမှုများသည် သင့်အသည်းအခြေအနေနှင့် ခန္ဓါကိုယ်ထဲရှိ ဗိုင်းရပ်စ်ပိုးပမာဏကို စစ်ဆေးသွားမည်ဖြစ်သည်။ ထို့ကြောင့် မိမိအခြေအနေကို သိရှိပြီး ရောဂါပိုးအတွက်ဆေးများကို ကိုယ်ဝန်နောက်ပိုင်းတွင် လိုအပ်လျှင် သောက်သုံးနိုင်သည်။ ဤဆေးများက ပိုးအရေအတွက်နှင့် မွေးနေစဉ် ကလေးဆီ ကူးစက်နှ်ုန်းကိုလျော့စေသည်။

ကလေးကိုကာကွယ်ဆေးထိုးပေးပါ

ရောဂါကာကွယ်ရန် မွေးကင်းစကလေးကို ချက်ချင်းအသည်းရောင်ဘီပိုးကာကွယ်ဆေးနှင့်Hepatitis B Immune Globulin(HIBG)တစ်လုံးကို မွေးခန်းထဲတွင် ထိုးရမည်။ အကယ်၍ သင့်ကလေးသည် မွေးပြီး ၁၂နာရီထက် နောက်မကျဘဲ ဤဆေး၂မျိုးလုံးကို မှန်ကန်စွာထိုးပေးပါက အသည်းရောင်ရောဂါဘီမှ ရာသက်ပန်ကာကွယ်ရန် ၉၀ရာခိုင်နှုန်းနှင့်အထက် ရှိပါသည်။

အကယ်၍ HIBGကို ပထမအကြိမ်မထိုးမိလျှင် အသက်၁လအရွယ်တွင် ထပ်ထိုးရမည်။ တတိယအကြိမ် ထိုးဆေးကို ၆လအရွယ်တွင် ထိုးပေးရမည်။ ကလေးများကျောင်းမတက်ခင် ၃ နှစ် ၄ လ လောက်တွင် နောက်တစ်ကြိမ်ထပ်ထိုးရမည်။

ကလေးအတွက်အစာမဝါးပေးရပါ

မိခင်မှကလေးအတွက် အစာဝါးကျွေးသည်မှာ ပုံမှန်ဖြစ်သည်။ သို့သော် ရောဂါရှိသည့်သွေးအနည်းငယ် ပါးစပ်ထဲတွင်ရှိနိုင်သည်။ သင်ကကလေးအတွက် အစာဝါးပေးပါက ရောဂါကူးနိုင်ချေရှိသည်။ ထို့ကြောင့် အစာကျွေးသည့်အခါ ဝါးမကျွေးရပါ။

သင်သည် အသည်းရောင်ရောဂါဘီရှိ၍ သင့်ဘဝထဲသို့ ကလေးငယ်တစ်ဦးရောက်လာခဲ့မည်ဆိုလျှင် မိမိ၏ရောဂါအခြေအနေကို နားလည်၍ ကလေးဆီ မကူးစက်မည့်နည်းလမ်းများကို သိထားရမည်။ မေးစရာမေးခွန်များရှိပါက ဆရာဝန်နှင့်လာရောက်တွေ့ဆုံနိုင်ပါသည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Kaung Thar · 07/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။